ဒွေး

ဒွေးသည် ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော် တစ်ဦးအဖြစ် ပရိသတ်အသိအမှတ်ပြု ခံရသူဖြစ်သည်။ ဒွေးကို အဖ ဦးတင်ထွန်းမောင်နှင့် အမိ ဒေါ်အေးအေးသင်းတို့ ရန်ကုန်မြို့တွင် မွေးဖွားပြီး မွေးချင်းများအနက် သားဦး ဖြစ်သည်။ အမည်ရင်းမှာ ထင်လင်း (ခ) သားကြီး ဖြစ်သည်။ ထင်လင်း (ခေါ်) ဒွေးသည် Y.I.T မှ လျှပ်စစ်အင်ဂျီနီယာဘွဲ့ရထားသူ တစ်ယောက် ဖြစ်သည်။ လျှပ်စစ်အင်ဂျင်နီယာတစ်ယောက် ဖြစ်သော ဒွေးသည် ဘွဲ့မရခင်ကတည်းက အနုပညာလောကထဲသို့ စတင်အခြေချခဲ့သည်။ သရုပ်ဆောင်လောကထဲသို့ မဝင်မီက အဆိုတော် ဖြစ်ချင်ခဲ့ပါသည်။ မမျှော်လင့်ပဲ ဦးလေးဖြစ်သူ ဦးကျော်ဟိန်းကြောင့် ရုပ်ရှင်ရိုက် ဖြစ်ခဲ့ပါသည်။ ရုပ်ရှင်လောကထဲသို့ နာမည်ရင်း ထင်လင်းအမည်နှင့် ပထမဆုံး ဝင်ရိုက်ခဲ့ပြီး နောက်ပိုင်းတွင် ဒွေးအမည်သို့ပြောင်းကာ ၁၉၉၃ ခုနှစ်တွင် ဒါရိုက်တာ ကျော်ဟိန်း၏ ဒုက္ခကို အရောင်ဆိုးတယ် အမည်ရှိ မူးယစ်ဆေးဝါးပညာပေး ဗီဒီယိုကားနှင့် ဝေလည်းမွှေး၊ ကြွေလည်းမွှေး ရုပ်ရှင်ကားမှာ ပရိတ်သတ်အသိများပြီး စတင်အောင်မြင်ခဲ့သည်။

ဒွေး
မွေးဖွား(1966-05-07)၇ မေ၊ ၁၉၆၆
ရန်ကုန်
ကွယ်လွန်၁၁ ဇူလိုင်၊ ၂၀၀၇(2007-07-11) (အသက် ၄၁)
ဘောက်ထော်ရန်ကုန်
ထာဝရ နားခိုရာနေရာရေဝေး သုဿန်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တိုင်း
အခြား အမည်များထင်လင်း
အလုပ်အကိုင်သရုပ်ဆောင်၊အဆိုတော်
အိမ်ထောင်ဖက်(များ)မမိုးမိုး
ရရှိသည့်ဆုများ အ​ကောင်းဆုံးအမျိုးသား
ဇာတ်ဆောင်ဆု
(၁၉၉၇)

ဒွေးသည် မပပဝင်း (ခ) မမိုးမိုးနှင့် အိမ်ထောင်ကျသည်။[1]


ဒွေးသည် ဦးလေးဖြစ်သူ အကယ်ဒမီ ကျော်ဟိန်း၏ လမ်းညွှန် ဆွဲခေါ်မှုကြောင့် ရုပ်ရှင်လောကထဲတွင် အောင်မြင်ခဲ့သည်။ ဗီဒီယိုကားပေါင်းများစွာနှင့် ရုပ်ရှင်ကားပေါင်းများစွာ ရိုက်ကူးခဲ့သော စူပါမင်းသား တစ်ယောက်ဖြစ်လာခဲ့သည်။ ဒွေးသည် ၁၉၉၇-ခုနှစ်တွင် အမေ့ခြေရာဇာတ်ကားတွင် အမျိုးသားဇာတ်ဆောင်ဆု အကယ်ဒမီရရှိခဲ့သည်။ ရုပ်ရှင်ကြီးပေါင်းများစွာ၊ ဗီဒီယို ကားပေါင်းများစွာ၊ ကြော်ငြာများကိုလည်း ရိုက်ကူးခဲ့ပါသည်။ ထိုသို့ ရုပ်ရှင်လောကတွင် လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့သလို ဂီတလောကတွင်လည်း အောင်မြင်နေသူ တစ်ယောက်ဖြစ်သည်။ သီချင်းပါင်း အပုဒ် ၃ဝကျော် ကို သီဆိုခဲ့သည်။ သီချင်းများမှာ ကိုယ်ပိုင်အယ်လ်ဘမ်တစ်ခွေနှင့် အတွဲခွေများ၊ လူစုံတေးစီးရီးများတွင် ပါဝင်ခဲ့သည်။

ဒွေး၏ ထွန်းလင်းခွင့်ပေးပါ အယ်လ်ဘမ်မှာ တစ်ခွေတည်းသော တကိုယ်တော်အယ်လ်ဘမ်ဖြစ်သော်လည်း လျှမ်းလျှမ်းတောက် မပေါက်ခဲ့ပေ။

ဒွေးကိုယ်တိုင် ဒါရိုက်တာအဖြစ် နောက်ဆုံးရိုက်ကူးခဲ့သောကားမှာ နှင်းဆီမိုးတိမ် ဖြစ်သည်။

ဘဝနိဂုံး

အောင်မြင်နေချိန်တွင် အကယ်ဒမီ ဒွေးသည် နှလုံးရောဂါနှင့် ၂၀၀၇ခု၊ ဇူလိုင် ၁၁ ရက် (ဗုဒ္ဓဟူးနေ့) တွင် ညနေ (၅) နာရီ၌၊အမှတ် (၃၄) (စီ)၊ အေးသာယာလမ်း၊ ဘောက်ထော် နေအိမ်တွင် ရုတ်တရက် ကွယ်လွန်သွားခဲ့လေသည်။ [2][1] .[3]ကွယ်လွန်ချိန်တွင် ဒွေးသည် အသက် (၄၂) နှစ်ရှိပြီ ဖြစ်သည်။

ဇူလိုင် ၁၃ရက် မနက် ၄နာရီ၌ နေအိမ်တွင် ပင့်သံဃာတော် အရှင်သူမြတ်များထံမှ သီလခံယူကာ ရေစက်ချအမျှဝေခဲ့သည်။ ထို့နောက် မနက် ၅:၀၀ နာရီတွင် ရေဝေးအအေးတိုက် မှတစ်ဆင့် ရေဝေးသုဿန်တွင် မီးသဂြိုဟ်ခဲ့သည်။ ဒွေး၏အရိုးပြာကို ပြန်လည်သယ်ဆောင်ကာ ချောင်းဝဘုန်းကြီးကျောင်း၌ လွမ်းစေတီတည်ခဲ့သည်။

ကိုသားကြီး (ခ) ဒွေး၏ ပုံတူ ရုပ်ထုနှင့် သူရရှိခဲ့သော အကယ်ဒမီရွှေစင်ဆုကို သူဆောက်လုပ်လှူဒါန်းခဲ့သော ချောင်းဝဘုန်းကြီးကျောင်းရှိ အကယ်ဒမီကျောင်း၌ အမှတ်တရထားရှိထားသည်။

မကွယ်လွန်မီ နောက်ဆုံးရိုက်လက်စ ကားမှာ ဒါရိုက်တာ ချိုတူးဇော် ရိုက်သည့် ကမ္ဘာတစ်ခြမ်းညဆိုသည့် ဇာတ်ကားဖြစ်သည်။

ဦးလေးဖြစ်သူ ဆရာတော်ဦးကိတ္တိသာရ (မင်းသားကြီးဦးကျော်ဟိန်း) မှာလည်း ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁၁ ရက်နေ့တွင် ပျံလွန်တော်မူခဲ့ပြီဖြစ်၍ သူတို့နှစ်ဦးကွယ်လွန်သည့် နေ့ရက်နှင့်လမှာ တိုက်တိုက်ဆိုင်ဆိုင် အတူတူပင်ဖြစ်နေသည်။ [4]

ပန်းချီလက်ရာ

ဒွေး မကွယ်လွန်ခင် ဆွဲခဲ့သော ပန်းချီလက်ရာများအား ဒွေးကွယ်လွန်သည့် (၂)နှစ်ပြည့် အမှတ်တရအဖြစ် ရန်ကုန်မြို့ ၃၄ လမ်းရှိ Azada ခန်းမ၌ ၂၀၀၉ ဇွန်လ ၁ ရက်နေ့မှ စတင်၍ ၅ ရက် ပြသရောင်းချသည်။ ဒွေး၏ လက်ရာ ၁၁ ကားရှိပြီး ရသည့်ငွေကို စာနယ်ဇင်း ရန်ပုံငွေအဖြစ် လှူဒါန်းသွားသည်။

ကိုးကား

  1. Morning Funeral for Famous Burmese Actor
  2. "Mizzima News: Famous actor dies prematurely" (in en-US)၊ Burmanet၊ 2007-07-11 11 July 2020 တွင် ပြန်စစ်ပြီး Archived from the original on 12 August 2017။
  3. Wai Moe (23 June 2008)။ Than Shwe's Grandson in Drug Scandal
  4. "ဒွေးကွယ်လွန်ခြင်း ၁၃ နှစ်ပြည့်နေ့တွင် မင်းသားကြီး ကျော်ဟိန်း (ဦးကိတ္တိသာရ) သြစတြေးလျနိုင်ငံ၌ ကွယ်လွန်"၊ 11 July 2020။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.