တောင်အာရှဒေသ ပူးပေါင်းဆောင်ရွက်ရေးအသင်း
တောင်အာရှဒေသရှိ အိန္ဒိယ၊ ပါကစ္စတန်၊ ဘဂင်္လားဒေရှ့်၊ နီပေါ၊ သီရိလကင်္ာ၊ ဘူတန်နှင့်မော်လဒိုက်နိုင်ငံတို့သည် ၁၉၈၃ ခုနှစ် ဩဂုတ်လ ၂ ရက် နေ့က တောင်အာရှဒေသ ပူးပေါင်း ဆောင်ရွက်ရေးကော်မတီ (အက်စ်အေအာစီ)ကို ဖွဲ့စည်းခဲ့ပြီး နောက် ၁၉၈၄ ခုနှစ် ဇူလိုင်လက မော်လဒိုက်နိုင်ငံ မာလီမြို့၌ လည်းကောင်း၊ ၁၉၈၅ ခုနှစ်မေလက ဘူတန်နိုင်ငံ သင်ဖူးမြို့ လည်းကောင်း၊ ဝန်ကြီးအဆင့် အစည်းအဝေးများကို ကျင်းပ ခဲ့သည်။ (စွယ်စုံနှစ်ချုပ် ၁၉၈၅-စာ၊ ၂ရရ-ရှု)။ ယင်း အဖွဲ့ဝင် ခုနစ်နိုင်ငံမှ နိုင်ငံခြားရေး ဝန်ကြီးများ၏ အကြံပြုချက်အရ ဘဂင်္လားဒေ့ရှ်နိုင်ငံ ဒါကာမြို့တွင် ၁၉၈၅ ခုနှစ် ဒီဇင်ဘာလက နှစ်ရက်ကြာ ကျင်းပသည့် ထိပ်သီးအစည်းအဝေးသို့ နိုင်ငံ အကြီးအကဲများ ဖြစ်သော ဘဂင်္လားဒေရှ့်သမ္မတ ဟိုစိန်မိုဟမ္မက် အာရှတ်၊ ပါကစ္စတန်သမ္မတ ဇီယာအူးလဟက်၊ ဘူတန်ဘုရင် ဂျစ်ဂမီ ဆင်ဂျီဝပ်ချွပ်၊ အိန္ဒိယဝန်ကြီးချုပ်ရာဂျစ်ဂန္ဒီ၊ မော်လ ဒိုက်သမ္မတ မောမောင် အဗ္ဗဒူ ဂယွမ်း၊ နီပေါဘုရင် ဘီရင်ဒရာ ဘီယာဘီဂရမ်ရှားဒေဝနှင့် သီရီလကင်္ာသမ္မတ ဂျူးနီးယယ်စ်ဂျေ ယဝါဒီနီတို့ တက်ရောက်ခဲ့ကြသည်။ ထိုထိပ်သီးအစည်းအဝေး က ဒီဇင်ဘာလ ၈ ရက်နေ့တွင် တောင်အာရှဒေသ ပူးပေါင်း ဆောင်ရွက်ရေးအသင်း (ဆာအတ်)ကို ဖွဲ့စည်းလိုက်သည်။ ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနှင့် စပ်လျဉ်းသည့် အခြေခံမူများကို ဒါကာကြေညာချက် စာတမ်းဖြင့် ထုတ်ပြန် ခဲ့သည်။ လူသားတစ်ရပ်လုံး၏ ငါးပုံတစ်ပုံကို ကိုယ်စားပြုသော တောင်အာရှဒေသရှိ နိုင်ငံများတွင် ဆင်းရဲခြင်း ဖွံ့ဖြိုးမှု နိမ့် ကျခြင်း၊ ကုန်ထုတ်လုပ်မှုနိမ့်ကျခြင်း၊ အလုပ်လက်မဲ့ ထူပြော ခြင်းစသည့် ပြဿနာများ ရှိနေခြင်းကြောင့် ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသည် ယင်းပြဿနာများအတွက် သင့်မြတ်သော အလှည့်အပြောင်းတစ်ရပ် ဖြစ်သည်ဟု ဒါကာ ကြေညာစာတမ်းတွင် ဖော်ပြခဲ့သည်။ ဆာအတ်၏ ရည်မှန်းချက် များနှင့် လုပ်ငန်းဘောင်ကို ပြုစုထားသော ပဋိညာဉ်စာချုပ် တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ ဆာအတ်၏ရည်မှန်း ချက် များကို အောက်ပါအတိုင်း ဖော်ပြထားသည်- 1. တောင်အာရှပြည်သူတို့၏ အကျိုးစီးပွားမြင့်မားလာ စေရန်လူနေမှုအဆင့်အတန်း တိုးတက် မြင့်မားလာစေ ရန်နှင့်လူနေမှု အဆင့်အတန်း တိုးတက်ကောင်းမွန်လာ စေရန်၊ 2. ဒေသအတွင်း စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုတို့ တိုးတက်ဖွံ့ဖြိုးမှုကို အရှိန်မြှင့်တင်ရန်နှင့် တစ်ဦးချင်း ဂုဏ် သိက္ခာရှိရှိ အသက်မွေးမှု အခွင့်အလမ်း အပြည့် အဝပေးရန်။ 3. တောင်အာရှနိုင်ငံများအကြား စုပေါင်းလုပ်ဆောင်မှု 4. ဖြင့် ကိုယ့်အားကိုယ်ကိုး၍ ရပ်တည်နိုင်စွမ်း တိုးတက် ခိုင်မာစေရန်၊ (၄) အပြန်အလှန် ယုံကြည်မှု၊ နားလည်မှု၊ တစ်နိုင်ငံ၏ ပြဿနာများကို တစ်နိုင်ငံက အလေးထားမှုတို့ကို တည်ဆောက်ရန်၊
(၅) စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ နည်းပညာနှင့် သိပ္ပံပညာ ဆိုင်ရာ နယ်ပယ်အသီးသီးတွင် စိတ်တူကိုယ်တူ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ရေး ပိုမိုတိုးတက်လာစေရန်၊
(ရ) အလားတူ ရည်ရွယ်ချက်များ၊ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းဟူသမျှနှင့် ပူးပေါင်းဆောင်ရွက် ရန်တို့ ဖြစ်သည်၊ယင်းပဋိညာဉ်စာချုပ်အရ ဆုံးဖြတ်ချက်တိုင်းသည် ကန့်ကွက်သူမရှိ တညီတညွတ်တည်း သဘောတူညီရန် လိုအပ် ချက် အဖွဲ့ဝင်နိုင်ငံတိုင်း ဗီတိုအာဏာရှိသည်ဟု ဆိုသည်။ စိုက်ပျိုးရေး၊ ကျေးလက်ဖွံ့ဖြိုးရေး၊ ကျန်းမာရေးနှင့် လူဦးရေ ဆိုင်ရာလုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေး စာပို့ကြေးနန်း ဆက်သွယ်ရေး၊ သိပ္ပံနှင့်စက်မှု၊ ဇလဗေဒ၊ အားကစား၊အနုပညာ နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်လည်း ကောင်း၊ မူးယစ် ဆေးဝါးရောင်းဝယ်ဖောက်ကားမှုနှင့် အကြမ်း ဖက်မှုတို့ကို တိုက်ဖျက်နိုင်မည့် နည်းလမ်းများရှာဖွေရန် လည်း ကောင်း၊ နည်းပညာဆိုင်ရာ ကော်မတီများ ဖွဲ့စည်းထားရှိသည်။ နိုင်ငံတကာ စီးပွားရေးပုံစံသစ်နှင့် စပ်လျဉ်း၍ လည်းကောင်း၊ အကောက်ခွန်နှင့်ကုန်သွယ်ရေးဆိုင်ရာ အထွေထွေသဘောတူညီ ချက်(ဂတ်)အဖွဲ့ကြီးမှ တစ်ဆင့် ကမ္ဘာ့ကုန်သွယ်ရေးစနစ် တိုးတက် ကောင်းမွန်အောင် လုပ်ဆောင်ရေးအတွက်လည်း ကောင်း ဆာအတ်အဖွဲ့ဝင် ခုနစ်နိုင်ငံသည် သဘောတူညီကြ သည်။
သို့ရာတွင် အကြမ်းဖက်မှုဟူသော ဝေါဟာရကို အနက် ဖွင့်ရာတွင်မူ သဘောတူညီချက်တစ်စုံတစ်ရာ မ၇ရှိသေးချေ။ တမီခွဲထွက်ရေးသမားများကို အကြမ်းဖက်သမားများအဖြစ် ဖော်ပြရန် သီရိလကင်္ာနိုင်ငံ၏ ကြိုးပမ်း ချက်ကို အိန္ဒိယနိုင်ငံက ကန့်ကွက်သည်။ ၁၉၈၆ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နှင့် ၁ရ ရက်နေ့တို့တွင် တောင်အာရှဒေသ၏ ထိပ်သီးအစည်းအဝေး တစ်ရပ်ထပ်မံ ကျင်းပခဲ့ပြန်သည်။ ယင်းအစည်းအဝေးအပြီး ထုတ်ပြန်သော ကြေညာချက်တွင် အကြမ်းဖက်ဝါဒကို ပြစ်မှု မြောက်သော အပြုအမူအဖြစ်လည်းကောင်း၊ တောင်အာရှဒေသ ပြည်သူတို့၏ နိုင်ငံရေးဘဝနှင့် စီးပွားရေးဘဝတို့ကို ခြိမ်း ခြောက်နေသော လုပ်ရပ်အဖြစ် လည်းကောင်း ရှုတ်ချခဲ့သည်။
ကိုးကား
မြန်မာ့စွယ်စုံကျမ်း အတွဲ ၅