တောင်ဇလပ်နီ

တောင်ဇလပ်နီသည် တောင်ဇလပ်ပင်မျိုးနွယ်များထဲမှ အဖြူနှင့် အနီရှိရာ အနီမျိုးဖြစ်သည်။ ရုက္ခဗေဒအမည်မှာ Rhododendron arboreum ဖြစ်သည်။ တောင်ဇလပ်နီပန်းသည် နီပေါနိုင်ငံ၏ အမျိုးသားပန်းဖြစ်သည်။ ကမ္ဘာပေါ်တွင် တောင်ဇလပ်နီပန်းကို ဘူတန်၊ တရုတ်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာ၊ ပါကစ္စတန်နှင့် ထိုင်းနိုင်ငံတို့တွင် ပေါက်ရောက်သည်။ မြန်မာနိုင်ငံတွင် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် နှင့် ချင်းပြည်နယ်တို့တွင် တွေ့နိုင်သည်။ အပင်သည် အအေးဓာတ်ကိုကြိုက်သည်၊ ထို့ကြောင့် အမြင့်ပေ ၅၀၀၀ ကနေ ၁၀၀၀၀ ကြားတွင်သာ တွေ့နိုင်သည်၊ ရေခဲမတတ်အေးသော တောင်ပေါ် ဒေသမျိုးမှာ အခြားအပင်များမရှင်သန်နိုင် တောင်ဇလပ်နီပင်များသာ ရှင်သန်ကြသည်၊ တောင်ပေါ်တွင် တိုက်ခတ်နေသော လေသည် ပြင်းထန်သည် အေးစက်သည် အပင်အများစု ဒီဒဏ်ကို မခံနိုင် ဒါပေမည့်တောင်ဇလပ်များကတော့ ထိုအခြေအနေမှာပင် ကောင်းစွာ ရှင်သန်နိုင်သည်။

တောင်ဇလပ်နီ
Rhododendron arboreum flower

at Mukurthi National Park

မျိုးရိုးခွဲခြားခြင်း
လောက:
(unranked):
Angiosperms
(unranked):
Eudicots
(unranked):
Asterids
မျိုးစဉ်:
Ericales
မျိုးရင်း:
Ericaceae
မျိုးစု:
Subgenus:
Hymenanthes
မျိုးစိတ်:
R. arboreum[1]
ဒွိနာမ
Rhododendron arboreum
Sm.

တောင်ဇလပ်ပင်တွေက အမြဲစိမ်းသော အပင်မျိုးတွင်ပါသည်၊ အပင်အကြီးကြီးမဟုတ် အရွယ်အတော်အသင့်ရှိသော အပင်ဖြစ်သည်။ ပင်စည်သည် တုပ်ခိုင်ပြီး အခြေပိုင်းမှာ မာကြောထူထဲသည်၊၊ အခေါက်ထူပြီး မီးခိုးရောင်ရှိသည်။ နုသောအကိုင်းများတွင် အမွှေးနုများဖုံးနေသည်၊ ၊ အရွက်များက ထူပြီးမာကြောသည်။ အရွက်မျာသည် အကိုင်၏ ထိပ်နားတွင်သာလျှင် စုလျက်ထွက်ကြသည်၊ အရွက်ပုံစံများမှာ elliptic to ovate ဖြစ်နေပြီးအရွက်အောက်ဖက်မှာ အဖြူရောင် သို့မဟုတ် အညိုရောင် dendroid scales တွေဖုံးထားသည်။ မာကြောပြီး တောင့်တင်းသော သွင်ပြင်က ရေခဲမတတ်အေးသောဒါဏ်ကို ခံနိုင်သည်။ ပန်းခိုင်က ရေဆင်း raceme ဖြစ်ပြီးတိုသည် ၊ အစုလိုက်ထွက် head like ပုံစံနှင့်တူသည်၊ ပန်းခိုင်တခုမှာ ပန်းပွင့်အနဲဆုံး ၂၅ပွင့်လောက်ပါသည်။ ပွင့်ဖတ်တွေက ရွက်နားထပ်ပုံစံဖြစ်ပြီး နီရောင်သန်းပြီး ဂလင်းအမွှေးလေးများ ရှိသည်၊ အထင်ရှားဆုံးက ပွင့်ချပ်အုံပြွန် corolla tube ဖြစ်သည်၊ ကြက် ​​သွေးနီရောင်ဖြစ်သည်။ ပြွန်ကအခြေထက်ထိပ်၀က ကျယ်လို့နေသည် ၊ အတွင်းထဲတွင် အနက်ရောင် အစက်ပြောက်လေးတွေပါသည်။ ဝတ်ဆံဖိုက ၁၀ခုပါပြီး မညီကြပါ၊ ဝတ်ဆံတံလေးတွေက အခြေမှာနဲနဲပြားလို့နေသည်၊ ထူးခြားတာက ဝတ်မှုံအိပ်လေးတွေ၏ထိပ်ဝမှာ အပေါက်လေးတွေပါပြီး အက်ကွဲသော အခါ ထိပ်ပေါက်နေ ထွက်ကာ apical pore dehiscence နှင့်အက်ကွဲကြသည်၊ ၊ အစေ့အိမ်မှာ အခန်း ၁၀ခန်းပါပါပြီး အခန်းတိုင်းမှာ အစေ့လောင်းများစွာပါသည်။ ဝတ်မှုံခံတိုင်မှာ ထင်ရှားပြီး ကွေးလျက်ရှိသည်၊ အသီးကတော့ အက်ကွဲသီး capsule အမျိုးအစားဖြစ်သည်။[2]

ကိုးကား

  1. Source: RBG, Edinburgh
  2. https://www.facebook.com/kothetnaing.kothetnaingoo
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.