တံခွန်တိုင်

တံခွန်တိုင် ဆိုသည်မှာ ဗုဒ္ဓဘာသာ စေတီပုထိုးများ၊ ဘုန်းကြီးကျောင်းများအနီးတွင် မြင့်မားစွာ စိုက်ထူထားလေ့ရှိသော တိုင်လုံးကြီးများ ဖြစ်ပြီး ပေ ၆၀ မှ ၈၀ ခန့် အမြင့်ရှိသည်။[1][2]

ကျောက်တန်းရေလယ်ဘုရားရှိ တံခွန်တိုင် အောက်ခြေ

၁။ အလံတိုင်၏သဘော ၊ ဗုဒ္ဓဘာသာ အဆောက်အဦးဖြစ်ကြောင်း အထိမ်းအမှတ်တိုင်တစ်ခုအဖြစ်၎င်း

၂။ တိုင်ထိပ်တွင် ရိုးရိုးဟင်္သာရုပ် အထွတ်တင်ထားလျှင် အသောကကျောက်တိုင်ထိပ်များတွင် ခြင်္သေ့ရုပ်တုပါသကဲ့သို့ မြန်မာတို့၏ သင်္ကေတအရုပ်အဖြစ်၎င်း

၃။ တိုင်ထိပ်တွင် ဟင်္သာပန်းကိုက်ရုပ် အထွတ်တင်ထားလျှင် နက္ခတ်သဘောအရ မြန်မာပြည်၏ တိတ်စွဲတာရာကို ကိုယ်စားပြုတပ်ဆင်ထားခြင်းဖြစ်

၎။ ဟင်္သာရွဲကိုက်ရုပ်ဖြစ်လျှင် တေရသနိပါတ်တော်မှ ဇ၀နဟံသဇာတ်တော်ကို မှီငြမ်းပြုပြီး သတ္တ၀ါတို့၏ မမြဲသော သခါင်္ရသဘောတရားကို ရည်ညွှန်ခြင်းဖြစ်

၅။ အကယ်၍ တိုင်ထိပ်တွင် ဟင်း လင်း ကြက် ကျေး ဟူသော ငှက်မြတ်လေးကောင်ရုပ်များပါလာခဲ့လျှင် မင်္ဂလာ၏နိမိတ်သင်္ကေတအဖြစ်၎င်း

၆။ တိုင်ထိပ်တွင် သပိတ်ပိုက်ထားသော ရဟန္တာရုပ်ပါလာခဲ့လျှင် တိတ္ထိများနှင့်တံခိုးပြိုင်ပြီး စန္နကူးသပိတ်ကို ဈာန်ပျံကာရယူခဲ့သော ပိဏ္ဍောလမထေရ်ဇာတ်တော်ကို ကိုယ်စားပြုခြင်းသဘောဖြစ်

၇။ တိုင်ခြေမှာ နတ်မင်းကြီးလေးပါးရုပ်ထည့်ထားလျှင် မြင့်မိုရ်တောင်ကို ကိုယ်စားပြုခြင်းသဘောဖြစ်

၈။ တိုင်ခြေမှာ အာလိန်ငါးဆင့်ကိုယ်စားပြု နဂါး ဂဠုန် ဂုမ္ဘန် ယက္ခ ဂန္ဒဗ္ဗ ရုပ်များပါလာခဲ့လျှင် စင်္ကြာဝဠာကိုယ်စားပြုခြင်းသဘောဖြစ်

ကိုးကား

  1. Tagundaing Burma Collections Center for Burma Studies, Northern Illinois University။ 7 October 2013 တွင် ပြန်စစ်ပြီး။
  2. Ferrars၊ Max; Bertha Ferrars (1900)။ Burma။ S. Low, Marston & Company။ pp. 37

ပြင်ပလင့်ခ်များ

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.