ဒေးဗစ်ဘုရင်

ဒေးဗစ်ဘုရင် (David, King of Israel) သည် ဂျူးလူမျိုးစုများနှင့် အစ္စရေးကို အင်အားကြီးသော နိုင်ငံတစ်နိုင်ငံအဖြစ် ပေါင်းစည်းပေးခဲ့သောသူဖြစ်ပြီး ဂျူးဘုရင်ဖြစ်သည်။ သမ္မာကျမ်းစာ အရ ဒေးဗစ်သည် သူ့ဖခင်၏ သိုးများကို ထိန်းကျောင်းခဲ့ပြီး ဂိုလီယဘီလူးကြီးကို လေးခွနှင့် ပစ်သတ်ခဲ့သည်။ သူ့အား ဂျူးဘုရင် ဆော (Saul) ကစိတ်မချမ်းမြေ့သော အခါဖြစ်စေ၊ စိတ်ဓာတ်ကျသော အခါ၌ ဖြစိစေ၊ စောင်းဖြင့် လာရောက်ဖျော်ဖြေရန် ဖိတ်ခေါ်လေသည်။ သူသည် ဘုရင့်သားတော် ဂျိုနသန်နှင့် ရင်းနှီးသောမိတ်ဆွေဖြစ်လာသည်။ သူ၏ ပထမဇနီးမှာ ဆော၏ သမီး မီချဲလ်ဖြစ်သည်။

ဒေးဗစ်ဘုရင်

ဖိလစ်စတိန် အရိုင်းအစိုင်းများကို တိုက်ခိုက်သော တိုက်ပွဲတစ်ခုတွင် ဆောနှင့် ဂျိုနသန် ကျဆုံးသွားသောအခါ ဒေးဗစ်အား ဂျူးဘုရင် တင်မြှောက်ကြသည်။ ခုနှစ်နှစ်ကြာစစ်ပွဲတွင် သူသည် ဖိလစ်စတိန်တွေနှင့် အခြားရန်သူများအား အောင်နိုင်ခဲ့ပြီး ဂျေရုစလင်မြို့တော်ကို သိမ်းပိုက်ခဲ့သည်။ Ark of the lord လှေကြီးဖြင့် ပဉာတ်တော် ဆယ်ပါးကို တင်ဆောင်ကာ မြို့တော်သို့ ယူလာခဲ့သည်။ ဒေးဗစ်သည် ဂျူးများ အပါအဝင် အစ္စရေးလူမျိုးစု အားလုံးကို အုပ်ချုပ်သော ဘုရင် ဖြစ်လာသည်။ နှစ်ပေါင်း ၃၀ ကျော် စိုးစံခဲ့သည်။ နတ်ရွာမစံမီ အစ္စရေးနိုင်ငံကို လုံခြုံစိတ်ချစွာ ထားခဲ့နိုင်ရန် သားတော် ဆော်လမွန်ကို ဘုရင်ခန့်အပ်ခဲ့သည်။

ဂျူးများက ဒေးဗစ်ကို စံပြဘုရင်အဖြစ် သဘောထားကြသည်။ သူမှဆင်းသက်လာသော မက်စီယာ့ဟုခေါ်သော ဘုရင်တစ်ပါးလည်း ပေါ်ထွန်းလာမည်ဟု သူတို့ မျှော်လင့်ကြသည်။


သူ၏ အုပ်ချုပ်မှုသမိုင်းကို ဓမ္မရာဇဝင်ပထမ​​စောင်၊ ဆင်မြူရယ်၏ ပထမနှင့် ဒုတိယကျမ်းများနှင့် ဓမ္မဟောင်းကျမ်းတွင် ရေးသားထားသည်။ ဆာလံကျမ်း များကို ဒေးဗစ်ရေးဖွဲ့ခဲ့သည်ဟု အ1စဉ်အလာယုံကြည်လာခဲ့သည်။ သို့သော် အမှန်၌ ဆာလံအများအပြားကို သူ ကွယ်လွန်ပြီးနောက် ရေးခဲ့ခြင်းဖြစ်သည်။[1]

ကိုးကား

  1. မောင်မောင်ထွန်း ရေး ကမ္ဘာကျော် ပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္တိအဘိဓာန်၊ ၂၀၁၁၊ ဇူလိုင်လ၊ စာ-၁၀၂
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.