ဓမ္မစာရီ

ဆရာကြီး ဒေါ်ဓမ္မစာရီသည် ဘဒ္ဒန္တ ဝိစိတ္တသာရာဘိဝံသ (မင်းကွန်း တိပိဋကဓရဆရာတော်ဘုရားကြီး)၏ သာသနာ့မိခင်ကြီး ဖြစ်သည်။

မြန်မာသက္ကရာဇ် ၁၂၄၀-ပြည့်နှစ်၊ တပို့တွဲလဆန်း(၄)ရက်နေ့၊ စနေနေ့တွင် အဖ ဦး နှင့် အမိ ဒေါ်သီးတို့မှ ဖွားမြင်သည်။ ငယ်နာမည် တုတ်တုတ် ဖြစ်သည်။ မွေးချင်း ရှစ်ယောက်အနက် အကြီးဆုံးဖြစ်သည်။ အသက် (၉)နှစ်အရွယ် လေးတန်းအောင်ပြီးနောက် မန္တလေးဈေးချိုတန်းက ပိုးကုန်တန်းတွင် အရောင်းအဝယ်သင်ရသည်။[1]

ကိုးကား

  1. လူထုဒေါ်အမာ (၁၉၈၄-ခု၊ နိုဝင်ဘာလ). "တိပိဋကဓရသာသနာ့ မိခင်ကြီး". ဉာဏ်လင်း ဓမ္မစာပဒေသာ.


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.