ဒုက္ခ

ဒုက္ခ ဆင်းရဲခြင်းသဘော၊ ဝေဒနာ၊ ဝမ်းနည်းမှု၊ သောကဖြစ်စေသောအကြောင်းဖြစ်သည်။

ဒုက္ခ(၈)ပါးရှိသည်ဟုအကြမ်းဖျင်းမှတ်သားနိုင်ပါသည်။ ၎င်းတို့မှာ-

(၁)ဇာတိဒုက္ခ=ပဋိသန္ဓေနေရခြင်းဆင်းရဲ။
(၂)ဇရာဒုက္ခ=အိုမင်းရင့်ရော်ရခြင်းဆင်းရဲ။
(၃)ဗျာဓိဒုက္ခ=နာမကျန်းဖြစ်ရခြင်းဆင်းရဲ။
(၄)မရဏဒုက္ခ=စုတေလွန်ရခြင်းဆင်းရဲ။
(၅)အပိယေဟိသမ္ပယောဂဒုက္ခ=မချစ်မနှစ်သက်သောသတ္တဝါနှင့်အတူကြုံရခြင်းဆင်းရဲ။
(၆)ပိယေဟိဝိပ္ပယောဂဒုက္ခ=ချစ်အပ်သူနှင့်ကွဲနေရခြင်းဆင်းရဲ။
(၇)ယံပိစ္ဆံနလဘတိဒုက္ခ=လိုသည့်အရာကိုမရသောဆင်းရဲ။
(၈)ပဉ္စုပါဒါနက္ခန္ဓဒုက္ခ=ခန္ဓာငါးပါးဖြစ်ပေါ်နေရခြင်းဆင်းရဲစသည်တို့ဖြစ်ပါသည်။[1]


ကိုးကား

  1. (၁)သုခမှတ်စု၊ဆဌမအကြိမ်၊အောက်တိုဘာ ၁၉၉၇၊ပါရမီစာပေ။


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.