နိုင်ငံတကာ သဘာဝထိန်းသိမ်းစောင့်ရှောက်ရေး အသင်း
နိုင်ငံတကာ သဘာဝထိန်းသိမ်းစောင့်ရှောက်ရေး အသင်းသည် သဘာဝထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ဆောင်ရွက်သော နိုင်ငံတကာ အဖွဲ့အစည်းဖြစ်သည်။ သဘာဝရင်းမြစ်များကို ရေရှည်အသုံးပြုနိုင်ရန် ဆောင်ရွက်ရပြီး အချက်အလက်များ စုဆောင်းခြင်း၊ သုတေသနဆောင်ရွက်ခြင်း၊ ပရောဂျက်များနှင့် ပညာပေးလုပ်ငန်းများ ပါဝင်သည်။ ယင်း၏ ရည်မှန်းချက်မှာ သဘာဝရင်းမြစ်များကို အသုံးပြုရာတွင် တန်းတူညီမျှရေးနှင့် စီးပွားရေးအရ ရေရှည်တည်တံ့ရန်အတွက် တစ်ကမ္ဘာလုံးရှိအသင်းအဖွဲ့များကို အားပေးကူညီရန်ဖြစ်သည်။ အခြားနိုင်ငံတကာအဖွဲ့အစည်းများနှင့်မတူသည်မှာ အသင်းသည် အများပြည်သူများနှင့် တိုက်ရိုက်ထိတွေ့မှုမရှိဘဲ သက်ဆိုင်ရာအစိုးရ၊ အာဏာပိုင်များကို လိုအပ်သောအချက်အလက်များ၊ အကြံဉာဏ်များ ထောက်ပံ့ပေးသည်။ အသင်းသည် ကမ္ဘာပေါ်ရှိ မျိုးသုဉ်းပျောက်ကွယ်နိုင်ခြေရှိသော သက်ရှိမျိုးစိပ်များကို သတ်မှတ်ရာ၌ ထင်ရှားသည်။ အစိုးရနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းပေါင်း ၁၄၀၀ ကျော်ပါဝင်ထားပြီး စေတနာဝန်ထမ်းများ၊ သိပ္ပံပညာရှင်များ ၁၆၀၀၀ ပါဝင်သည်။ နိုင်ငံပေါင်း ၅၀ ကျော်တွင် အချိန်ပြည့်ဝန်ထမ်းပေါင်း ၁၀၀၀ ရှိပြီး[2] ရုံးချုပ်မှာ ဆွန်ဇာလန်နိုင်ငံ၊ ဂလန်းမြို့တွင် တည်ရှိသည်။[2]
ဖွဲ့တည်ချိန် | အောက်တိုဘာ ၅၊ ၁၉၄၈ (as International Union for the Protection of Nature) Fontainebleau, France |
---|---|
အမျိုးအစား | နိုင်ငံတကာ အဖွဲ့အစည်း |
ရည်ရွယ်ချက် | Nature conservation, biodiversity |
တည်နေရာ |
|
ဝန်ဆောင်မှုဒေသ | Worldwide |
အဖွဲ့ဝင် | 1300 |
အရေးကြီးပုဂ္ဂိုလ်များ | Grethel Aguilar (Director General a.i.) Zhang Xinsheng (President) |
ဘဏ္ဍာရေး | CHF 114 million / US$ 116 million (2013) |
အလုပ်သမား | Over 900 (worldwide) |
စေတနာ့ဝန်ထမ်း | 10,000+ |
မစ်ရှင် | "Influence, encourage and assist societies throughout the world to conserve the integrity and diversity of nature and to ensure that any use of natural resources is equitable and ecologically sustainable."[1] |
ဝက်ဘ်ဆိုဒ် | IUCN.org |
ကိုးကား
- About IUCN:IUCN's Vision and Mission။ iucn.org။ IUCN (2014-12-03)။ 27 November 2015 တွင် ပြန်စစ်ပြီး။
- About IUCN။ IUCN။ 17 November 2014 တွင် ပြန်စစ်ပြီး။