နင်စေရင်

နင်စေရင်ရုပ်ရှင်ဇာတ်ကားကြီးအား ဒါရိုက်တာ ဝိုင်း (Own Creator)မှ စာရေးဆရာနေနော်၏ ဝတ္ထုကို ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး စိန်ဌေးရုပ်ရှင်ထုတ်လုပ်ရေးမှ ၂၀၁၃ ခုနှစ်တွင် ထုတ်လုပ်ဖြန့်ချိခဲ့သည်။ အဓိကသရုပ်ဆောင်များအဖြစ် ပြေတီဦးမင်းဦးဝတ်မှုန်ရွှေရည် တို့မှ ပါဝင်သရုပ်ဆောင်ခဲ့သည်။ [1][2]

နင်စေရင်
Theatrical poster
ဒါရိုက်တာဝိုင်း (Own Creator)
ထုတ်လုပ်သူစိန်ဌေး ရုပ်ရှင်ထုတ်လုပ်ရေး
စာရေးသူနေနော်
သရုပ်ဆောင်ပြေတီဦး
မင်းဦး
ဝတ်မှုန်ရွှေရည်
ဖြန့်ချိသည့်နေ့
  • ဩဂုတ် ၂၂၊ ၂၀၁၃ (၂၀၁၃-၀၈-၂၂)
ကြာမြင့်ချိန်
၁၀၅ မိနစ်
နိုင်ငံမြန်မာနိုင်ငံ
ဘာသာစကားမြန်မာဘာသာ

ဇာတ်ကြောင်း

တစ်ယောက်နှင့်တစ်ယောက် ချစ်ခင်စုံမက်ကြသော မိုးဆွေနှင့် ဝတ်ရည်ချိုတို့နှစ်ဦး အကြောင်းအမျိုးမျိုးကြောင့် ကွဲကွာခဲ့ကြသည်။ "မင်းသာသေစေချင်တယ်ဆိုရင် ငါသေဖို့အသင့်ပဲ"ဟု တိုင်တည်ရလောက်အောင်ပင် မိုးဆွေသည် ဝတ်ရည်ချိုအပေါ် ချစ်မြတ်နိုးခဲ့သည်။ တနေ့ မိုးဆွေ ပြောင်းလဲနေပြီဖြစ်သော သူ၏ချစ်သူ ဝတ်ရည်ချိုနှင့် ပြန်လည်ဆုံတွေ့ခဲ့ရသည်။ သူမသည် သူမ၏အမည်ကိုပင် ဂါးဂါးဟု ပြောင်းလဲထားခဲ့သည်။ ဝတ်ရည်ချိုက သူမ၏အခြေအနေတွေသည် သူမတို့နှစ်ယောက် ဘယ်တော့မှ နှစ်ကိုယ်တူမနေရတော့နိုင်ဟု ဆွေးမြေ့ဖွယ် အချစ်ဇာတ်လမ်းတစ်ပုဒ်ကို ရိုက်ကူးထားခြင်းဖြစ်သည်။

ဇာတ်ကောင်များ

ဆုများ

၂၇ ဒီဇင်ဘာ ၂၀၁၄ ၌ ကျင်းပသော မြန်မာရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား၌ ထိုရုပ်ရှင်ကားတွင် ပါဝင်သရုပ်ဆောင်ကြသော ပြေတီဦးနှင့် ဝတ်မှုန်ရွှေရည်တို့သည် ၂၀၁၃ နှစ်အတွက် အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု၊ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုများ အသီးသီးရရှိခဲ့ကြပြီး ဇာတ်ပို့အဖြစ်ပါဝင်သရုပ်ဆောင်သူ မင်းဦးမှာလည်း အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆုကို ရရှိခဲ့သည်။[3][4]

ကိုးကား

  1. နင်စေရင် - Good deal myanmar - Myanmar Discounts and Best Price Deals for you Good deal myanmar 4 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 April 2017 တွင် ပြန်စစ်ပြီး။
  2. နင်စေရင် movie.guide.com.mm 27 December 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 April 2017 တွင် ပြန်စစ်ပြီး။
  3. Mizzima News။ ၂၀၁၃ ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ
  4. ၂၀၁၃ခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆုပေးပွဲကျင်းပခဲ့ပြီး YouTube
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.