ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်
ဒဂုံမြို့သစ်မြောက်ပိုင်းသည် ရန်ကုန်မြို့၏ အရှေ့ပိုင်းတွင် တည်ရှိသည်။ ဒဂုံမြို့သစ်မြောက်ပိုင်း၏ မြောက်ဘက်နှင့် အရှေ့ဘက်တွင် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ အနောက်ဘက်တွင် တောင်ဥက္ကလာပမြို့နယ်၊ တောင်ဘက်တွင် ဒဂုံမြို့သစ်တောင်ပိုင်းတို့ တည်ရှိသည်။မြောက်ဒဂုံဟုလည်း ခေါ်ဝေါ်ကြသည်။
ဒဂုံမြို့သစ်မြောက်ပိုင်း North Dagon Township | |
---|---|
ဒဂုံမြို့သစ်မြောက်ပိုင်း | |
ကိုဩဒိနိတ်: MM 16°53′0″N 96°10′0″E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | ရန်ကုန် |
မြို့ | ရန်ကုန် |
မြို့နယ် | ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် |
လူဦးရေ (၂၀၀၄) | |
• စုစုပေါင်း | ၂၀၃,၈၈၃ [1] |
စာပို့သင်္ကေတ | ၁၁၄၂၁၊ ၁၁၄၂၂ |
ဒဂုံမြို့သစ်မြောက်ပိုင်းကို ရပ်ကွက်ပေါင်း ၂၀ ဖြင့် ဖွဲ့စည်းထားသည်။ ၁၉၈၉ခုနှစ်တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီတပ်မတော်အစိုးရတည်ထောင်ခဲ့သော မြို့သစ်များထဲတွင် ဒဂုံမြို့သစ်မြောက်ပိုင်းသည် တိုးတက်သောမြို့ဟု ဆိုနိုင်သည်။
အစိုးရ မူလတန်းကျောင်း ၂၄ ကျောင်း၊ အလယ်တန်းကျောင်း ၁ ကျောင်း၊ အထက်တန်းကျောင်း ၄ ကျောင်းရှိသည်။
ရန်ကုန်မြို့ရှိ အကြီးဆုံးတက္ကသိုလ်ဖြစ်သော ဒဂုံတက္ကသိုလ်သည် ဤမြို့နယ်၏ အလယ်ပိုင်းတွင် တည်ရှိခဲ့သည်။ ဤသည်မှာ ယခင် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် နှင့် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် ဟု မခွဲခြားသေးခင် အချိန်ကဖြစ်သည်။ ယခုအခါ ဒဂုံတက္ကသိုလ်၏ တည်နေရာသည် ဒဂုံမြို့သစ်အရှေ့ ပိုင်းမြို့နယ် နယ်နိမိတ် အတွင်းမှာဖြစ်သည်။
ကိုးကား
- Provisional Results Census 26 August 2014 FINAL (PDF)၊ ပြည်သူ့အင်အားဦးစီးဌာန၊ 26 August 2014၊ p. ၃၁၊ 12 September 2014 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး၊ February 25, 2015 တွင် ပြန်စစ်ပြီး