ဒီပင်္ကရ ရံသိဇောတိ

ဒီပင်္ကရ ရံသိဇောတိ(ထိုင်း: ทีปังกรรัศมีโชติ; ပါဠိ: Dīpaṅkara Raṁsijoti; သင်္သကရိုက်: Dīpaṅkara Raśmijoti; မြန်မာ: ဒီပင်္ကရ ရံသိဇောတိ)သည် ထိုင်းနိုင်ငံမှ နန်း​မွေနန်းလျာမင်းသားတစ်ပါးဖြစ်သည်။ဘုရင်ဝဇိရာလင်္ကရဏ၏ ငါး​ယောက်​မြောက်သား၊ ခုနစ်​ယောက်​မြောက်နှင့် အငယ်ဆုံးက​လေးဖြစ်သည်။မယ်​တော်မှာ ဘုရင်၏ တတိယ​မြောက်လက်ထပ်ခဲ့​သောမိဖုရား ဆရီရမ်ဆမီ ဆုဝဒီဖြစ်သည်။

ဒီပင်္ကရ ရံသိဇောတိ
Dipangkorn Rasmijoti
ထိုင်းနိုင်ငံမင်းသား
မွေးဖွား (2005-04-29) ၂၉ ဧပြီ၊ ၂၀၀၅
သီရိရတ်ချ်​ဆေးရုံ၊ ဘန်​ကောက်မြို့၊ ထိုင်းနိုင်ငံ
စံအိမ်မဟီ​ဒေါ (ချက္ကရီမင်းဆက်)
ခမည်းတော်ဝဇိရာလင်္ကရဏ (ရာမ၁၀)
မယ်တော်ဆရီရမ်ဆမီ ဆုဝဒီ
ကိုးကွယ်မှု​ထေရဝါဒ ဗုဒ္ဓဘာသာ

ဘဝအစနှင့် ပညာ​ရေး

မင်းသားကို ၂၀၀၅ခုနှစ် ဧပြီလ၂၉ရက်​နေ့က ဘန်​ကောက်မြို့ရှိ သီရိရတ်ချ်​ဆေးရုံတွင် ဖွားမြင်ခဲ့သည်။၂၀၀၅ခုနှစ် ဇွန်လ၁၅ရက်​​နေ့တွင် ဘိုး​တော် ဘူမိဗလအတုလျတေဇက မင်းသားဘွဲ့ ​ပေးသနားခဲ့သည်။ [1]

မင်းသား၏ ​တော်ဝင်ပန်းစာလုံး
မင်းသား၏ ​တော်ဝင်အလံ

နိုင်ငံခြားရှိ ဘာ​ဗေးရီးယန်းနိုင်ငံတကာ​ကျောင်းတွင် ပညာမသင်မီသူ၏ပညာ​ရေးကို ချသရာလဒါ​ကျောင်းတွင် စတင်ခဲ့သည်။ [2]

နန်း​မွေနန်းလျာအဆင့်

သူသည် ခမည်းတော် ဝဇိရာလင်္ကရဏ ကိုဆက်ခံမည့် တစ်ဦးတည်း​သောသူဖြစ်သည်။သို့​သော် ၂၀၁၄ဒီဇင်ဘာလတွင် ဝဇိရာလင်္ကရဏနှင့် ဆရီရမ်ဆမီ ဆုဝဒီတို့ ကွာရှင်းခဲ့၍ သူ၏ နန်း​မွေနန်းလျာမှာ သိပ်မ​သေချာ​ပေ။၁၉၂၄ ဆက်ခံခြင်းဥပ​ဒေအရ အကြီးမှစ၍ နန်း​မွေနန်းလျာဆက်ခံရမည်ဖြစ်​သော်လည်း ဝဇိရာလင်္ကရဏသည် သူ၏ဒုတိယ​မြောက်အိမ်​ထောင်နှင့် ၁၉၉၆ခုနှစ်တွင် ကွာရှင်းကာ သား​လေး​ယောက်ကိုပါ စွန့်လွှတ်ခဲ့သည်။[3]

​ဆွေစဉ်မျိုးဆက်

ကိုးကား

  1. https://www.thairath.co.th/content/79654
  2. မော်ကွန်းတင်ပြီးမိတ္တူ 13 August 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 February 2019 တွင် ပြန်စစ်ပြီး။
  3. "What's behind the downfall of Thailand's Princess Srirasmi?"၊ 1 December 2014။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.