တိုက်ယူရသည့် မျက်ရည်တပေါက် (စာအုပ်)

မြန်မာ့တပ်မတော် မှ ဒု-ဗိုလ်မှူးကြီး မောင်မောင် အပါအဝင် အရာရှိ ခြောက်ယောက် ကို ဖမ်းဆီးထားရာမှ လွတ်မြောက်အောင် စတင်ကြံဆောင် သည်မှ သွားရောက် ကယ်ဆယ်ခဲ့ပြီးသည် အထိ ဖြစ်ရပ်များကို ရေးသားထားသော စာအုပ်ဖြစ်သည်။ ထိုသို့ မကယ်တင်နိုင်မီ ပထမဆုံး သွားရောက် ကယ်တင်ခဲ့ပြီး မအောင်မြင်ဘဲ ကျဆုံးခဲ့သော စောဘရီစောမြင့် တို့ အောင်ဆန်း သူရိယ ဘွဲ့ ရရှိခဲ့ခြင်းကို ကြည့်ခြင်းအားဖြင့် မည်မျှခက်ခဲသော အလုပ်ကို မည်သို့ကျော်လွှား ကာ ကယ်တင်နိုင်ခဲ့သနည်း ဆိုသည်ကို ဖတ်ရှုရမည် ဖြစ်သည်။

ဤစာအုပ်ကို ရေးသားသူ စာရေးဆရာ ရန်ကုန်ဘဆွေ သည် အင်္ဂလိပ် အစိုးရ၏ စစ်မှတ်တမ်းများ၌ အင်္ဂလိပ်နှင့် ဖက်ဆစ်ဂျပန်များကို တော်လှန်ရန် ဖွဲ့စည်းခဲ့သည့် ရန်ကုန် မြေအောက်တော်လှန်ရေး ၏ ခေါင်းဆောင် တစ်ဦး ဖြစ်ပါသည်။ ယခုဖော်ပြသော “တိုက်ယူရသည့် မျက်ရည်တပေါက်” ဝတ္ထုသည် ချီလေသော်လည်း ဝတ္ထု၏ အဆက်ဟု စာရေးဆရာ က ဆိုထားပါသည်။ ဤဝတ္ထုအတွင်း၌ ပါရှိသည့် အကြောင်းအရာများသည် ကိုးဆယ် ရာခိုင်နှုန်း နီးပါး ဖြစ်ရပ်မှန်များကို ဖော်ပြထားခြင်း ဖြစ်ပါသည်။ အချို့နေရာများ တွင် စစ်ရုံးချုပ် ၏ ကန့်ကွက်မှု အရ နေရာလွှဲထားပါသည်။ ဒု-ဗိုလ်မှူးကြီး မောင်မောင် အပါအဝင် အရာရှိ ခြောက်ယောက် ကို ဖမ်းဆီးထားရာ နေရာ သည် ပဲခူးတိုင်း တောင်ငူမြို့မှာ ကရင်ပြည်နယ် သံတောင်မြို့ သို့ သွားရာ လမ်းရှိ ကြားနေရာတစ်ခု (ဥပမာ … ဘောဂလိရွာ) ဟု သိရပါသည်။ ယင်း ကယ်ဆယ်ရေး စစ်ဆင်မှုသည် မြန်မာနိုင်ငံ ပြည်တွင်းစစ်သမိုင်း တွင် ရဟတ်ယာဉ် ကို စပြီး အသုံးပြုသော တိုက်ပွဲဟု သိရသည်။[1]

ကိုးကား

  1. တိုက်ယူရသည့် မျက်ရည်တပေါက် အပိုင်း(၁) ၁၅ ၊ ၂၀၁၂ တွင် ပြန်စစ်ပြီး။ဖေဖော်ဝါရီ ၂၀၁၂ တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.