ထက်ထက်ထွန်း

ထက်ထက်ထွန်း (၁၉၉၂ ခု၊ ဇွန်လ ၂၀ ရက်မွေး) သည် မြန်မာ ရုပ်ရှင်သရုပ်ဆောင်၊ တီဗွီအစီအစဉ် တင်ဆက်သူ၊ မော်ဒယ်လ် နှင့် အလှမယ် တစ်ဦးဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် မြန်မာ့ မယ်စကြာဝဠာအဖြစ် ရွေးချယ်ခံခဲ့ရကာ မယ်စကြာဝဠာပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ထို၂၀၁၆ ခုနှစ် မယ်စကြာပြိုင်ပွဲ၌ အကောင်းဆုံးအမျိုးသား၀တ်စုံဆုကို ဒီဇိုင်းနာ လဇိန်ဂမ်ထွဲ၏ မြန်မာ့ရုပ်သေးအနုပညာလက်ရာမြောက်ဝတ်စုံဖြင့် မြန်မာ့ ကိုယ်စားပြု ထက်ထက်ထွန်းမှ မြန်မာနိုင်ငံအတွက် ဆွတ်ခူးရယူနိုင်ခဲ့‌ပေသည်။

ထက်ထက်ထွန်း
မွေးဖွား (1992-06-20) ၂၀ ဇွန်၊ ၁၉၉၂
ရန်ကုန်မြန်မာနိုင်ငံ
အလုပ်အကိုင်အလှမယ်
အရပ် ft ၇ in (၁၇၀ cm)
မိဘ(များ)ဒေါက်တာ တင်ထွန်း
ရရှိသည့်ဆုများ
  • မြန်မာ့ မယ်ကမ္ဘာ ၂၀၁၄ (နှစ်သိမ့်ဆု ဒုတိယ)
  • မြန်မာ့ မယ်စကြဝဠာ ၂၀၁၆

ဘဝအကြောင်း

၁၉၉၂ ခု၊ ဇွန်လ ၂၀ ရက်တွင် ရန်ကုန်မြို့၌ မွေးသည်။ ဖခင် ဒေါက်တာတင်ထွန်းမှာ ရန်ကုန်အနောက်ပိုင်းခရိုင် စည်ပင် ဒုဥက္ကဋ္ဌအဖြစ် ၂၀၁၄ ခုက လုပ်ဖူးသည်။

မြို့ပြအင်ဂျင်နီယာ ဘာသာရပ်ဖြင့် အတတ်ပညာရှင်ဘွဲ့ ရခဲ့သည်။

အနုပညာ လှုပ်ရှားမှု

အလှမယ်

၂၀၁၄ ခုတွင် မြန်မာနိုင်ငံ၏ မယ်ကမ္ဘာ ပြိုင်ပွဲကို ယှဉ်ရာ နှစ်သိမ့်ဆု (ဒုတိယ) ရသည်။ ၂၀၁၅ ခု၊ အောက်တိုဘာလ ၃ ရက်တွင် မြန်မာနိုင်ငံအတွက် ၂၀၁၅-၁၆ မယ်စကြာဝဠာပြိုင်ပွဲ၌ ယှဉ်ပြိုင်သည်။ ပြည်တွင်း၌ သရဖူဆောင်းကာ ၂၀၁၅ တွင် ဆုရသော မေဘရဏီသော်နှင့်အတူ ဖိလစ်ပိုင်သို့ သွားရသည်။ မြန်မာနိုင်ငံကိုယ်စားပြု ဝင်ပြိုင်ရာ အမျိုးသားဝတ်စုံဆု ရခဲ့သည်။

သရုပ်ဆောင်

၂၀၁၆ ခု နှောင်းပိုင်းတွင် သရုပ်ဆောင်ဘဝကို စတင်သည်။ [1]

ပါဝင်ခဲ့သော ဇာတ်ကားများ

ခေါင်းစဉ် ရုံတင်နှစ် ဒါရိုက်တာ မှတ်ချက်
ဘောစိ ၂
ညစ်တွန်း လူမင်း
ဂွင်ကြီးဂွင်ကျယ် လူမင်း
ပင်လယ်ရယ်သံ ကိုဇော် (အရုဏ်ဦး)

စီးပွားရေး လှုပ်ရှားမှု

မယ်စကြဝဠာ ပြိုင်ပွဲပြီးနောက် မြန်မာ့မော်ဒယ်ပြတိုက် (Model Museum Myanmar) အမည်ရှိ ကိုယ်ပိုင်မော်ဒယ်အေဂျင်စီ ထောင်သည်။ ကိုး (Nine) အမည်ရှိ ပွဲစီစဉ်လုပ်ငန်းကိုလည်း ဦးစီးသည်။

နိုင်ငံရေး လှုပ်ရှားမှု

ဖခင်၏ တိုက်တွန်းစကားကြောင့် ၂၀၁၉ ခုနှစ်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ကော်မတီဝင် ရွေးချယ်ပွဲတွင် ကိုယ်စားလှယ်လောင်း တစ်ဦးအဖြစ် လသာမြို့နယ် ကိုယ်စားပြု ယှဉ်ပြိုင်ရန် ဖေဖော်ဝါရီလ ၁၆ ရက်တွင် စာရင်းသွင်းခဲ့သည်။ ဖေဖော်ဝါရီလ ၃၀ ရက်အထိ မဲဆွယ်စည်းရုံးမှုများ လုပ်မည်ဖြစ်သည်။

ပြင်ပလင့်များ

ကိုးကား

  1. ခတ္တာဖြူ (၂၉ မေ ၂၀၁၈) "လက်ရှိသူ့ဘဝကို ကျေနပ်ပါတယ်ဆိုတဲ့ အလှမယ် ထက်ထက်ထွန်း"။ ကုမုဒြာ။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.