နေသွေးနီ

ကဗျာဆရာကြီး နေသွေးနီကို ရမည်းသင်းမြို့၊ အရှေ့ဘက် ၆ မိုင်ခန့်ရှိ စံပြသိမ်ကုန်းကျေးရွာတွင် မွေးဖွားသည်။

ကဗျာဆရာကြီး နေသွေးနီသည် ကဗျာ၊ ဝတ္ထုများအပြင် သီချင်းတပုဒ်လည်း ရေးသားဖူးသည်။ [1]

၂၀၁၂ မေလက ရသအလင်း ဖောင်ဒေးရှင်း က ချီးမြှင့်သော ဂုဏ်ပြုလွှာကို ဆရာမောင်စိမ်းနီက ဆရာ နေသွေးနီကို ပေးအပ်ခဲ့သည်။

ဂုဏ်ပြုလွှာတွင် မြန်မာနိုင်ငံ၏ လွတ်လပ်ရေး ရပြီးစ ပြည်တွင်းစစ်ခေတ် မီးတောက်ကြား ပြည်သူ လူထု၏ ဘဝနှင့်ဝေဒနာကို လူငယ်ဒေသနာ နှင့် ကဗျာ တွင်ရစ်စေခဲ့သည့် အတွက် လည်းကောင်း၊ ‘ကဗျာ တစ်ပုဒ်၁၅ကျပ်၊ ငတ်ချင်ငတ်ပြတ် ချင်ပြတ်၊ စိတ်ဓာတ်မကျ ရေးစို့ဗျ’ ဟု ပြည်သူထဲမှာ သက်တမ်းရှည်ကြာ ကဗျာအလံ မလှဲနေလာခဲ့သည့် အတွက် လည်းကောင်း၊ စာရေးဆရာနှင့် ကဗျာဆရာ အဖွဲ့ အစည်း များတွင် ခေတ်အလျောက် ပါဝင် ပခုံးထမ်းခဲ့သည့် အတွက်လည်းကောင်း ရိုးရှင်း ခိုင်ကျည်သည့် အနုပညာနှင့် ကဗျာ သစ္စာ ခိုင်မြဲနေနိုင်သော ကဗျာ ဆရာ နေသွေးနီ ဟု ဖော်ပြထားသည်။ [2]

နေသွေးနီသည် ၂၀၁၄ ခုနှစ် ဧပြီလ (၁၆)ရက်နေ့ သင်္ကြန်အတက်နေ့ ညက လှည်းကူးမြို့နယ် ငါးဆူတောင်ကျေးရွာ နေအိမ်တွင် ကွယ်လွန်သွားသည်။ နေသွေးနီသည် ကွယ်လွန်တွင် အသက် ၈၄ နှစ် ရှိပြီ ဖြစ်သည်။

ကိုးကား

  1. ဝန်ဇင်းမင်းရာဇာ ဘလော့ဂ်
  2. Popular Myanmar
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.