နို့တိုက်သတ္တဝါ

နို့တိုက်သတ္တဝါ (သိပ္ပံအမည် Mammalia) များသည် ကျောရိုးရှိတိရစ္ဆာန်တစ်မျိုး ဖြစ်သည်။ နို့တိုက်သတ္တဝါများ၏ ထူးခြားချက်မှာ ကိုယ်ခန္ဓာတွင် အမွှေးအမှင်များ၊ ချွေးဂလင်းများ၊ နားစည်ရိုးများနှင့် ဦးဏှောက်တွင် neocortex ရှိပြီး အမများတွင် နို့ရည်စစ်ထုတ်ပေးသည့် ဂလင်းများ ပါရှိခြင်းဖြစ်သည်။

နို့တိုက်သတ္တဝါများ
Temporal range: 220–0 Ma
PreЄ
Є
O
S
D
C
P
T
K
Pg
N
Triassic – Recent
Clockwise from the upper left: giraffe, golden crown fruit bat, lion, hedgehog
မျိုးရိုးခွဲခြားခြင်း
ဒိုမိန်း:
Eukarya
လောက:
Animalia
မျိုးပေါင်းစု:
Chordata
မျိုးပေါင်းစုသေး:
Vertebrata
Infraphylum:
Gnathostomata
Superclass:
Tetrapoda
(unranked)Amniota
မျိုးပေါင်း:
Mammalia

Linnaeus, 1758
Clades
  • Subclass †Allotheria*
  • Clade Australosphenida
  • Subclass Theria
    • Infraclass †Trituberculata
    • Infraclass Metatheria
    • Infraclass Eutheria

သတ္တဝါများ မွေးဖွားသည့် နည်းလမ်းကို အစွဲပြုကာ နို့တိုက်သတ္တဝါများအား အကြမ်းအားဖြင့် monotreme၊ marsupial (သားပိုက်ကောင်) နှင့် placental (အချင်းပါ) ဟူ၍ အမျိုးအစား သုံးမျိုးခွဲခြားနိုင်သည်။ ဥချသည့် monotreme မျိုးစိတ် ၅ မျိုးမှလွဲ၍ ကျန်နို့တိုက်သတ္တဝါများသည် မိမိတို့၏ ရင်သွေးများအား ခန္ဓာကိုယ်အတွင်း သန္ဓေတည်ပြီးမှ မွေးဖွားကြသည်။

နို့တိုက်သတ္တဝါ အများစုတွင် ထူးခြားသည့် သွားများရှိသည်။ နို့တိုက်သတ္တဝါများအကြား အကြီးမားဆုံးအုပ်စုဖြစ်သည့် placental များသည် ကိုယ်ဝန်ဆောင်ချိန်တွင် သန္ဓေသားများအား ချက်ကြိုးမှတဆင့် အဟာရဓာတ်များကို ပံ့ပိုးပေးသည်။ နို့တိုက်သတ္တဝါများသည် အခန်း ၄ ခန်းပါ နှလုံးဖြင့် ခန္ဓာကိုယ်အတွင်း သွေးများကို လည်ပတ်စေသည့် သွေးနွေးသတ္တဝါများ ဖြစ်ကြသည်။

ကမ္ဘာပေါ်တွင် နို့တိုက်သတ္တဝါ မျိုးစိတ်ပေါင်း ၅,၄၀၀ ခန့်ရှိပြီး ခန္ဓာကိုယ် အရွယ်အစားအားဖြင့် ၁ လက်မ သာသာခန့် ဘန်းဘီးလင်းနို့မှ ပေ ၁၀၀ ကျော်သည့် ဝေလငါးအထိ ရှိသည်။ ဝင်ရိုးစွန်းဝက်ဝံတွေကအစ သဲကန္တာရ ကုလားအုတ်အဆုံး ကမ္ဘာတစ်ဝန်းမှာ နို့တိုက်သတ္တဝါများကို တွေ့မြင်နိုင်သည်။ လူသားများသည် နို့တိုက်သတ္တဝါများဖြစ်ပြီး ပရိုင်းမိတ် (Primates) မျိုးကွဲတွင် ပါဝင်သည်။

လင်းနို့များသည် တစ်မျိုးတည်းသော ပျံသန်းနိုင်စွမ်းရှိသည့် နို့တိုက်သတ္တဝါ ဖြစ်သည်။ ရေပျော် နို့တိုက်သတ္တဝါများမှာ ဝေလငါးလင်းပိုင်ပင်လယ်ဖျံတို့ဖြစ်ကြသည်။ အခြား နို့တိုက်သတ္တဝါများနည်းတူပင် အသက်ရှူရန် လေကို အဆုတ်ထဲ ရှူသွင်းဖို့ လိုတာကြောင့် ရေမျက်နှာပြင်ကို မှန်မှန်တက်ပြီး နှာခေါင်းဖော် အသက်ရှူရလေ့ ရှိသည်။

ဘဲတူဖျံတူ သတ္တဝါတစ်မျိုးသည် မြစ်ကမ်းပါးပေါင်က အသိုက်ထဲမှာ ဥ ဥပြီး သားပေါက်လာသောအခါ မိခင်၏အရေပြားက စိမ့်ထွက်လာသော နို့ရည်များကို လျှာနှင့် လျက်ကြသည်။

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.