တူ(ထမင်းစားတူ)

ထမင်းစားတူကို အရှေ့တိုင်းသားများ၏ အသုံးအဆောင်အဖြစ် အသိများကြသည်။ ယေဘုယျအားဖြင့် ကမ္ဘာ့အရှေ့ဖျား ဂျပန်နိုင်ငံမှစကာ ကိုးရီးယားကျွန်းဆွယ်၊ တရုတ်နိုင်ငံအရှေ့တောင်အာရှနိုင်ငံများအထိ ကျယ်ပြန့်သော ဒေသတစ်လျှောက် သုံးစွဲကြသည်။ တရုတ်နိုင်ငံမှ စတင်၍ တီထွင်သုံးစွဲသည်ဟု ယုံကြည်ထားကြသည်။ တူကိုများသောအားဖြင့်ဝါး၊ သစ်၊ ဆင်စွယ်စသည်တို့ဖြင့်ပြုလုပ်ကြသည်။ ယခုအခါပလပ်စတစ်ကော်၊ စတီးတို့ဖြင့်ပြုလုပ်ထားသောတူများကိုလည်းတွေ့နိုင်ပြီဖြစ်သည်။

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.