နာဟုံအနာဂတ္တိကျမ်း

ဤသေးငယ်သော နာဟုံအနာဂတ္တိကျမ်းကို တပါးအမျိုးသား(နိနေဝေ)တို့ တန်ခိုးကြီးစွာနေစဉ် ခေတ်ကာလ၌ ရေးသားခြင်းဖြစ်သော်လည်း အမျိုးသားရေးကျမ်းမဟုတ်။ ဘုရားလူမျိုးတော်အပေါ် ခုန်ကျော်ဝင်ရောက်လာသည့် စစ်မက်ရေးရာနှင့် တန်ခိုးအာဏာစနက်ဖိစီးမှု ငြင်းပယ်ခြင်း အကြောင်းဖြစ်၏။ အယူလွဲနောက်လိုက်၍ ဒုစရိုက်ပြုကြသောဘုရားလူ များအားဆုံးမရန် မိစ္ဆာလူမျိုးခြားတို့ကို အသုံးပြုသော်လည်း အသုံးပြုသော ထိုမိစ္ဆာများမှာလည်း အရေးယူအပြစ်စီရင်ခြင်းခံရမည်။


၂။ ကျမ်းရေးသူ

နာဟုံကို ဧလကောရှ  Elkosh နယ် မထင်ရှားသောမြို့ငယ်လေးတမြို့၌ မွေးဖွားခဲ့သည်။ သို့သော် ဂါလိလဲပင်လယ်ကမ်းခြေရှိ ကပေရနောင်မြို့သားဟု မကြားခဏဆိုစမှတ်ပြုကြသည်။ (ကပေရနောင်သည် ဟေဗြဲဘာသာစကားဖြင့် Kaphar Nahum ဖြစ်၍ နာဟုံ၏မြို့ဟု အနက်ရသည်)။ နာဟုံ၏အဓိပ္ပါယ်မှာ “နှစ်သိမ့်သူ” ဖြစ်သည်။

၃။ အချိန်ကာလ

ရေးသားသည့်အချိန်ကာလအတိအကျ မသိရှိသော်လည်း ရာစုနှစ်တစ်ဝက်အတွင်း ရေးသားခြင်းဖြစ်ကြောင်းတပ်အပ် ဆိုနိုင်သည်။ ဘီစီ-၆၆၃ ခုတွင် နောမုန်မြို့ No-Amon(Thebes) သိမ်းပိုက်ခံပြီ:သည့်နောက်ပိုင်းဖြစ်သည်။ ထိုအကြောင်းကို ဤကျမ်း၏ ၃:၈ တွင် သမိုင်းခြေရာပေးထားသည်။ နိနေဝေမြို့ပျက်စီးသည့် ဘီစီ -၆၁၂ ခုမတိုင်မီတွင် ကာလအတွင်းပြီးစီးသည်။ မင်းဆိုးမင်းညစ် မနာရှေ စိုးစံသည့် (ဘီစီ-၆၉၆-၆၄၂) အထူးသဖြင့် ဘီစီ-၆၆၃ ခုနှင့် ၆၅၄ ခုအကြားဖြစ်ဖွယ်ရာရှိသည်။

၄။ နောက်ခံသမိုင်းနှင့်ရည်ရွယ်ချက်

ဧလကောရှ Elkoshite နယ်သား နာဟုံက အာရှုရိပြည်သားများ၏ ကြမ္မာဆိုးနှင့် ဘုရားသခင်၏လူများ ပြန်လည်စုစည်းကြမည့်အကြောင်း ပရောဖက်ပြုလျက် ယုဒလူတို့အားနှစ်သိမ့်မှုပေးခြင်းဖြစ်သည်။ ဤကျမ်းကို ယောနအနာဂတ္တိကျမ်း ဖြည်စွက်ချက်ဟုမှတ်ယူနိုင်သည်။ ယောနအနာဂတ္တိကျမ်းတွင်နနေဝေသားများ နောင်တရကြောင်း တွေ့ရသော်လည်း နာဟုံအနာဂတ္တိကျမ်းတွင်မူ လမ်းဟောင်းသို့ပြန်သွားကြသောကြောင်း အမျက်တော်သင့်ကြရသည်။ သခင်ယေရှုကနောင်တမရနိုင်ကြသော ဖာရိရှဲများအား နိနေဝေမြို့သားများထံ အတုယူခဲ့ကြရန်သင်ခန်းစာပေခဲ့သည်(မ၊၁၂:၄၁)။

ဤကျမ်းစာစောင်ငယ်က စစ်မှုရေးရာတို့ကို လုံးဝရှုတ်ချသည်။ အာရှုရိတို့သည် ကမ်းကုန်ရက်စက်ကြမ်းကြုတ်သူများ ဖြစ်ကြသည်။ စစ်ရေးအောင်မြင်မှု အထိမ်းအမှတ်အဖြစ် ထွင်းထုထားသောမော်ကွန်းကျောက်စာပန်ချီးမှ သူတို့စရိုက်ကိုတွေ့မြင်နိုင်သည်။ ဖမ်းဆီးရမိသောရန်သူ သုံ့ပန်းများအား အရေခွံခွါ၍ တဲများ၊ နံရံများကို ဂုဏ်ယူဝါးကြွားစွာ ချိပ်ဆွဲကြသည်။ တိုက်ခိုက်လို သတ်ဖြတ်လိုစိတ်ပြင်းပြသော စစ်သွေးကြများဖြစ်သည်။

နိနေဝေမြို့ကောင်းစားခြင်း၊ ပျက်သုဉ်းခြင်းအပါအဝင် အရာခပ်သိမ်းတို့ကို ထိန်းချုပ်အုပ်စိုးတော် မူသော ဣသရေလဘုရားသခင်အားလည်း အာရှုရိလူတို့က ပမာမခန့်ပြက်ယယ်ပြု ခဲ့ကြသည်။

ထိုခေတ်ကာလက ကမ္ဘာအကြီးကျယ်ဆုံးမြို့တော် ဖြစ်သော နိနေဝေမြို့ကို ပျက်သုဉ်းမည့်အကြောင်းကို ပရောဖက်နာဟုံက နိမိတ်ပေးခဲ့သည်။ ထိုပရောဖက်ပြု ချက်ပြည့်စုံမှုကို အပိုင်းနှစ်ပိုင်းခွဲခြား ရှုမြင်နိုင်သည်။ လက်တွေ့တစ်ပိုင်းအားဖြင့် နိနေဝေပြိုလဲ ပျက်စီးပြီ:ပြည့်စုံခဲ့သလို အခြားတစ်ပိုင်းမှာ အနာဂတ်၌ အာရှုရိပြည်သည် ဘုရားလူမျိုးတော်ကို ဆက်လက်ခြိမ်းခြောက်ကြဦးမည့် သတိပေးချက်ဟုယူနိုင်သည်။

ပါဝင်သည့်အချက်များ

၁။ ဘုရားသခင်၏ ဂုဏ်အင်လက္ခဏာ–တရားသူကြီး (၁:၁–၈)

၂။ နိနေဝေမြို့၏ကံကြမ္မာဆိုး(၁:၉-၁၅)

၃။ နိနေဝေမြို့ဝိုင်းရံခံခြင်း(၂:၁-၁၂)

၄။ နိနေဝေမြို့တော်အား ဖျက်ဆီးရန် သဘောတော် (၂:၁၃-၃:၁၉)

TAGS: နာဟုံအနာဂတ္တိကျမ်း

ကိုးကား

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.