တောက်တဲ့

တောက်တဲ့သည် သစ်ပင်များပေါ်တွင်နေသော သတ္တဝါဖြစ်သည်။ ပုံစံမှာအိမ်မြှောင်နှင့်တူပြီးအရွယ်ပိုကြီးသည်။ အိမ်မြှောင်များကဲ့သို့နံရံများ၊ မျက်နှာကြက်များပေါ်တွင် ကပ်နေနိုင်သည်။ "တောက်တဲ့၊ တောက်တဲ့" ဟုအော်မြည်လေ့ရှိသဖြင့် တောက်တဲ့ဟုခေါ်ခြင်းဖြစ်သည်။ တောက်တဲ့အော်သည့်အကြိမ်ကို မိုးလား၊ လေလားဟု လိုက်အော်ရင်းကလေးများ မိုးဗေဒင်တွက်ကြသည်။ တောက်တဲ့ချေးသည် အဆိပ်ဖြစ်စေသည်။ အထူးသဖြင့်တောက်တဲ့နက်ချေးသည် အဆိပ်ပြင်းသည်ဟုဆိုကြသည်။ အာခေါင်နီတောက်တဲ့ကိုက်ခံရလျှင်သေတတ်သည်ဟုလည်းဆိုကြသည်။ တောက်တဲ့သည် အကြောင်းတစ်စုံတရာကြောင့်လန့်ဖျတ်ပြီး လူပေါ်ကပ်လာပါက ခွာမရဖြစ်သည်။ မိုးခြိမ်းမှပြန်ကွာကျသည်ဟုပြောလေ့ရှိကြသည်။ ယခုအခါတောက်တဲ့သည် ခုခံအားကျဆင်းမှုရောဂါ(AIDS)ကို ကုသနိုင်သည်ဟု တရုတ်နိင်ငံမှ အဝယ်များသောကြောင့် ဈေးကောင်းပြီး ရှားပါးကုန်ပြီဖြစ်သည်။

Gecko
Temporal range: 50 Ma - Recent, putatively as early as 110 Ma[1]
PreЄ
Є
O
S
D
C
P
T
K
Pg
N
Gold dust day gecko (also known as Madagascar day geckos)
မျိုးရိုးခွဲခြားခြင်း
လောက:
မျိုးပေါင်းစု:
Chordata
မျိုးပေါင်း:
Reptilia
မျိုးစဉ်:
Squamata
မျိုးစဉ်သေး:
Scleroglossa
Infraorder:
Gekkota
မျိုးရင်း:
Gekkonidae

Gray, 1825
Subfamilies

Aeluroscalabotinae
Eublepharinae
Gekkoninae
Teratoscincinae
Diplodactylinae

ကိုးကား

  1. Arnold, E.N., & Poinar, G. (2008)။ A 100 million year old gecko with sophisticated adhesive toe pads, preserved in amber from Myanmar (abstract) Zootaxa August 12, 2009 တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.