နည်းပညာတက္ကသိုလ်(မကွေး)

နည်းပညာတက္ကသိုလ်(မကွေး) သည် မကွေးတိုင်းဒေသကြီးမကွေးမြို့မှ ၇ မိုင်ခန့်အကွာ ကံပြားရွာအနီး ရန်ကုန်-ပြည်-မန္တလေး ကားလမ်းမဘေးတွင် တည်ရှိပြီး ဧရိယာအားဖြင့် ၃၂.၇၈ ဧကခန့် ကျယ်ဝန်းသည်။

Technological University, Magway
နည်းပညာတက္ကသိုလ် (မကွေး)
ဆောင်ပုဒ်စက်မှုစွမ်းအား ပြည်ထွန်းကား
Industrialization Empowers Country
ပါမောက္ခချုပ်ဒေါက်တာမြနန္ဒာလွင်
တည်နေရာကံပြားရွာ ၊မကွေးမြို့
မကွေးတိုင်းဒေသကြီးမြန်မာနိုင်ငံ

သမိုင်းကြောင်း

နည်းပညာတက္ကသိုလ်(မကွေး) ကို ၁၉၉၉ခုနှစ် ဒီဇင်ဘာလ(၂၇)ရက်နေ့တွင် အစိုးရနည်းပညာကောလိပ် (မကွေး) အဖြစ် စတင်ဖွင့်လှစ်ခဲ့သည်။ အစိုးရနည်းပညာကောလိပ် (မကွေး) တွင် သက်မွေးပညာရပ် ၂ နှစ်သင်တန်း A.G.T.I ဒီပလိုမာသင်တန်းနှင့် ၃ နှစ်တန်း (B.Tech)နည်းပညာဘွဲ့ သင်တန်းများ သင်ကြားပေးခဲ့သည်။ ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် အစိုးရနည်းပညာကောလိပ်မှ နည်းပညာ တက္ကသိုလ်အဆင့်သို့ တိုးမြှင့် ဖွင့်လှစ်ခဲ့ပြီး မြို့ပြအင်ဂျင်နီယာ၊ လျှပ်စစ်ဆက်သွယ်အင်ဂျင်နီယာ၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ၊ စက်မှုအင်ဂျင်နီယာ၊ စက်မှုအီလက်ထရောနစ် အင်ဂျင်နီယာ၊ ဓာတု အင်ဂျင်နီယာ အစရှိသည့် အင်ဂျင်နီယာဘွဲ့ကြိုသင်တန်းများ သင်ကြားပေးခဲ့သည်။[1]

သင်ကြားပေးလျက်ရှိသော ဘာသာရပ်များ

နည်းပညာတက္ကသိုလ်(မကွေး)တွင် အဓိက ဘာသာရပ် လေးခုကို သင်ကြားလျက်ရှိသည်။ အဓိက သင်ကြားသော ဘာသာရပ်လေးခုမှာ

  1. မြို့ပြအင်ဂျင်နီယာ
  2. လျှပ်စစ်စွမ်းအား အင်ဂျင်နီယာ
  3. အီလက်ထရောနစ် အင်ဂျင်နီယာ
  4. စက်မှုလျှပ်စစ် အင်ဂျင်နီယာ
  5. စက်မှုအင်ဂျင်နီယာ

အထက်ပါ အဓိက ဘာသာရပ်လေးခု နှင့် တွဲပြီး အောက်ပါ ဘာသာရပ် များပါ တွဲဖက် သင်ကြားပေးလျက် ရှိသည်။

  1. ဓာတုအင်ဂျင်နီယာ
  2. ရူပဗေဒ အင်ဂျင်နီယာ
  3. ဓာတုဗေဒ အင်ဂျင်နီယာ
  4. သင်္ချာ အင်ဂျင်နီယာ တို့ ဖြစ်သည်။

ဌာနများ

နည်းပညာတက္ကသိုလ်(မကွေး)တွင် အင်ဂျင်နီယာဘာသာရပ်ဆိုင်ရာဌာန ၆ ခု၊ စာပေ ဘာသာရပ်ဆိုင်ရာ ဌာန ၃ ခု၊ စီမံဌာနခွဲ ၃ ခုရှိသည်။[2]

အင်ဂျင်နီယာဘာသာရပ်ဆိုင်ရာဌာနများ

  1. မြို့ပြအင်ဂျင်နီယာဌာန
  2. လျှပ်စစ်ဆက်သွယ်အင်ဂျင်နီယာဌာန
  3. လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာန
  4. စက်မှုအင်ဂျင်နီယာဌာန
  5. စက်မှုအီလက်ထရောနစ်အင်ဂျင်နီယာဌာန
  6. ဓာတုအင်ဂျင်နီယာဌာန

စာပေဘာသာရပ်ဆိုင်ရာဌာနများ

  1. အင်ဂျင်နီယာသင်္ချာဌာန
  2. အင်ဂျင်နီယာသိပ္ပံဌာန
  3. ဘာသာစကားဌာန

စီမံဌာနခွဲများ

  1. စီမံရေးရာဌာန
  2. ကျောင်းသားရေးရာဌာန
  3. ငွေစာရင်းဌာန
  4. စာကြည့်တိုက်ဌာန

ကိုးကား

  1. Background History ၁၁ စက်တင်ဘာ ၂၀၁၆ တွင် ပြန်စစ်ပြီး။
  2. Departments ၁၁ စက်တင်ဘာ ၂၀၁၆ တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.