တောက်၊ ဆရာ(တေးရေးဆရာ)

ဆရာတောက် (၁၈၉၉-၁၉၇၈) သည် မြန်မာ ဂီတပညာရှင်နှင့် တေးရေး ဖြစ်သည်။

ဆရာ​တောက်
မွေးဖွား​​မောင်​တောက်
မြန်မာသက္ကရာဇ် ၁၂၆၁ခုနှစ်၊ ဝါဆိုလပြည့်၊ ခရစ်နှစ် ၁၈၉၉ခုနှစ်
ဆယ်ရွာ၊ မြန်အောင်မြို့နယ်
ကွယ်လွန်ခရစ်နှစ် ၁၉၇၈ခုနှစ် (အသက်၇၉နှစ်)
အလုပ်အကိုင်တေး​ရေးဆရာ၊ဂီတနည်းပြ၊ မြန်မာ့အသံ သီချင်းကြီးစိစစ်ရေးအဖွဲ့ဝင်၊ ဂီတအကြံပေးပုဂ္ဂိုလ်
မိဘ(များ)ဦး​သော့ + ​ဒေါ်​ဖော့

ငယ်ဘဝနှင့် ပညာရေး

၁၈၉၉ ခု၊ ဇွန်လ ၂၁ ရက်တွင် မြန်အောင်မြို့၊ ဆယ်ရွာ၌ ဦးသော့၊ ဒေါ်ဖော့တို့မှ မွေးသည်။ မွေးချင်း (၆) ယောက်အနက် ဒုတိယမြောက် ဖြစ်သည်။ ဇာတ်မင်းသား ကိုတောက် အလွန်နာမည်ကြီးနေ၍ မောင်တောက် ဟု အမည်တွင်သည်။

အနုပညာခရီး

သံဖြူအတတ်၊ ပန်းထိမ်အတတ်တို့ သင်ကြားရာမှ ဦးသန်း၊ ဦးကြင်၊ ပဲခူးမြို့မှ ဆိုင်းဆရာ ဦးချစ်လှတို့ထံတွင် လေ့လာ ဆည်းပူးခဲ့ရပြန်သည်။ ဆိုင်းသင်ရာတွင် ရှေးရိုးအတိုင်း ပတ္တလားကိုပါ တွဲသင်ခဲ့ရသည်။ ထို့နောက် စန္ဒယားဦးသိန်းဖေထံမှ စန္ဒယားသင်ပြီး မြန်မာအဆွေ ရုပ်ရှင်ကုမ္ပဏီမှ ရိုက်ကူးသော တောင်မြိုင်စွန်းက လွမ်းအောင်ဖန် ဇာတ်ကားတွင် စန္ဒယားစတီးရသည်။

ရုပ်ရှင်တေးများအား စန္ဒယားဖြင့် အသံသွင်းခဲ့ပြီး တေးရေးခြင်းကို လှည်းတန်း ဦးလူလေးထံမှ သင်ယူခဲ့သည်။ စစ်ပြီးခေတ်တွင် ကံဘဲ့ဆရာအတတ်သင်ကျောင်း၌ ဂီတနည်းပြအဖြစ်မှ အငြိမ်စားယူပြီးနောက် မြန်မာ့အသံ သီချင်းကြီးစိစစ်ရေးအဖွဲ့ဝင်အဖြစ်နှင့် ဂီတအကြံပေးပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်ခဲ့သည်။

ရေးသားသော သီချင်းများ

  • နိဂြောဓသမင်
  • စိတ်
  • ဥပေါသထ

ဘဝနိဂုံး

၁၉၇၈ ခု အသက် (၇၉) နှစ်အရွယ်တွင် ကွယ်လွန်သည်။ [1]

ရည်ညွှန်းကိုးကား

  1. မြန်မာတူရိယာဂီတပညာကျော်များ (ပန်တျာမြင့်အောင်) စာပေဗိမာန်စာအုပ်တိုက် ၁၆-၇-၆၂
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.