တောင်ဝင်ရိုးစွန်း

ကမ္ဘာ‌မြေကြီး၏ ‌တောင်ဘက်အစွန်ဆုံးကျသည့်‌နေရာကို ‌တောင်ဝင်ရိုစွန်းဟု‌ခေါ်သည်။ ‌တောင်ဝင်ရိုးစွန်းသည် အီ‌ကွေတာ မျဉ်း‌ကြောင်း တောင်ဘက်ဒီဂရီ ၉၀ အကွာတွင် တည်ရှိသည်။ ‌တောင်ဝင်ရိုးစွန်း၌ ပထဝီဝင်ရိုးစွန်းနှင့် သံလိုက်ဝင်ရိုးစွန်းဟူ၍ နှစ်‌နေရာရှိသည်။ ထို‌နေရာနှစ်ခုမှာ ထပ်တူမဟုတ်‌ချေ။ သံလိုက် ‌တောင်ဝင်ရိုးစွန်းမှာ အိမ်‌မြှောင်ကရိယာက ‌တောင်ဘက်ကို ပြ သည့်ဘက်တွင် တည်ရှိသည်။ ထို‌နေရာမှာ ဩစတေးလျနိုင်ငံဆစ်ဒနီမြို့အနီးတွင်တည်ရှိသည်။

(၁)ပထဝီဆိုင်ရာ တောင်ဝင်ရိုးစွန်း
(၂) သံလိုက်တောင်ဝင်ရိုးစွန်း (2007)
(၃) ပထဝီနှင့် သံလိုက်ဆိုင်ရာ တောင်ဝင်ရိုးစွန်း
(၄) လူသူမရောက်နိုင်သော တောင်ဝင်ရိုးစွန်း

‌တောင်ဝင်ရိုးစွန်း‌ဒေသမှာ အလွန်‌အေးမြ၍ တဆယ့်နှစ်ရာသီ ကာလပတ်လုံး ‌ရေခဲအတိ ဖုံးလွှမ်း‌နေသည်။ ထို‌ရေခဲကုန်းမြင့် ‌ဒေသသည် ပင်လယ်‌ရေပြင်ထက် ‌ပေ‌ပေါင်း ၁၀,၀၀၀ နီးပါး ခန့်မြင့်သည်။ လူဟူ၍ တစ်‌ယောက်မျှမရှိ‌ချေ။ ‌ရေသတ္တဝါ အချို့သာ ကျက်စားသွားလာ‌ နေထိုင်ကြသည်။ ‌တောင်ဝင်ရိုး စွန်းကို ‌ရှေးဦးစွာ‌ရောက်ရှိသူမှာ အားမန်ဆင်အမည်ရှိ‌သော ‌နော်ဝေ လူမျိုးတစ်ဦးဖြစ်သည်။

‌ရောက်သည့်နှစ်မှာ ၁၉၁၁ ခုနှစ်ဖြစ်သည်။ ထို‌နောက် ခရစ် ၁၉၂၉ ခုနှစ်နှင့် ၁၉၄၆ ခုနှစ်များတွင် အ‌မေရိကန် ‌ရေကြောင်း ဗိုလ်ချုပ်ကြီး ရစ်ချတ်ဗတ်သည် ‌နောက်ပါအဖွဲ့သားများနှင့်အတူ ‌တောင်ဝင်ရိုစွန်းသို့ ‌ရောက်ရှိခဲ့သည်။ ၁၉၄၆ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးဗတ်နှင့်အတူ သွား‌ရောက်ခဲ့‌သောအဖွဲ့မှာ ကြီးကျယ်လှပေသည်။ အဖွဲ့တွင် ‌လေယာဉ်တင်သ‌င်္ဘော တစ်စင်း၊ ‌လေယာဉ် ပျံအစင်း ၂၀၊ ရိုးရိုးသ‌င်္ဘော ၁၃ စင်းနှင့် လူ‌ပေါင်း ၄၀၀၀ ပါ ဝင်‌လေသည်။ [1]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း အတွဲ ၅
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.