နေပြည်တော် ပြည်ထောင်စုနယ်မြေ

နေပြည်တော် ပြည်ထောင်စုနယ်မြေ (အင်္ဂလိပ်: Naypyidaw Union Territory)သည် မြန်မာနိုင်ငံ၏ အဓိကအကျဆုံးသော အုပ်ချုပ်ရေးနယ်မြေတစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးမြို့တော်ဖြစ်သော နေပြည်တော် တည်ရှိရာ နယ်မြေဖြစ်သည်။

နေပြည်တော် ပြည်ထောင်စုနယ်မြေ
ပြည်ထောင်စုနယ်မြေ
Naypyidaw Union Territory
နေပြည်တော် ပြည်ထောင်စုနယ်မြေ
နေပြည်တော် ပြည်ထောင်စုနယ်မြေ တည်နေရာ
ကိုဩဒိနိတ်: 19°45′0″N 96°6′0″E
နိုင်ငံ မြန်မာ
ဒေသမြန်မာနိုင်ငံ အလယ်ပိုင်း
မြို့တော်နေပြည်တော်
အစိုးရ
  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သမ္မတဦးဝင်းမြင့်
  မြို့တော်ဝန်နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးမျိုးအောင်
လူဦးရေ (၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း)
  စုစုပေါင်း၁,၁၅၈,၃၆၇
အချိန်ဇုန်မြန်မာ စံတော်ချိန် (UTC+၆:၃၀)
မြန်မာနိုင်ငံ၏
အုပ်ချုပ်ရေးနယ်မြေဒေသများ
ပထမ အဆင့်
ဒုတိယ အဆင့်
တတိယ အဆင့်
စတုတ္ထ အဆင့်
ပဉ္စမ အဆင့်

ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများ

နေပြည်တော် ပြည်ထောင်စုနယ်မြေကို အောက်ပါအတိုင်း ဖွဲ့စည်းထားသည်။[1] ခရိုင် (၂)ခု ရှိသည်။

  1. ဒက္ခိဏခရိုင်
  2. ဥတ္တရခရိုင်

မြို့နယ် (၈) ခုရှိသည်။ ဒက္ခိဏခရိုင်တွင်

  1. ဇမ္ဗူသီရိမြို့နယ်
  2. ဒက္ခိဏသီရိမြို့နယ်
  3. ပျဉ်းမနားမြို့နယ်
  4. လယ်ဝေးမြို့နယ်

ဥတ္တရခရိုင်တွင်

  1. ဇေယျာသီရိမြို့နယ်
  2. တပ်ကုန်းမြို့နယ်
  3. ပုဗ္ဗသီရိမြို့နယ်
  4. ဥတ္တရသီရိမြို့နယ်

မြို့ပေါင်း (၈)မြို့၊ ရပ်ကွက်ပေါင်း (၅၇)ကွက်၊ ကျေးရွာအုပ်စု (၁၈၇) အုပ်စု၊ ရွာပေါင်း (၇၉၅) ရွာ ရှိသည်။ [2]

အုပ်ချုပ်ရေး

နေပြည်တော် ပြည်ထောင်စုနယ်မြေသည် နိုင်ငံတော် သမ္မတ၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင် ရှိသည်။ နေပြည်တော်ကောင်စီကို ဥက္ကဋ္ဌတစ်ဦး၊ အတွင်းရေးမှူးတစ်ဦးနှင့် ကောင်စီဝင် ကိုးဦးတို့ဖြင့် ဖွဲ့စည်းထားသည်။ ြမန်မာနိုင်ငံ၏ ရုံးများရှိရာ နေရာလည်းဖြစ်သည်။ လွှတ်တော် အဆောက် အဦးသည်လည်း နေပြည်တော်တွင် တည်ရှိသည်။[3]

လည်ပတ်ရန်နေရာများ

နေပြည်တော်တွင် လည်ပတ်စရာကောင်းသော နေရာများအဖြစ် နေပြည်တော်ရေပန်းဥယျာဉ်၊ လှေခွင်းတောင်ရေချိုးဆိပ်၊ ဥပ္ပါတသန္တိ စေတီတော်တိရိစ္ဆာန်ဥယျာဉ်၊ ဆာဖာရီဥယျာဉ်၊ ပျဉ်းမနား သမိုင်းဝင် ကိုးဆူဘုရား၊ လယ်ဝေး သမိုင်းဝင် ဖောင်တော်ချက်မဘုရား၊ လယ်ဝေး သမိုင်းဝင် ရန်အောင်မြင်ရွှေလက်လှဘုရားသတ္တဌာန စေတီတော်အမျိုးသားအထိမ်းအမှတ်ဥယျာဉ်(နေပြည်တော်)စစ်သမိုင်းပြတိုက်၊ စာကြည့်တိုက်များ၊ ဥတ္တရသီရိ အိုးရှင်း စသည့်ဖြင့် နေရာများစွာ ရှိသည်။

ကိုးကား

  1. District Map - Nay Pyi Taw မြန်မာ သတင်း အချက်အလက် စီမံ ခန့်ခွဲမှုယူနစ် (MIMU) (၂၃ အောက်တိုဘာ ၂၀၁၇)။ 3 March 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၉ ဒီဇင်ဘာ ၂၀၁၇ တွင် ပြန်စစ်ပြီး။
  2. နေပြည်တော် တိုင်းဒေသကြီး နှင့် ပြည်နယ်များရှိ ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာ ဦးရေ စာရင်းချုပ် (၁၆. ၂. ၂၀၁၆)
  3. နေပြည်တော်ကောင်စီ ဖွဲ့စည်းခြင်း နိုင်ငံတော်သမ္မတရုံး (၃၀ မတ် ၂၀၁၁)။


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.