ထိုင်ကိုယ်တော်

ထိုင်ကိုယ်တော် ဆိုသည်မှာ ဆွမ်းခံလာသောအခါ သပိတ်ကို သပိတ်ခြေပေါ်တွင်ချ၍ ခင်းထားအပ်သော နေရာ၌ ထိုင်ရသည့် သံဃာတော်များအား ဆိုလိုသည်။ အိမ်ရှင်သည် သပိတ်ထဲသို့ ဆွမ်းသာမဟုတ် ဆွမ်းဟင်းပါ လောင်းကြရသည်။ ရပ်ကိုယ်တော်များမှာကား အိမ်ရှေ့တွင် ရပ်တော်မူ၍ ဆွမ်းခံကြရာ အများအားဖြင့် ဆွမ်းတစ်ဇွန်းသာလျှင် ရတတ်ကြလေသည်။ [1]

ကိုးကား

  1. မန်းတင် ရေး၊ ပထမအရွယ်၊ စာ-၈/၉၊ ၁၉၈၅၊ ဇူလိုင်လ


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.