တိတ္ထိ

ဆရာတော် ဦးဇနကာဘိဝံသ၏ အလိုအရ တိတ္ထိယ = အယူဝါဒကို စထွင်၍ ပြုတတ်သော ပုဂ္ဂိုလ် (ထိုမှ ယကို ဖြုတ်၍) တိတ္ထိဟု ခေါ်ကြသည်ဟု သိရသည်။ ထို့ကြောင့် တိတ္ထိသည် အယူဝါဒ သီးခြားထူထောင်သော ဆရာ (သို့) အယူဝါဒသစ်ကို စတင် တီထွင်သူဟု အဓိပ္ပါယ်ထွက်သည်။ သို့သော် ကျမ်းဂန်တို့၌ တိတ္ထိ နှင့် ပတ်သက်၍ မြန်မာလိုပြဆိုရာတွင် သာသနာတော်မှ တပါးသော အယူဝါဒ ရှိသောသူများ အဖြစ် ပါလေ့ရှိသဖြင့် အဓိပ္ပါယ်မှာ ပို၍ လေးနက်လာသည်။ ဗုဒ္ဓဘာသာဝင်တို့ကလည်း တိတ္ထိ ဟုဆိုလှျင် ဗုဒ္ဓဝါဒနှင့် အယူအဆခြင်း မတူ တမူခြားပြီး ရှိနေသူဟူ၍ နားလည်ထားကြပေသည်။ [1]

တိတ္ထိအဓိပ္ပါယ်ကို ပါဠိအဘိဓာန်ချုပ်၌-

  1. အယူဝါဒ၊ ဘာသာ
  2. အကြောင်း
  3. ရေဆိပ်
  4. တင်သောရေ ဟု ပြဆိုပြီး တိတ္ထိကရကို အယူဝါဒအသီးသီး ထူထောင်သော ဆရာ၊ ဂိုဏ်းဆရာဟု အနက်ဖွင့်သည့် အပြင် တိတ္ထီလည်း ရှိ၏ဟု ထပ်မံဖေါ်ပြထားသည်။

ကိုးကား

  1. ဦးစံမြင့်အောင်(ဘီအေ)၏ ဗုဒ္ဓခေတ် တိတ္ထိကြီးများ
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.