နန္ဒဒေဝီ နှင့် ပန်းပွင့်တောင်ကြား အမျိုးသားဥယျာဉ်
နန္ဒဒေဝီ နှင့် ပန်းပွင့်တောင်ကြား အမျိုးသားဥယျာဉ် အိန္ဒိယနိုင်ငံ ဥတ္တရခန်ပြည်နယ်တွင် တည်ရှိသော ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာ တစ်ခု ဖြစ်သည်။ [1] ၎င်းသည် ၂၀ ကီလိုမီတာမျှ ကွာဝေးသော နန္ဒဒေဝီ အမျိုးသားဥယျာဉ် နှင့် ပန်းပွင့်တောင်ကြား အမျိုးသားဥယျာဉ် နှစ်ခုတို့အပြင် ၎င်းတို့ကို ဝန်းရံနေသော ကြားခံနယ်မြေ ပါ ပါဝင်သည်။
နန္ဒဒေဝီ နှင့် ပန်းပွင့်တောင်ကြား အမျိုးသားဥယျာဉ်* | |
---|---|
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ | |
![]() | |
ပန်းပွင့်တောင်ကြား တိမ်တိုက်များကြားမှ မြင်ရသော နန္ဒဒေဝီ၏ မြင်ကွင်း | |
တည်ရှိသည့် နိုင်ငံ | ![]() |
အမျိုးအစား | သဘာဝ |
ရွေးချယ်သည့်စံနှုန်း | vii,x |
ကိုးကား | ၃၃၅ |
ဒေသ** | အာရှနှင့် ပစိဖိတ် |
သတ်မှတ်ခြင်း မှတ်တမ်း | |
စတင်သတ်မှတ်ခြင်း | ၁၉၈၈ (၁၂ကြိမ်) |
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည် ** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ |
၁၉၈၈ ခုနှစ်တွင် ထိုဒေသအား "နန္ဒဒေဝီ အမျိုးသား ဥယျာဉ်" အဖြစ် ယူနက်စကိုမှ စာရင်းသွင်းခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် ပန်းပွင့်တောင်ကြား အမျိုးသားဥယျာဉ်ကိုပါ တိုးချဲ့ ထည့်သွင်းခဲ့ပြီး ကြားခံနယ်မြေကိုပါ ထည့်သွင်းကာ "နန္ဒဒေဝီ နှင့် ပန်းပွင့်တောင်ကြား အမျိုးသားဥယျာဉ်များ" ဟု ပြောင်းလဲခေါ်ဆိုခဲ့သည်။
ထိုဒေသ၏ ဧရိယာများမှာ အောက်ပါအတိုင်း ဖြစ်သည်။
- ၆၃၀.၃၃ km2 (၂၄၃.၃၇ sq mi) - နန္ဒဒေဝီ အမျိုးသားဥယျာဉ် ပင်မဒေသ
- ၈၇.၅၀ km2 (၃၃.၇၈ sq mi) - ပန်းပွင့်တောင်ကြား အမျိုးသားဥယျာဉ် ပင်မဒေသ
- ၅,၁၄၈.၅၇ km2 (၁,၉၈၇.၈၇ sq mi)[1] - ကြားခံနယ်မြေ
ကိုးကား
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.