တိဗက်-ဗမာနွယ် ဘာသာစကားများ

တိဗက်-ဗမာ ဘာသာစကားအုပ်စုမှာ တရုတ်စကား မဟုတ်သော တရုတ်-တိဗက် မိသားစုဝင် ဘာသာစကား အုပ်စု ဖြစ်ပြီး အမျိုးကွဲပေါင်း ၄၀၀ ကျော်ကို အရှေ့တောင် အာရှ ကုန်းမြေမြင့်များ နှင့် မြန်မာနိုင်ငံရှိ မြေပြန့်ဒေသများတွင် ပြောဆိုကြသည်။ ဘာသာစကား၏ အမည်မှာ အဓိက စကားပြောသူများ ဖြစ်သည့် ၃၅ သန်းကျော်သော မြန်မာဘာသာစကား ပြောသူ နှင့် ၈ သန်းကျော်သော တိဘက်စကား ပြောသူများကို အစွဲပြု၍ မှည့်ခေါ်ထားသည်။ ထိုတိဘက်-ဗမာအနွယ်ဝင် ယီဘာသာစကားပြောသူအရေအတွက် ၁၀သန်းခန့် ရှိပါသည်။ တရုတ်ပြည်တောင်ပိုင်းတွင် နေထိုင်ကြပါသည်။ အခြားဘာသာစကားများမှာ လူနည်းစု အဖွဲ့အစည်းများမှ အသုံးပြုကြသည်။

တိဘက်- ဗမာစကား ဘာသာစကားအုပ်စုတွင် ပြောဆိုသူအရေအတွက်သည် ၆၁သန်းနီးပါးရှိ၍ ဗမာဘာသာသည် ထိုအရေအတွက်၏ ၅၀%ကျော်ရှိပါသည်။

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.