နှင်း

နှင်း သည် ရေခဲ ၏ အခြားအသွင်ဖြစ်သည်။ [1] လေထုထဲရှိ ရေသည် အေးခဲလာသောအခါ နှင်းဖြစ်ပေါ်လာသည်။ ပုံသဏ္ဌာန် အမျိုးမျိုး ဖြစ်ပေါ်လေ့ရှိသည်။

နှင်းဖုံးသစ်ပင်

ရေခဲမှတ် (0° Celsius, 32° Fahrenheit) တွင် အချို့နှင်းများသည် အရည်ပျော်ကာ ရေဖြစ်လာသည်။ တစ်ခါတရံတွင် အရည်ပျော်ခြင်း မြန်ဆန်ကာ ရေငွေ့အဖြစ် ပြောင်းလဲသွားသည်။ ၎င်းကို sublimation ခေါ် ရေခဲငွေ့ပြန်ခြင်း ဖြစ်စဉ်ဟု ခေါ်သည်။ ပြောင်းပြန် အဖြစ် ရေငွေ့မှ နှင်း ဖြစ်ပေါ်ခြင်းလဲ ရှိကာ ၎င်းကို deposition ဟုခေါ်သည်။

အချို့သော စကိတ်စီးခြင်း၊ နှင်းလျှောစီးခြင်း ကဲ့သို့သော ဆောင်းတွင်းအားကစားများ လုပ်ရန်အတွက် နှင်းထုကို လိုအပ်သည်။ အချို့လူများကလည်း နှင်းများနှင့် ကစားခြင်း၊ အပျော်အဆောက်အဦးများ ဆောက်လုပ်ခြင်း ကို လုပ်ဆောင်ကြသည်။

နှင်းကျချိန်တွင် မြင်ကွင်းမှုန်ဝါးခြင်း၊ ကားမောင်းနှင်ရန် ခက်ခဲခြင်း စသည့် အန္တရာယ် ရှိနိုင်သည်။ နှင်းကျသောအခါ နေ့အချိန်တွင် အနည်းငယ် အရည်ပျော်၍ ညအချိန်တွင် ပြန်အေးခဲသည်။ ၎င်းမှ ရေခဲကို ဖြစ်ပေါ်စေသောကြောင့် ကားများ ချော်ထွက်၍ တိုက်မိနိုင်သည်။ ထို့ကြောင့် လမ်းပေါ်တွင် ကားတိုက်မှု အန္တရာယ် နည်းပါးစေရန် နှင်းရှင်းကားများ အသုံးပြုကြသည်။ ထို့နောက် သဲ နှင့် ဆားများ ပက်ဖျန်းခြင်းဖြင့် လမ်းမချော် စေရန် ဆောင်ရွက်လေ့ ရှိသည်။ နှင်းထဲသို့ ဆား ပက်လိုက်သော အခါ ဆားသည် နှင်း အရည်ပျော်မှုကို မြန်ဆန်စေသည်။ ဆားငန်ရည် သည် ရိုးရိုးရေ ထက် အရည်ပျော်မှတ် နှိမ့်ကျသောကြောင့် ဖြစ်သည်။

နှင်းမုန်တိုင်း သည် အန္တရာယ် ကြီးသော ရာသီဥတု ဖြစ်သည်။ နှင်းမုန်တိုင်း မှ နှင်းအများအပြား ကျဆင်းစေကာ ပြင်းထန်သော လေတိုက်သည်။ ထို့ပြင် နှင်းထု တွင် လျှပ်စစ် ပါသော နှင်း မိုးကြိုး ကို လည်းဖြစ်ပေါ်စေတတ်သည်။ မိုးရေ လည်း ကျသကဲ့သို့ မိုးရေ အစား နှင်းများကို လည်း ကျဆင်းစေတတ်သည်။

ကိုးကား

  1. Science in Your Watershed - General Introduction and Hydrologic Definitions water.usgs.gov (2011 [last update])။ 13 February 2011 တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.