ထုံး

ထုံးသည် အဖြူရောင်ရှိသော အစိုင်အခဲဖြစ်၍ ဓာတုဗေဒ အလိုအားဖြင့် ကယ်လဆီယမ် အောက်ဆိုက် ဟုခေါ်သည်။ ထုံးကျောက်ဟူ၍၎င်း၊ မြေဖြူဟူ၍၎င်းခေါ်သော ကယ်လဆီယမ် ကျောက်တစ်မျိုးကို မီးဖိုတွင်ထည့်၍ အပူချိန် ဖာရင်ဟိုက် ၁၈ဝဝ ထိ မီးပြင်းတိုက်ပေးရသည်။

Calcium oxide
အမည်
IUPAC name
Calcium oxide
အခြားအမည်များ
Quicklime, burnt lime, unslaked lime, pebble lime
အမှတ်အသားများ
CAS Number
1305-78-8
ChEBI CHEBI:31344
ChEMBL ChEMBL2104397
ChemSpider 14095
Gmelin Reference
485425
Jmol 3D model Interactive image
PubChem 14778
RTECS number EW3100000
UNII C7X2M0VVNH
UN number 1910
ဂုဏ်သတ္တိများ
ဓာတုဗေဒ ဖော်မျူလာ
CaO
Molar mass 56.0774 g/mol
ရုပ်အဆင်း White to pale yellow/brown powder
အနံ့ Odorless
သိပ်သည်းမှု 3.34 g/cm3[1]
အရည်ပျော်မှတ် ၂,၆၁၃ ဒီဂရီ စင်တီဂရိတ် (၄,၇၃၅ ဒီဂရီ ဖာရင်ဟိုက်; ၂,၈၈၆ ကယ်လ်ဗင်)[1]
ရေဆူမှတ် ၂,၈၅၀ ဒီဂရီ စင်တီဂရိတ် (၅,၁၆၀ ဒီဂရီ ဖာရင်ဟိုက်; ၃,၁၂၀ ကယ်လ်ဗင်) (100 hPa)[2]
ရေထဲပျော်ဝင်မှု
Reacts to form calcium hydroxide
ပျော်ဝင်မှု in Methanol Insoluble (also in diethyl ether, n-octanol)
အက်စစ် ပါဝင်မှု (pKa) 12.8
Magnetic susceptibility (χ)
-15.0·10−6 cm3/mol
တည်ဆောက်ပုံ
ပုံဆောင်ခဲ ဖွဲ့စည်းပုံ
cubic, cF8
သာမိုဓာတုဗေဒ
Std molar
အင်ထရိုပီ
(So298)
40 J·mol−1·K−1[3]
Std enthalpy of
formation
fHo298)
−635 kJ·mol−1[3]
ဆေးဝါးဗေဒ
ATCvet code
QP53AX18 (WHO)
အန္တရာယ်
Safety data sheet Hazard.com
NFPA 704

0
0
0
 
Flash point Non-flammable [4]
US health exposure limits (NIOSH):
PEL (Permissible)
TWA 5 mg/m3[4]
REL (Recommended)
TWA 2 mg/m3[4]
IDLH (Immediate danger)
25 mg/m3[4]
ဆက်စပ် ဒြပ်ပေါင်းများ
Other anions
Calcium sulfide
Calcium hydroxide
Other cations
Beryllium oxide
Magnesium oxide
Strontium oxide
Barium oxide
Except where otherwise noted, data are given for materials in their standard state (at 25 °C [77 °F], 100 kPa).
Infobox references

ထိုထုံးကျောက်ကို မီးပြင်းတိုက်လိုက်သောအခါ ကာဗွန်ဒိုင် အောက်ဆိုက်များ လွတ်ထွက်သွားပြီးလျှင် မဖောက်ထုံး (ကယ် လဆီယမ်အောက်ဆိုက် CaO) ဖြစ်လာသည်။ ထိုအတွက် ပုံသေရေးနည်းမှာ (CaCO3 CaO + CO2)ဖြစ်သည်။ ထိုမဖောက်ထုံးတွင် ရေထည့်လိုက်သောအခါ အလွန်ပူလာ၍ ထုံးသည် ကြေမွသွားကာ ဖောက်ထုံး(ကယ်လဆီယမ် ဟိုက် ) ထိုအတွက် ပုံသေရေး ဖြစ်သည်။

ထုံးအင်္ဂတေပြုလုပ်လိုသောအခါ မဖောက်ထုံးတွင် ရေထည့် ပြီးနောက် သဲနှင့် အမှုန့်ကြိတ်ထားသော ကျောက်များကို ရော ပေးရသည်။ ထိုအရောသည် ခြောက်သွားသောအခါ လေထဲမှ ကာဗွန်ဒိုင်အောက်ဆိုက်ကို စုတ်ယူပြီးလျှင် ကယ်လဆီယမ် ကာဗွန်နိတ်ဖြစ်သည်။ ထိုပြင် သဲမှဆီလီကာနှင့်လည်းပေါင်း၍ ကယ်လဆီယမ်ဆီလီကိတ် ဖြစ်သေးသည်။ ထိုပစ္စည်းများက အုတ် သို့မဟုတ် ကျောက်ခဲများကို ခိုင်မြဲစေသည်။ ယခုအခါ ထုံးအင်္ဂတေကို အသုံးမများလှတော့ချေ။ ယင်းအစား ဘိလတ်မြေကိုသာ အသုံးများသည်။

ထုံးသည် မီးပြင်းကိုခံနိုင်၏။ သို့သော် လျှပ်စစ်မီးဖိုတွင်မူ အရည်ပျော်လေသည်။ ထုံးသည် အယ်ကလီ သတ္တိ၌ အလွန် ထက်မြက်သောကြောင့်၊ အက်ဆစ်များကို ဓာတ်ပြယ်စေနိုင်သည်။ ထို့ပြင် ကော့စတစ်ဆိုဒါနှင့် ပိုတက်တို့ကဲ့သို့ အသီး အနှံနှင့်အသားများကိုလည်း စားပစ်နိုင်သေးသည်။ ထို့ကြောင့် အညစ်အကြေးကိုရှင်းပစ်ရာတွင် ထုံးကိုအသုံးပြုကြသည်။

ထားလျှင် ထုံးသည်လေထဲမှ ရေနှင့်ကာဗွန်ဒိုင်အောက်ဆိုက် ကာဗွန်နိတ် ပြောင်းလဲသွားလေသည်။ ရေနှင့် ဖောက်ထုံးပျော်ဝင်ရည်ကို ထုံးရေကြည်ဟုခေါ်သည်။ ထုံးနို့သည် ထုံးရေကြည်နှင့် အရည်မပျော်သော ဖောက်ထုံးအရောဖြစ်သည်။

ထိုထုံးမျိုးများအပြင် ရေအောက်တွင်မာသွားတတ်သော ထုံးမျိုးလည်း ရှိသေးသည်။ အယ်ကလီများတွင် ထုံးသည် ဈေးအပေါဆုံးဖြစ်သည်။ ထုံးကို အဆောက်အအုံနှင့် လမ်းများဆောက်လုပ်ရာ၌လည်းကောင်း၊ ဆေးဖြူ များပြုလုပ်ရာ၌ လည်းကောင်း၊ မြေဩဇာများ ပြုလုပ်ရာ၌လည်းကောင်း အသုံးပြုကြသည်။ ထို့ပြင် သားရေနယ်လုပ်ငန်းတွင် သားရေပြားများမှ အမွေးကျွတ်စေရန် ပြုလုပ်ရာတွင်လည်း ထုံးကိုအသုံးပြုကြသည်။ ဖန်သားများပြုလုပ်ရာတွင်လည်း ထုံးကိုအသုံးပြုကြသည်။ မြေဆီလွှာတွင် အချဉ်ဓာတ် ပေါက်လာသောအခါ အချဉ်ဓာတ်ပြယ်စေရန် အလို့ငှာ ထုံးကိုအသုံးပြုကြသည်။ ပိုးသတ်ဆေး အများအပြားတွင်လည်း ထုံးကိုအသုံးပြုကြသည်။ ထုံးကို သဲနှင့်ရော၍ အပူပြင်းတိုက်ပေးလျှင် အရည်ပျော်၍ ဖန်ရည်တစ်မျိုး ဖြစ်လာ သည်။ ထုံးသည် သတ္တုပစ္စည်းအမြောက်အမြားကို ပျော်ဝင်စေနိုင်သည်။ ထို့ကြောင့် သံတွင်းထွက် ပစ္စည်းရိုင်းများမှ သံကို ထုတ်ယူရာတွင် ထုံးကျောက်များကိုထည့်၍ အသုံးပြုကြလေ သည်။

မြန်မာနိုင်ငံတွင် ထုံးကျောက်ကို နေရာအနှံ့အပြား၌ တွေ့ရပေသည်။ ထုံးကျောက်မှ ထုံးကိုထုတ်ယူသုံးစွဲရာ၌ အကြီးကျယ်ဆုံးနေရာမှာ သရက်မြို့ရှိ ဘိလတ်မြေစက်ရုံကြီးဖြစ် သည်။ မော်လမြိုင်မြို့ အရှေ့တောင်ဘက်ရှိ ကျိုက်မရောရွာတွင်လည်း ရာသီအလိုက် ထုံးလုပ်ငန်းကို လုပ်ကိုင်ကြသည်။ မန္တလေး၊ စစ်ကိုင်း၊ မြစ်ကြီးနား၊ ကျောက်ဆည်၊ ရွှေဘိုနှင့် အောက်ချင်းတွင်းခရိုင်များတွင် ထုံးလုပ်ငန်းများကို လုပ်ကိုင်ကြသည်။[5]

ကိုးကား

  1. Haynes၊ William M., ed. (2011)။ CRC Handbook of Chemistry and Physics (92nd ed.)။ Boca Raton, FL: CRC Press။ p. 4.55။ ISBN 1439855110
  2. Calciumoxid. GESTIS database
  3. Zumdahl, Steven S. (2009)။ Chemical Principles 6th Ed.။ Houghton Mifflin Company။ p. A21။ ISBN 0-618-94690-X
  4. NIOSH Pocket Guide to Chemical Hazards #0093 National Institute for Occupational Safety and Health (NIOSH)။
  5. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၅)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.