နှာတံရှည်မျောက်

နှာတံရှည်မျောက်သည် သစ်ပင်ပေါ်တွင်ကျက်စားသည့် နီညိုရောင် ကမ္ဘာဟောင်းမျောက် တစ်မျိုး ဖြစ်သည်။ အလွန်ကြီးမားသည့်နှာခေါင်း ရှိသည်။ အရှေ့တောင်အာရှဒေသရှိ ဘော်နီယိုကျွန်းတွင်သာ တွေ့ရသည်။ သိပ္ပံအမည်မှာ နာဆာလစ်လာဗာ တက် ဖြစ်သည်။ [1] နှာတံရှည်မျောက်ကို ဘော်နီယိုကျွန်းတွင်သာ တွေ့ရှိရသည်။ ဘော်နီယိုပေါ်ရှိ နိုင်ငံသုံးခုစလုံး (မလေးရှားအင်ဒိုနီးရှားနှင့် ဘရူနိုင်း) တွင် တွေ့ရှိရသည်။ ကမ်းရိုးတန်းဒေသများနှင့် မြစ်ကမ်းတလျှောက်တွင် တွေ့ရသည်။ ဒီရေလွှမ်းသော မြေနိမ့်ပိုင်းဒေသများတွင်သာ တွေ့ရသည်။[2]

ကိုးကား

  1. Bradon-Jones D., Eudey A. A., Geissmann T., Groves C. P., Melnick D. J., Morales J. C., Shekelle M., Stewart C. B. (2004). "Asian primate classification". International Journal of Primatology. 25: 97–164. doi:10.1023/B:IJOP.0000014647.18720.32.
  2. Brandon-Jones D., Eudey A. A., Geissmann T., Groves C. P., Melnick D. J., Morales J. C., Shekelle M., Stewart C. B. (2004). "Asian primate classification". Int. J. Primatol. 25 (1): 97–164. doi:10.1023/B:IJOP.0000014647.18720.32.
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.