တိုက်စိုး

ဆရာ တိုက်စိုး
မွေးသက္ကရာဇ် ၁၉၂၀ ခု၊ စက်တင်ဘာလ ၂၀ ရက်
အမည်ရင်း သန်းထွတ်
မိဘအမည် ဦးဖိုးဝ၊ ဒေါ်ငွေနု
မွေးရာဇာတိ ဧရာဝတီတိုင်း၊ ဖျာပုံမြို့၊ သမိန်ထော
နို်င်ငံ မြန်မာ
ကလောင်ခွဲ သန်းထွတ်(၁၁ ဆင့်/ဃ)
အလုပ်အကိုင် စာရေးဆရာ
ထင်ရှားကျော်ကြားမှု မြန်မာစာပေ

တိုက်စိုး(၁၉၂၀-၂၀၀၃)

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်၊ သမိန်ထောကျေးရွာ၌ အဖ မြေပိုင်ရှင်ဦးဖိုးဝ၊ အမိဒေါ်ငွေနုတို့က ၁၉၂ဝပြည့်နှစ်၊ စက်တင်ဘာလ ၂၀ ရက်၊ တနင်္လာနေ့တွင် မွေးဖွားခဲ့သည်။

မွေးချင်း ၄ ယောက်တွင် အကြီးဆုံးဖြစ်သည်။ ငယ်မည် ကိုကိုကြီး ကျောင်းနေအမည် မောင်သန်း၊ အမည်ရင်း ဦးသန်းထွတ် ဖြစ်သည်။

၁၉၂၆-၃၆ - သမိန်ထောရွာ၊ မြန်မာအလယ်တန်းကျောင်း၊ ဖျာပုံအစိုးရအထက်တန်းကျောင်းများတွင် ၉တန်း အထိ ပညာသင်ကြားခဲ့သည်။

၁၉၃၇-၃၈ - အထက်တန်းကျောင်းသားဘဝတွင်ရန်ကုန်မြို့မြို့မ အထက်တန်းကျောင်းမှ ထုတ်ဝေသော 'ဝံသယုဝ' မဂ္ဂဇင်းတွင် စာစတင် ရေးသားသည်။ ပထမဆုံးဖော်ပြခြင်းခံရသောစာမူမှာ 'ချစ်ဆွေများသို့'စာမူဖြစ်ပြီး ကလောင်အမည်သန်း ထွတ်(၁၁ ဆင့်/ဃ) ဖြင့် ရေးသားသည်။

၁၉၃၈ -ရန်ကုန်မြို့မြို့မ အထက်တန်းကျောင်းမှ ၁၀ တန်း အောင်မြင်သည်။

၁၉၄၆ - ရန်ကုန်တက္ကသိုလ်မှ ဘီအေ(ဝိဇ္ဇာ)ဘွဲ့ ရရှိသည်။ ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာန၌ နည်းပြဆရာအ ဖြစ် တာဝန်ထမ်းသည်။

၁၉၄၇ - နည်းပြဆရာအဖြစ်တာဝန်ထမ်းနေစဉ် အင်္ဂလန်နိုင်ငံ လဗ္ဗရာစက်မှုကောလိပ်(Loughbrough College) သို့ ပညာတော်သင်အဖြစ် ရွေးချယ်ခံရ။ ၄၉ ထိ စာကြည့်တိုက် ပညာသင်။

၁၉၄၉ - ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာနဆိုင်ရာ စာကြည့်တိုက်မှူးအဖြစ် တာဝန်ထမ်းဆောင်။

၁၉၅၀ - ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်လက်ထောက်အဖြစ် တာဝန်ထမ်းဆောင်သည်။

၁၉၅၁ - အင်္ဂလန်နိုင်ငံ စာကြည့်တိုက်အသင်းမှ A.L.Aအဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုခြင်းခံရသည်။ ရန်ကုန် တက္ကသိုလ် လက်ထောက်စာကြည့်တိုက်မှူးအဖြစ် ဆက်လက်တာဝန်ယူထမ်းဆောင်။

၁၉၅၂ - ရာမာခရစ်ရှနာမစ်ရှင်အဖွဲ့ စာကြည့်တိုက် ကော်မတီဝင်အဖြစ် တာဝန်ယူသည်။

၁၉၅၃ - မြန်မာနိုင်ငံ သုတေသနအသင်း အမှုဆောင်အဖြစ်ဆောင်ရွက်။

၁၉၅၅ - အမျိုးသားစာကြည့်တိုက် အထူးအရာရှိအဖြစ် ပြောင်းရွှေ့တာဝန်ယူ။ နော်ဝေ၊ ဒိန်းမတ်၊ အိန္ဒိယ၌လေ့ လာ။ ၁၉၅၆ ။ ဥပဒေဝိဇ္ဇာဘွဲ့ရ၊ ဥရောပ၌ စာကြည့်တိုက်ပညာ ဆက်လက်လေ့လာသည်။

၁၉၆၀ - ယဉ်ကျေးမှုဝန်ကြီးဌာန ညွှန်ကြားရေးဝန်အဖြစ် တာဝန်ယူ။ ငွေတာရီ မဂ္ဂဇင်းအမှတ်(၁) (၁၉၆၀-ဇူလိုင်)မှစ၍ 'တိုက်စိုး' ကလောင်အမည်ဖြင့် ဝေဖန်ရေးဆောင်းပါးများ စတင်ရေးသားသည်။

၁၉၆၁ - စာပေဗိမာန်ဆု စိစစ်ရွေးချယ်ရေး အဖွဲ့ဝင်ဖြစ်။

၁၉၆၃ - အနုပညာစာပေဆိုင်ရာဆု စိစစ်ရွေးချယ်ရေး အဖွဲ့ဝင်ဖြစ်။

၁၉၆၅ - ရန်ကုန်စက်မှုလက်မှုကျောင်း (ယခုစက်မှုနှင့် သက်မွေးပညာဦးစီးဌာန)မှ ဆရာမဒေါ်မြင့်မြင့်သန်း (တက္ကသိုလ်မြစိမ်း)နှင့် လက်ထပ်သည်။ မင်းယုဝေနှင့်တွဲဖက်၍ မြန်မာစာမိတ်ဖွဲ့(ပ)တွဲ ပထမဆုံးလုံးချင်းစာအုပ်ကို ထုတ်ဝေ။

၁၉၆၆ - မြန်မာစာမိတ်အဖွဲ့(ဒု)တွဲကို မင်းယုဝေနှင့် တွဲဖက်ရေးသားထုတ်ဝေ။

၁၉၆၇ - အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးအဖွဲ့ဝင်အဖြစ်။ စာဆိုနှင့်သုတေသီကိုမင်းယုဝေနှင့် တွဲဖက်ထုတ် ဝေ။

၁၉၇၀ - မင်းနှင့် စာဆို စာအုပ်ထုတ်ဝေ။

၁၉၇၁ - ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်ပညာဌာန (ယခု စာကြည့်တိုက်နှင့် သုတပညာဌာန) စတင်ဖွင့်လှစ် သောအခါ ရည်ညွှန်းဘာသာရပ်ကို အချိန်ပိုင်းကထိကအဖြစ် (၁၉၈၈) အထိပို့ချ။

၁၉၇၂ - အမျိုးသားပညာဝန် ဦးဖိုးကျား စာအုပ်ထုတ်ဝေ။ မင်းတုန်းမင်း စာအုပ်ထုတ်ဝေ။ ယဉ်ကျေးမှုဝန် ကြီးဌာန လက်အောက်ရှိ ယဉ်ကျေးမှုဗိမာန်ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် အဖြစ်ဆောင်ရွက်။

၁၉၇၄ - မော်ပီ ဆရာသိန်း စာအုပ်ထုတ်ဝေ။ စာကိုး စကားကိုး စာအုပ်ထုတ်ဝေ။

၁၉၇၅ - တိုက်စိုးစာတိုနန့်နန့် ကို ထုတ်ဝေ။

၁၉၇၆ - ဗုဒ္ဓဘာသာအနုပညာနိဒါန်း ကိုထုတ်ဝေ။

၁၉၇၇ - မြန်မာနိုင်ငံ သုတေသန အသင်းဥက္ကဋ္ဌဖြစ်။

၁၉၇၈ - ဂျူဗလီဟောမြင်ကွင်း'ကို ထုတ်ဝေ။

၁၉၈၁ - ဧရာဝတီ ကိုထုတ်ဝေ။

၁၉၈၂ - ယဉ်ကျေးမှု့ဗိမာန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အဖြစ်မှ အငြိမ်းစားယူ။ (အငြိမ်းစားမယူမီအထိ အင်္ဂလန်၊ အမေရိကန်၊ ဂျပန်၊ ရုရှား၊ ပြင်သစ်၊ နော်ဝေ၊ အိန္ဒိယ၊ တရုတ် နိုင်ငံများသို့ လေ့လာရေးသွားခဲ့။)

၁၉၈၃ - အငြိမ်းစားယူပြီးနောက်ပိုင်း ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်နှင့်သုတပညာဌာန၊ အချိန်ပိုင်းကထိက - စာပေဗိမာန်အုပ်ချုပ်ရေးအဖွဲ့ဝင်၊ စာပေဗိမာန် နှင့် အမျိုးသားစာပေဆုရွေးချယ်ရေးအဖွဲ့ဝင်၊ ပညာတန်ဆောင်အုပ် ချုပ်ရေးအဖွဲ့ဝင်၊ ရန်ကုန်တက္ကသိုလ်သမိုင်းဌာနပြင်ပစာစစ်၊ မြန်မာ့သမိုင်းအဖွဲ့ဝင် (၁၉၈၅ မှ ကွယ်လွန်ချိန်ထိ) တာဝန်များကို ဆက်လက်ထမ်းဆောင်ခဲ့။ မြန်မာစာပေစာစုစာရင်းကို ဦးသော်ကောင်း၊ ဒေါ်စမ်းစမ်းမေတို့နှင့် တွဲဖက်ထုတ်ဝေ။

၁၉၈၅ - အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီ ဥက္ကဋ္ဌဖြစ်။ ပညာရေးဝန်ကြီးဌာန မြန်မာစာအဖွဲ့အချိန် ပြည့် အဖွဲ့ဝင်။

၁၉၈၆ - ပညာတန်ဆောင်အုပ်ချုပ်ရေးအဖွဲ့ဝင်ဖြစ်။ ယဉ်ကျေးမှု အထိမ်းအမှတ်များ စာအုပ်ထုတ်ဝေ။

၁၉၈၈ - စာပေလုပ်သားအဖွဲ့တွင် ဒုဥက္ကဋ္ဌဖြစ်။

၁၉၈၉ - မြန်မာ့သမိုင်းဖြစ်ရပ်အမှန်များရေးသားပြုစုရေးအဖွဲ့၊ အဖွဲ့ဝင်ဖြစ်။

၁၉၉၁ - ပညာရေးဝန်ကြီးဌာန၊ မြန်မာ့သမိုင်းအဖွဲ့တွင် အချိန်ပြည့်အဖွဲ့ဝင်။

၁၉၉၃ - ပခုက္ကူ ဦးအုန်းဖေစာပေဆု အဖွဲ့ဝင်ဖြစ်။

၁၉၉၆ - မင်္ဂလာပါ ဆရာမ ဘာသာပြန်ဝတ္ထုထုတ်ဝေ (ယင်းနှစ်အတွက်အမျိုးသားစာပေ (ဘာသာပြန်ရသ)ဆုရရှိ) ၁၉၉၈ ။ ထိုင်းနိုင်ငံ ချူလာလောင်ကောင်တက္ကသိုလ်၌ မြန်မာ့ယုံကြည်မှုနှင့် အထိမ်းအမှတ်များ စာတမ်း (Beliefs and Symbols in Myanma Society) ဖတ်။

၁၉၉၉ - ပခုက္ကူဦးအုန်းဖေ တစ်သက်တာစာပေဆုရရှိ။

၂၀၀၀ - ပြည့်နှစ် အမျိုးသားစာပေဆု (စာပဒေသာဆု)ကို ဇေယျ အတ္ထုပ္ပတ္တိစာအုပ်ဖြင့် ထပ်မံရရှိ။

၂၀၀၃ - ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရမှ ချီးမြင့်သည့် ဝိဇ္ဇာပညာထူးချွန်ဆု (ပထမဆင့်)ရရှိ။ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ ဂုဏ်ပြုတံဆိပ်တို့ကိုရရှိ။

ထင်ရှားသည့်စာအုပ်များ

(၁) မြန်မာစာမိတ်ဖွဲ့ (မင်းယုဝေ နှင့်တွဲဖက်) (၂) စာဆိုနှင့် သုတေသီ (မင်းယုဝေ နှင့် တွဲဖက်) (၃) မင်းနှင့်စာဆို (မင်းယုဝေနှင့်တွဲဖက်) (၄) အမျိုးသား ပညာဝန်ဦးဖိုးကျား (၅) မင်းတုန်းမင်း (၆) မော်ပီဆရာသိန်း (၇)စာကိုးစကား ကိုး (၈)တိုက်စိုးစာတိုနန့်နန့် (၉) ဗုဒ္ဓဘာသာ အနုပညာနိဒါန်း (၁၀) ဂျူဘလီဟောမြင်ကွင်း (၁၁) ဧရာဝတီ (၁၂)ယဉ်ကျေးမှု အထိမ်းအမှတ်များ (၁၃) မင်္ဂလာပါ ဆရာမ (ဘာသာပြန်) (၁၄) ဇေယျ (၁၅) ဂန္ထဝင်စာဆို(၄)ဦး (၁၆) စာရေးစားပွဲပေါ်မှ ပုံရိပ်များ (၁၇) ပညာသိုက် (၁၈) မင်္ဂလာနှင့်အစမ်းစာများ (၁၉) လိပ်ပြာအစမ်းစာများ (၂၀)Sele -cted Writing of U Than Htut(Taik Soe)

စာပေရေးသားပြုစုခြင်း

မြန်မာ၊ အမျိုးသားစာရေးဆရာ၊ ဘာသာပြန်စာအုပ်များလည်းရေးသားသည်။ Good morning miss Dove (1955) ကို (မင်္ဂလာပါဆရာမ) အမည်ဖြင့် ပြန်ဆိုရေးသားခဲ့သည်။

ဘဝနိဂုံး

၂၀၀၃ ခုနှစ်၊ မေလ ၄ ရက်၊ တနင်္ဂနွေနေ့ ညနေ ၅ နာရီအချိန်တွင် တောင်ဥက္ကလာပမြို့နယ်နေအိမ်၌ ကွယ်လွန် ခဲ့။ ကွယ်လွန်ချိန်အထိ လုံးချင်းစာအုပ်ပေါင်း ၁၈ အုပ်ရေးသားထုတ်ဝေခဲ့ပြီး ယနေ့အထိ လုံးချင်းစာအုပ်ပေါင်း ၂၃အုပ် ရေးသားထုတ်ဝေပြီးဖြစ်သည်။

ကိုးကား

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.