တောင်ငူပညာရေးကောလိပ်

တောင်ငူပညာရေးကောလိပ် (အင်္ဂလိပ်: Taungoo Educational College) သည် မြန်မာနိုင်ငံပဲခူးတိုင်းဒေသကြီးတောင်ငူမြို့တွင် တည်ရှိသည်။ တောင်ငူရိုမန်ကက်သလစ်အသင်းတော်၏ ကွန်ဗင့်အထက်တန်းကျောင်း ဖြစ်ခဲ့ပြီး ပြည်သူပိုင်အဖြစ် သိမ်းလိုက်ပြီးနောက် ဆရာအတတ်သင်ကောလိပ် ဖြစ်လာခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် တောင်ငူပညာရေးကောလိပ်အဖြစ် အမည်ပြောင်းလဲခဲ့သည်။

တောင်ငူပညာရေးကောလိပ်
အမျိုးအစားအများဆိုင်
တည်ထောင်၁၉၉၈ ဒီဇင်ဘာ ၁ (၁-၁၂-1998)
တည်နေရာတောင်ငူမြို့
ပဲခူးတိုင်းဒေသကြီး
ဝဘ်ဆိုဒ်taungooeducationcollege.moe.edu.mm

သမိုင်းကြောင်း

၁၉၆၅ ခုနှစ်တွင် စိန်ဂျိုးဇက်ကွန်ဗင့်ကျောင်းအား တောင်ငူဆရာအတတ်သင်ကျောင်းအဖြစ် စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၆၇ ခုနှစ်တွင် ဆရာအတတ်သင်ကျောင်းအဖြစ်လည်းကောင်း၊ ၁၉၉၃ ခုနှစ်တွင် ဆရာအတတ်သင်သိပ္ပံ အဖြစ်လည်းကောင်း၊ ၁၉၉၈ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ပညာရေးကောလိပ်အဖြစ်လည်းကောင်း တိုးချဲ့ဖွင့်လှစ်ခဲ့သည်။[1] ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် တောင်ငူမြို့နယ်၊ ဆင်ဆိပ်ကျေးရွာအုပ်စု၊ ရှမ်းရွာအနီး သို့ ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့သည်။[2]

သင်တန်းများ

  • DTEd (Diploma in Teacher Education) (စနစ်ဟောင်း - ၂ နှစ်)
  • ပညာရေးသိပ္ပံဘွဲ့ (BSc.Ed) (စနစ်သစ် - ၄ နှစ်)
  • ပညာရေးဝိပ္ပံဘွဲ့ (BA.Ed) (စနစ်သစ် - ၄ နှစ်)
  • PPTT (ဘွဲ့လွန် မူလတန်း ဆရာအတတ်သင်တန်း - ၁နှစ်)

ကိုးကား

  1. တောင်ငူပညာရေးကောလိပ် ဖွင့်ပွဲအခမ်းအနား ကျင်းပ (၂၁ ဇန်နဝါရီ ၂၀၁၇)။ ၂၄ ဇွန် ၂၀၁၉ တွင် ပြန်စစ်ပြီး။
  2. Background History 24 June 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၄ ဇွန် ၂၀၁၉ တွင် ပြန်စစ်ပြီး။


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.