နက်ဖ်သီစ်နတ်ဘုရားမ

နက်ဖ်သီစ် (သို့) နက်ဘက်-ဟတ် (အင်္ဂလိပ်: Nephthys or Nebet-Het) သည်အီဂျစ်ဒဏ္ဍာရီလာနတ်ဘုရားမတစ်ဦးဖြစ်၍ ရှေးဟောင်းအီဂျစ်ဘာသာတရားတွင် ကိုးကွယ်ခံသူတစ်ဦးလည်းဖြစ်သည်။ အီဂျစ်ဒဏ္ဍာရီတွင် ဟီးလစ်ယော့ပါလစ် (Heliopolis) ရှေးဟောင်းမြို့၏ အန်းနီးနတ်ဘုရားကိုးပါးမှ တစ်ဦးလည်းဖြစ်သည်။ 'နပ်'နတ်ဘုရားမ နှင့် 'ဂက်'နတ်ဘုရားတို၏ သမီးဖြစ်သည်။ ဈာပနရေးရာရိုးရာဓလေ့များတွင် အိုက်စစ်နတ်ဘုရားမနှင့်အတူ တွဲ၍ထားလေ့ရှိသည်။[1] အဘယ်ကြောင့်ဆိုသော် ထိုနတ်ဘုရားမနှစ်ဦးသည် မံမီများ နှင့် အိုးဆိုက်ရစ်နတ်ဘုရား တို့ကို စောင့်ရှောက်ကာကွယ်သူများဖြစ်သည်။ နက်ဖ်သီစ်သည် ဆက်နတ်ဘုရား၏ မောင်နှမ-ဇနီးသည်လည်းဖြစ်၏ ။

နက်ဖ်သီစ်နတ်ဘုရားမ
နက်ဖ်သီစ်ကို ပုံမှန်အားဖြင့် ခြင်းတောင်းနှင့် အိမ်ပုံပါရှိသော မကိုဋ်ဆောင်းထားသော နုပျိုသည့်အမျိုးသမီးတစ်ဦးအဖြစ် သရုပ်ဖော်လေ့ရှိသည်။
အရုပ်စာ အမည်

အဓိက ကိုးကွယ်မှု ဗဟိုတိတိကျကျအနေဖြင့် မရှိ၊ ဒိုင်ယာပါလစ် ပါဗာမြို့ (ယခု ဟူးမြို့ - Hu)
သင်္ကေတအိမ် နှင့် မံမီရုပ်အလောင်းစည်းနှောင်ခြင်းများ
ကိုယ်ရေး အချက်အလက်
မိဘများဂက်နတ်ဘုရားနှင့် နပ်နတ်ဘုရားမ
မွေးချင်းအိုက်စစ်အိုးဆိုက်ရစ်၊ ဟိုးရပ်စ် (အကြီး)၊ နှင့် ဆက်
ကြင်ရာတော်ဆက်
ဆင်းသက်သူများအနျူးဘစ်နတ်ဘုရား

သူမကို ငိုကြွေးခြင်း၊ မြစ်၊ ည၊ အမှုထမ်းခြင်း၊ ကလေးမွေးဖွားခြင်း၊ မိခင်၊ သေသူ၊ ကာကွယ်ခြင်း၊ အိမ်၊ မီးလင်းဖို၊ အခေါင်းတလား၊ မြှုပ်နှံခြင်း၊ လေ စသည့်များစွာသောကဏ္ဍများဆိုင်ရာ နတ်ဘုရားမအဖြစ် ကိုးကွယ်ပူဇော်ခဲ့ကြသည်။

မှတ်စု

    ကိုးကား

    1. Abeer El-Shahawy books.google.co.uk The funerary art of Ancient Egypt: a bridge to the realm of the hereafter (106 pages) American University in Cairo Press, 2005 ISBN 977-17-2353-7 [Retrieved 2011-12-12]
    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.