နန္ဒာလှိုင်

နန္ဒာလှိုင်သည် မွန်လူမျိုး မြန်မာနိုင်ငံ ရုပ်ရှင်သရုပ်ဆောင် ဖြစ်သည်။

အကယ်ဒမီ
နန္ဒာလှိုင်
နိုင်ငံလူမျိုးမြန်မာနိုင်ငံသား မွန်လူမျိုး
မိခင်ကျောင်းရန်ကုန်တက္ကသိုလ်
အလုပ်အကိုင်သရုပ်ဆောင်
ဇာတိမော်လမြိုင်
အိမ်ထောင်ဖက်(များ)ဇေသီဟ (m. 2008)
သားသမီးဇေဝတီလှိုင်
ဇေရတီလှိုင်
ဇေမဒီလှိုင်
ဆွေမျိုးသားချင်းဦးခင်ရွှေ (ယောက္ခမ)

ရုပ်ရှင်ထူးချွန်ဆု

၁၉၉၆ ခုနှစ်တွင် မြားနတ်မောင် ရုပ်ရှင်ဇာတ်ကားကြီးဖြင့် အနုပညာလောကထဲသို့ စတင် ဝင်ရောက်လာကာ ၁၉၉၈ ခုနှစ်တွင် ရွှေနံ့သာစံအိမ် ဇာတ်ကား၌ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုကို ရရှိခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် တောင်သမန်သစ္စာ ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိခဲ့သည်။[1]

မိသားစု

နန္ဒာလှိုင်သည် မွန်လူမျိုးဖြစ်သည်။ ဦးခင်ရွှေ၏ သားဖြစ်သူ ဇေသီဟနှင့် ၂၀၀၈ ခုနှစ် မေလတွင် လက်ထပ်ခဲ့သည်။[2][3] ၂၀၁၁ ဧပြီ ၁၉ ရက်နေ့တွင် ဒုတိယ သမီးဖြစ်သူ ဇေရတီလှိုင်ကို မွေးဖွားခဲ့ပြီး[4] ၂၀၁၄ ခုနှစ် ဇူလိုင် ၂၄ ရက်နေ့တွင် တတိယသမီးဖြစ်သူ ဇေမဒီလှိုင်ကို မွေးဖွားခဲ့သည်။[5]၂၀၁၂ ခုနှစ် ဇန်နဝါရီလတွင် နန္ဒာလှိုင်၏ ကုမ္ပဏီဖြစ်သော မဟာနန္ဒာထရိတ်ဒင်းကုမ္ပဏီသည် Missha အလှကုန်ပစ္စည်းများအား မြန်မာနိုင်ငံတွင်း တင်သွင်းဖြန့်ဖြူးခွင့်ကို ရရှိခဲ့သည်။[6][7]

ကိုးကား

  1. Aye Lae။ "HIV Film Wins Burma’s Oscar"၊ The Irrawaddy၊ 8 February 2008 11 July 2015 တွင် ပြန်စစ်ပြီး
  2. Commission Regulation (EU) No 411/2010 European Commission (10 May 2010)။ 29 October 2012 တွင် ပြန်စစ်ပြီး။
  3. "Drug investigation, heavy punishment likely for Maung Weik"၊ Mizzima၊ 3 July 2008 29 October 2012 တွင် ပြန်စစ်ပြီး
  4. နေကွန်းထင်။ "မိသားစု ပုံရိပ်တွေနဲ့ သမီးနှစ်ယောက်အကြောင်း ပြောတဲ့ နန္ဒာလှိုင်" (in Burmese)၊ Yadanapon၊ 6 May 2011 11 July 2015 တွင် ပြန်စစ်ပြီး
  5. Zwe Nyan။ "တတိယမြောက် သမီးငယ်ဖွားမြင်တဲ့ နန္ဒာလှိုင်" (in my)၊ 7 Day Daily၊ 25 July 2014 11 July 2015 တွင် ပြန်စစ်ပြီး
  6. "MISSHA COSMETICS" (in Burmese)၊ Mahar Nandar Trading Co., Ltd.၊ 2014 11 July 2015 တွင် ပြန်စစ်ပြီး Archived from the original on 12 July 2015။
  7. ချစ်ဆုဆွေ။ "ကိုရီးယားထုတ် MISSHA အလှကုန် မိုးရာသီ အထူးအစီအစဉ် အဖြစ် ဈေးလျှော့ရောင်းမည်" (in Burmese)၊ Yatanarpon၊ 22 April 2015 11 July 2015 တွင် ပြန်စစ်ပြီး

ပြင်ပလင့်ခ်များ


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.