နဂါးသွဲ့

နဂါးသွဲ့ (Apatite) သည် အဖိုးသင့်ကျောက်မျက်အမျိုးအစား တစ်မျိုးဖြစ်သည်။

နဂါးသွဲ့

ဓါတုဖွဲ့စည်းမှု

ရှုပ်ထွေးသော ကယ်လ်စီယမ် ဒြပ်ပေါင်းပုံစံဖြစ်သည်။ ဖလိုရင်း ပါဝင်နေသော ကယ်လ်ဆီယမ် ဖော့စ်ဖိတ် ဒြပ်ပေါင်း Ca10(PO4)6(F)2 နှင့် ကလိုရင်း ပါဝင်နေသော ကယ်လ်ဆီယမ် ဖော့စ်ဖိတ် ဒြပ်ပေါင်း Ca10(PO4)6(Cl)2 တို့၏ ပုံဆောင်စနစ်မှာ ဆဌဂံစနစ် (Haxagonal System) ဖြစ်သည်။ သိပ်သည်းဆ ၃.၂ ရှိပြီး မာဆင့် ၅ ရှိပါသည်။ ဖန်ရောင်လက် ဖြစ်ပြီး အလင်းပေါက် (Transparent) အဖြစ် အပြာရောင်၊ အစိမ်းရောင်၊ အဝါရောင်၊ မရမ်းရောင် စသည်ဖြင့်တွေ့ရှိရပါသည်။

  • ထူးခြားချက်အနေဖြင့် နဂါးသွဲ့တွင် နှစ်ရောင်ပြောင်းခြင်း (Dichrosim) ထင်ရှားပြီး အပြာရောင်နဂါးသွဲ့မှာ အပြာရောင်မှ အဝါရောင် သို့ပြောင်းလဲတတ်သည်။

ထွက်ရှိရာဒေသများ

မြန်မာ၊ သီရိလင်္ကာ၊ ကနေဒါ၊ ဘရာဇီး၊ မက္ကဆီကို၊ အမေရိကန်ပြည်ထောင်စု

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.