တာလုဇ

တာလုဇ (အင်္ဂလိပ်: palatal) ဆိုသည်မှာ ပါဠိဝေါဟာရဖြစ်၍ အာစောက် (သို့) အာခေါင်[1] ဟု အဓိပ္ပာယ်ရရှိသည်။ တာလုဌာန် (အာစောက်အရပ်၊ နေရာ) ၌ဖြစ်သော ပါဠိအက္ခရာ (၉) လုံး ရှိသည်။

ပါဠိ တာလုဇ အက္ခရာ ၉ လုံး

အာစောက်ခေါ် အာခေါင်အရပ်မှ မြည်၍ထွက်လာသော အက္ခရာမျိုး ၉ လုံးမှာ "ဣ ဤ စ ဆ ဇ ဈ ည ယ ဧ" တို့ ဖြစ်ကြသည်။[မှတ်စု 1][3]

မှတ်စု

  1. ဤ၌ပါဝင်သော စ၊ ဆ၊ ဇ၊ ဈ တို့ကို တာလုဇဗျည်း (သို့) အာစောက်ဗျည်းဟု ဆိုရာတွင် ပါဠိစကားလုံးများကိုသာ ဆိုလိုသည်။ ခေတ်သစ် မြန်မာဘာသာစကား၌ ထိုဗျည်းများဖြစ်သည့် စ၊ ဆ၊ ဇ၊ ဈ တို့သည် သွားရင်းဗျည်း (alveolar) များဖြစ်ကြသည်။ မြန်မာအသံထွက်နှင့်မတူပေ။[2]

ကိုးကား

  1. Burmese Orthography, Myanmar Language Commission, 1993.
  2. Armstrong၊ L. E.; Pe Maung Tin (1925)။ A Burmese Phonetic Reader: With English translation။ The London Phonetic Readers။ London: University of London Press။ p. 11။
  3. သုတေသန သရုပ်ပြ အဘိဓာန်
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.