နှလုံးရောဂါ
နှလုံးရောဂါ သို့မဟုတ် နှလုံးကြွက်သားတစ်ရှူးသေခြင်းသည် နှလုံး၏ အစိတ်အပိုင်းတစ်ခုကို ထောက်ပံ့နေသော သွေးစီးဆင်းမှု လျော့နည်းခြင်းကြောင့်သော်လည်းကောင်း၊ ရပ်တန့်သွားခြင်းကြောင့်သော်လည်းကောင်း နှလုံးကြွက်သားကို ထိခိုက်စေရာမှ ဖြစ်ပေါ်သော ရောဂါဖြစ်သည်။အဖြစ်အများဆုံး ရောဂါပြလက္ခဏာမှာ ရင်ဘတ်နာကျင်ခြင်း သို့မဟုတ် ရင်ဘတ်မအီမသာဖြစ်ခြင်း နှင့် ထိုမှတဆင့် ပခုံး၊လက်မောင်း၊ကျော၊လည်ပင်း နှင့် မေးရိုးတို့အထိ ပြန့်နှံ့သွားခြင်းတို့ဖြစ်သည်။[1]အများအားဖြင့် နာကျင်မှုသည် ရင်ဘတ် အလယ်တည့်တည့် သို့မဟုတ် ဘေးဘက်မှ ဖြစ်လေ့ရှိပြီး မိနစ်အနည်းငယ် ကြာမြင့်တတ်သည်။ရင်ဘတ်မအီမသာဖြစ်မှုသည် အစာအိမ်ရောဂါကြောင့် ရင်ပူခြင်းနှင့် ဆင်တူနိုင်သည်။[2]အခြားရောဂါပြလက္ခဏာများမှာ အသက်ရှူကြပ်ခြင်း၊ပျို့ခြင်း၊သတိလစ်မလို ခံစားရခြင်း၊ချွေးစေးချွေးပေါက်များထွက်ခြင်း နှင့် ပင်ပန်းနွမ်းနယ်ခြင်းတို့ဖြစ်ကြသည်။လူနာ၃၀ရာခိုင်နှုန်းတွင် တမူထူးခြားသော ရောဂါလက္ခဏာများကိုတွေ့ရသည်။[3]အမျိုးသမီးများတွင် ရင်ဘတ်နာကျင်ခြင်းလက္ခဏာ ပြလေ့မရှိပဲ လည်ပင်းနာခြင်း၊လက်မောင်းနာကျင်ခြင်း နှင့် ပင်ပန်းနွမ်းနယ်ခြင်းလက္ခဏာများသာ ခံစားရလေ့ရှိသည်။[4]၇၅နှစ် နှင့်အထက် လူကြီးများအနက် ငါးရာခိုင်နှုန်းတွင် ရောဂါလက္ခဏာနည်းနည်း သို့မဟုတ် လုံးဝမပြဘဲ နှလုံးရောဂါဖြစ်ပွားနေသည်ကိုတွေ့ရသည်။[5]နှလုံးကြွက်သားတစ်ရှူးသေခြင်းကြောင့် နှလုံးလုပ်အားဆုတ်ယုတ်ခြင်း၊ နှလုံးခုန်မှုပုံစံ ပုံမှန်မဟုတ်ခြင်း၊နှလုံးရပ်သွားခြင်း သို့မဟုတ် နှလုံးရှော့ခ်ရခြင်းကို ဖြစ်စေနိုင်သည်။[6]
နှလုံးကြွက်သားတစ်ရှူးသေခြင်း | |
---|---|
Synonym | နှလုံးရောဂါ |
နှလုံးကြွက်သားတစ်ရှူးသေခြင်းသည် နှလုံးပတ်သွေးကြော၏ အတွင်းနံရံတွင် ကျစ်လျစ်သောအလွှာတစ်ခု နှေးကွေးစွာ ဖြစ်ပေါ်လာပြီး ၎င်းသည်ရုတ်တရက် ကွဲသွားသောအခါ သွေးခဲများဖြစ်ပေါ်စေ၍ သွေးကြောကိုပိတ်ဆို့စေကာ သွေးစီးဆင်းမှုကို ရပ်တန့်စေသောကြောင့်ဖြစ်ပေါ်လာရခြင်းဖြစ်သည်။ | |
Specialty | နှလုံးရောဂါပညာ ၊ အရေးပေါ်ဆေးပညာ |
လက္ခဏာများ | ရင်ဘတ်နာကျင်ခြင်း ၊အသက်ရှူမဝခြင်း ၊ပျို့ခြင်း ၊သတိလစ်မလိုခံစားရခြင်း ၊ချွေးစီးချွေးပေါက်ကျခြင်း ၊ပင်ပန်းနွမ်းနယ်ခြင်း ၊လက်မောင်း၊ပခုံး၊ကျော၊လည်ပင်း သို့မဟုတ် ဗိုက်အောင့်ခြင်း |
ရှုပ်ထွေးမှုများ | နှလုံးလုပ်အားဆုတ်ယုတ်ခြင်း၊ နှလုံးခုန်မှုပုံစံ ပုံမှန်မဟုတ်ခြင်း၊ နှလုံးရပ်သွားခြင်း သို့မဟုတ် နှလုံးရှော့ခ်ရခြင်း |
အန္တရာယ်ညွန်းကိန်း | သွေးတိုးရောဂါ ၊ဆေးလိပ်သောက်ခြင်း ၊ဆီးချိုရောဂါ ၊ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်း ၊အဝလွန်ခြင်း ၊သွေးတွင်းအဆီဓာတ်မြင့်မားခြင်း |
ရောဂါလက္ခဏာများ
ရင်ဘတ်နာကျင်ခြင်းသည် အခြားခန္ဓာကိုယ်အစိတ်အပိုင်းများသို့ ပျံ့နှံ့သည်ဖြစ်စေ၊ မပျံ့နှံ့သည်ဖြစ်စေ၊ ၎င်းသည် နှလုံးကြွက်သားတစ်ရှူးသေခြင်း၏ အထင်ရှားဆုံးသောရောဂါလက္ခဏာဖြစ်သည်။ချွေးစေးချွေးပေါက်ထွက်ခြင်းကဲ့သို့သော အခြားလက္ခဏာများလည်း တွဲဖက်ပေါ်ပေါက်နိုင်သည်။
နာကျင်ခြင်း
ရင်ဘတ်နာကျင်ခြင်းသည် နှလုံးရောဂါတွင် အဖြစ်အများဆုံး ရောဂါလက္ခဏာဖြစ်ပြီး ၎င်းကို တင်းကြပ်သော ၊ ဖိထားခံရသော၊ ညှစ်ခံထားရသော ခံစားချက်မျိုးအဖြစ် ဖော်ပြလေ့ရှိသည်။နာကျင်မှုသည် များသောအားဖြင့် ဘယ်ဘက်လက်မောင်းကို ပျံ့နှံလေ့ရှိပြီး အောက်မေးရိုး၊လည်ပင်း၊ညာလက်မောင်း၊ကျော နှင့် ဝမ်းဗိုက်တို့ကိုလည်းပျံ့နှံ့နိုင်သည်။
ကိုးကား
- "What Are the Signs and Symptoms of Coronary Heart Disease?". www.nhlbi.nih.gov. September 29, 2014. Archived from the original on 24 February 2015. Retrieved 23 February 2015.
- "What Are the Signs and Symptoms of Coronary Heart Disease?". www.nhlbi.nih.gov. September 29, 2014. Archived from the original on 24 February 2015. Retrieved 23 February 2015
- Steg PG, James SK, Atar D, Badano LP, Blömstrom-Lundqvist C, Borger MA, et al. (October 2012). "ESC Guidelines for the management of acute myocardial infarction in patients presenting with ST-segment elevation". European Heart Journal. 33 (20): 2569–619. doi:10.1093/eurheartj/ehs215. PMID 22922416.
- Coventry LL, Finn J, Bremner AP (2011). "Sex differences in symptom presentation in acute myocardial infarction: a systematic review and meta-analysis". Heart & Lung. 40 (6): 477–91. doi:10.1016/j.hrtlng.2011.05.001. PMID 22000678.
- Valensi P, Lorgis L, Cottin Y (March 2011). "Prevalence, incidence, predictive factors and prognosis of silent myocardial infarction: a review of the literature". Archives of Cardiovascular Diseases. 104 (3): 178–88. doi:10.1016/j.acvd.2010.11.013. PMID 21497307.
- "What Is a Heart Attack?". www.nhlbi.nih.gov. December 17, 2013. Archived from the original on 19 February 2015. Retrieved 24 February 2015.