ပင်တာ မွန်ဒရီယွန်

ပင်တာ မွန်ဒရီယွန်
(၁၈၇၂-၁၉၄၄)
မွေးသက္ကရာဇ် ၁၈၇၂-ခု၊ မတ်လ(၇)ရက်
အမည်ရင်း ပင်တာ မွန်ဒရီယွန်
မိဘအမည်
မွေးဖွားရာဒေသ နယ်သာလန်နိုင်ငံ
နိုင်ငံသား
လူမျိုး
ကိုးကွယ်သည့်ဘာသာ
ပညာအရည်အချင်း
အလုပ်အကိုင်
ကြင်ဖော်
သားသမီး
ထင်ပေါ်ကျော်ကြားမှု
ထင်ရှားသည့်လက်ရာများ
ရရှိခဲ့သည့်ဘွဲ့တံဆိပ်များ
ကွယ်လွန်ရက် ၁၉၄၄-ခု၊ ဖေဖေါ်ဝါရီ (၁)ရက်
ကွယ်လွန်ရာဒေသ နယူးယောက်၊ အမေရိကန်နိုင်ငံ
လက်မှတ် [[Image:|100px]]
ကွန်ယက်

မော်ဒန် အာခီတက် စာရင်းဝင် ပန်းချီဆရာ မွန်ဒရီယွန် (၁၈၇၂-၁၉၄၄)

နာမည်အပြည့်အစုံမှာ Pieter Mondrian ဖြစ်ပါသည်။ မွန်ဒရီယွန် သည် တကယ်တော့ပန်းချီဆရာပါ။ Wikipedia ရဲ့ ၂ဝ ရာစု အာခီတက် စာရင်းမှာ Piet Mondrian နှင့် theo Van Doesburg (၁၈၈၃-၁၉၃၁) တို့ ကို ထည့်သွင်းဖော်ပြထားပါသည်။

  • (၁)မော်ဒန်ပန်းချီပန်းပု ဗိသုကာ ပညာရပ်များကို လေ့လာသူများ သိသင့်သိထိုက်သော အနုပညာရှင် ခေါင်းဆောင်တစ်ယောက် ဖြစ်ခဲ့သည်။
  • (၂) De Stijl. မပြောမဖြစ် ပြောရပါမည်။ Mondrian နှင့် Van Doesburg အကြောင်းပြောလျှင် De Stijl အကြောင်း ပါလာရမည်ဖြစ်ပါသည်။ ဒတ်ခ်ျဘာသာစကား အသံထွက်ဖြစ်သည်။ စတိုင်လ် The Style ဟု အဓိပ္ပာယ်ဖွင့်ဆိုပါသည်။ Neoclassicism ဟုလည်း လူသိများပါသည်။ ၁၉၁၇ ခုနှစ်၊ နယ်သာလန် တွင် တည်ထောင်ခဲ့သော ဒတ်ခ်ျ အနုပညာလှုပ်ရှားမှု Dutch Artistic Movement ဖြစ်သည်။ ၁၉၃၁ ခုနှစ် အထိ ခေတ်စားခဲ့ပါသည်။ ပန်းချီ ဆရာ၊ ဒီဇိုင်နာ၊ ဝေဖန်ရေးဆရာ Doesburg ပေးခဲ့သော အမည်နာမ ဖြစ်ပါသည်။
  • (၃) မွန်ဒရီယွန်သည် Amsterdam အကယ်ဒမီ ကျောင်းဆင်းဖြစ်ပါ သည်။ ၁၉ဝ၄ ခုနှစ်တိုင် Naturalistic Painter ဟုခေါ်ဆိုသော သဘာဝကျကျ ပန်းချီကားများကို ရေးဆွဲပျော်မွေ့သူဖြစ်ပါသည်။ ၁၉ဝ၈ ခုနှစ်မှာ Toorop ရဲ့ အငွေ့အသက်များ ရလာပြီး သင်္ကေတဝါဒ Symbolism ကို စတင်လက်ခံကျင့်သုံးစပြု လာပါသည်။ Landscape with Mill. နယူး ယောက်မြို့ရှိ MOMA မော်ဒန် ပန်း ချီပြတိုက်ရှိမွန်ဒရီယွန်ရဲ့ ပန်းချီကား တစ်ကား၏ အမည်ဖြစ်ပါသည်။ ၁၉ဝ၅ ခုနှစ်မတိုင်မီ လက်ရာ ဆီဆေး ကားတစ်ချပ်ဖြစ်ပါသည်။ အပ်စ်ထ ရပ်-Abstract တော့ မဖြစ်သေးပါ။ ရေ၊ တံတား၊ စက်ရုံ၊ သစ်ပင်တို့ကို အထင်းသား မြင်တွေ့နေရပါသေး သည်။ အလျားလိုက်သဘော Linear Structure. ဒေါင်လိုက် ရေပြင် ညီ အထားအသို-Vertical Horizontal Composition. ရုပ်ပုံကားချပ် ဟင်းလင်းဖွဲ့ပုံ-Picture Space များ ကိုတော့ မြေစမ်းခရမ်းပျိုး စမ်းသပ် ရေးဆွဲနေပြီဖြစ်ပါသည်။ မော်ဒန်ပန်းချီသဘောကို ၁၉ဝ၈ ခုနှစ်လောက်မှ မွန်ဒရီယန် သိလာရ လေသည်။ သူ့ရဲ့ အရောင်သုံးစွဲမှုမှာ ဝါ၊ နီ၊ ပြာ၊ စိမ်း။ နောက်ပိုင်းနှစ် များမှာ ရေးဆွဲသော ပန်းချီကားများ ၌ အက်ပ်စထရပ်ပြင်ညီ - Planes of Abstract တွေများလာသည်။ စူးရဲ သော ရေးချက် Brush Strokes တွေ ကတော့ Van Gogh လိုလို ဘာလို လို။ သူ၏ အနုပညာဆင့်ကဲဖြစ်စဉ် Evolution သည် ၁၉၁၁ ခုနှစ်မှသာ ပိုမိုပီပြင်လာသည်။ ဥပမာ- Oriental Mosticism . ပန်းချီဆရာဖြစ်ဖြစ်၊ ပန်းပု ဆရာ ဖြစ်ဖြစ်ပါ။ အနုပညာသမား တစ် ယောက်အဖို့ အတွေ့အကြုံ၊ အချိုး အကွေ့များစွာကို ဖြတ်သန်းလာသော ဆင့်ကဲဖြစ်စဉ်ရှိစမြဲ။ ၁၉၁၁ ခုနှစ်။ မွန်ဒရီယွန်သည် ဟော်လန်ကို စွန့် ခွာပြီး ပါရီကို ချီတက်သည်။ သူတို့ ခေတ်မှာ ပါရီကို ချီတက်မှ ပါရီမှာ ပန်းချီဆွဲဖူးမှ ပန်းချီဆရာဖြစ်တယ်လို့ ယူဆကြတာကိုး။ ကျူဘစ်ဇင် -Cubism နှင့် စတင် ထိတွေ့ခွင့်ရ သည်။ သစ်ပင်၊ သမုဒ္ဒရာ၊ ဘုရား ကျောင်း၊ စက်ရုံ စသဖြင့် ဟော်လန် ဝန်းကျင်ကတည်းက သူ့ရဲ့ စွဲလမ်း မှုတွေ၊ နှစ်သက်မှုတွေ ရှိခဲ့သည်။ ဒါတွေကို သူ ဘယ်လိုဖန်တီးမလဲ။ Naturalism မှသည် Symbolism, Impressionism, Post-impressionism, Fauvism နှင့် Cubism... The RedTree (၁၉ဝ၈) ကိုကြည့်လျှင် Van Gogh ရဲ့ သရုပ် ဖော်ချက် Expression မျိုးဖြစ်သည်။ Van Gogh စုတ်ချက်၊ Van Gogh ရဲ့ ဆန့်ကျင်ဘက် အရောင်သုံးပုံ မျိုးဖြစ်သည်။ Art Nouveau ဟန်ရဲ့ အလျားလိုက် အဆင်အသွေး Linear Pattern သဘောမျိုးလည်း ဖွဲ့ စည်းထားလေသည်။ မွန်ဒရီယွန်သည် သစ်ပင်ဆိုသော Subject ကို အလွန်သဘောကျသဖြင့် နည်းမျိုးစုံဖြင့် ရေးဆွဲလာရာနောက်နှစ် အနည်းငယ်ကြာသောအခါ Linear Abstraciton သဘော ပိုမိုသက်ဝင် လာပါသည်။ ပါရီရောက်သော အစော ပိုင်းနှစ်ကာလများမှာတော့ Picasso နှင့် Brague တို့ရဲ့ ကျူဘစ်ဇင် အငွေ့ အသက်တွေ မကင်းခဲ့ပါ။ မီးခိုး၊ အစိမ်း၊ အဝါရောင်များ လွန်ကဲစွာ ရေးခြယ်တတ်သည်။ သစ်ပင်ဟူသော Subject ပေါ်တွင် မွန်ဒရီယွန်၏ ရူးသွပ်မှုမှာ မခန်းခြောက်နိုင်သေးပေ။ သစ်ပင်ကို နှစ်စဉ်ထပ်မံ၍ ရေးဆွဲပြန်သည်။ ၁၉၁၂ ခုနှစ်။ သို့သော် တင်ပြပုံသည် အရင်သစ်ပင်များ၏ တင်ပြပုံနှင့် တော်တော်လေး ကွာခြားသွားပါ သည်။ ဝင်္ကပါလိုဖြစ်နေပြီး အလျား လိုက်သဘောဆောင်သည်။ ဗဟိုချက် အထားအသို-Centralized Composition ဖြစ်သည်။ သစ်ပင်ပုံသဏ္ဌာန် မှာ သဘောလောက်သာ ဖြစ်တော့ သည်။ ဘဲဥပုံသဏ္ဌာန်တွေဖြင့် ဖွဲ့ စည်းပုံမှာ ကျူဘစ်ဇင် အငွေ့အသက် ပါနေသည်။ Flowering Apple Tree. နောက်ထပ်၍ ဥပမာပေးချင် သော ပန်းချီကားမှာ နယူးယောက် MOMA ပြတိုက်ထဲက Color Square in Oral (၁၉၁၄- ၁၅)ဖြစ်ပါသည်။ အလျားလိုက်ဖွဲ့စည်းမှု Linear Structure မှသည် စတုဂံနှင့်အက်ပ် စထရပ် Rectangular and Abstract ဆီသို့ ကူးပြောင်းလာလေသည်။ တစ်နည်း ဆိုရလျှင် Geometric Abstraction of Vertical and Horizontal ဖြစ် သည်။ ၁၉၁၃ ခုနှစ်ကာလများမှာပဲ ထိုပန်းချီဆရာက အရောင်များ၊ အသွင် သဏ္ဌာန်များကို ဆက်၍စမ်း သပ်နေဆဲဖြစ်သည်။ အလျား သဘောဆန်သော စတုဂံ-Linear Rectangular ဘက်သို့ တိမ်းညွှတ် ပြန်ပါသည်။ ပါရီကိုရောက်စ မွန်ဒရီယွန် ပထမဆုံးရင်ခုန်မိတာ ကျူဘစ်ဇင် ပဲဖြစ်သည်။ သို့သော် ကျူဘစ်ဇင်သည် သူသွားလိုသော ပန်းတိုင်တော့ မဟုတ်။ ဖြတ်သန်းသွားသော မှတ် တိုင်တစ်ခုသာဖြစ်သည်။ သူ တကယ် ဖော်ပြချင်သော ဆန္ဒမှာ Expression of pure reality ဖြစ်သည်။ ဤသို့ ထုတ်ဖော်ပြသရန် Pure Plastics (plasticism) နည်း (အယူအဆ)ဖြင့် သာ ထူထောင်နိုင် သည်ဟုဆိုသည်။ ကာလမှာ ၁၉၄၂ ခုနှစ်ဖြစ်သည်။ လိုရင်းကိုချုပ် လိုက် သော် စာလုံးနှစ်လုံးသာ မွန်ဒရီယွန် အာရုံစိုက်လေသည်။ ယင်းတို့မှာ Plastic နှင့် Reality Plastic Expression ဆိုတာဘာလဲ။ Plastic Expression ဆိုသည်မှာ ရိုးရှင်းသည်။ ထုသွင်နှင့် အရောင်တို့၏ပြုမှု-The action of form and color ဖြစ်သည်။ Reality သို့မဟုတ် New relity ဆို တာကတော့ Reality of Plastic expression သို့မဟုတ် The Reality of forms in the Painting ပန်းချီ ကားပေါ်ရှိ ထုသွင်နှင့် အရောင်တို့၏ ပြုမှုThe Action of form and Color ဖြစ်သည်။ Reality သို့မဟုတ် New Reality ဆိုတာကတော့ Reality of Plastic Experssion သို့မဟုတ် The Reality of form and Colors in the Paintin. ပန်းချီကားပေါ်ရှိ ထု သွင်နှင့် အရောင်တို့၏ အရှိတရား သို့မဟုတ် ရှိသောအရာကို ဆိုလို သည်။ ဆိုလိုသည်မှာ တကယ့်ပြင်ပ က လူ၊ပုဂ္ဂိုလ်၊ သတ္တဝါ၊ ရေ၊ မြေ၊ တောတောင်ကို တုပခြင်းမဟုတ်။ ယခင်က ပန်းချီသမားများ လက်ခံ ထားသော သဘာဝကို အခြေခံတုပ ၍ သရုပ်ဖော်ခြင်းကို ဆန့်ကျင်သည်။ Opposed to illusionistic Reality Based on Imitation of Nature. တိုက်ဆိုင်၍ဖြစ်ပါသည်။ မွန်ဒ ရီယွန်၏ ပန်းချီအတွေးအခေါ် အယူအဆကို မြတ်စွာဘုရား၏ အခြေခံ အဘိဓမ္မာ ဒေသနာနှင့် နှိုင်း ယှဉ်ပြောရလျှင် ပို၍မြင်သာ ထင်သာ ရှိမည်ဟု ထင်ပါသည်။ အဘိဓမ္မာ ကျမ်းမှာ အဓိက တရား နှစ်မျိုးရှိပါ သည်။ ပညတ်နှင့် ပရမတ်ပါ။ ပညတ်ကို သမုတိသစ္စာဟုလည်းဆို သည်။ အမည်နာမ၊ ဒြပ်ဝတ္ထု၊ ကိုယ်၊ ရှိသည့်အရာများကို ပညတ်ဟု ပြော သည်။ ပညတ် နှစ်မျိုးရှိသည်။ လူတွေ ပြောသည့် အသံများကို စာလုံး များဖြင့်မှတ်တမ်းတင်တာကို သဒ္ဒ ပညတ်ဟုခေါ်ပြီး ဒြပ်၊ ကိုယ်ရှိသည့် အရာတွေကို အတ္တပညတ်ဟု ခေါ် သည်။ ပရမတ်ကို သစ္စာနှင့်ပြောလျှင် ပရမတ္ထသစ္စာ။ သမုတိသစ္စာနှင့်မတူ။ သမုတိသစ္စာက သဏ္ဌာန်ပြောင်းလျှင် အမည်ပြောင်းသွားသည်။ ပရမတ္ထက ပုံသဏ္ဌာန် ဘယ်လိုပြောင်းပြောင်း လိုက်မပြောင်း။ ဝါဂွမ်းသည် ချည် ဖြစ်သွားသည်။ ပြီးမှ အထည်ဖြစ်ရ သည်။ အနှစ်သာရကတော့ ဝါဂွမ်းမှ အထည်သည် မပြောင်း။ ဒါသည် ပရမတ္ထပဲဖြစ်သည်။ ပညတ်သည် အပေါ်ယံအခွံ အအုပ်။ ပရမတ်သည် အတွင်းအနှစ်သာရပိုင်းဟု ပြော၍ လည်းရမည်ထင်ပါသည်။ ပန်းချီအယူအဆများကို ပြန် သွားပါမည်။ Reality Based on Imitation of Nature ဟုဆိုသော Reality သည် အပေါ်ယံ ပညတ် Reality ဖြစ်သည်ဟု New Reality ဟုခေါ်ဆိုသော Reality of Plastic Expression သည်သာ ပရမတ္ထသဘော၊ အနှစ်သာရသဘော ဆောင်သည်ဟု ယူဆပါသည်။ အနုပညာတစ်ရပ် ဖွံ့ဖြိုးမှုသည် သစ်ပင်စိုက်ပျိုးသကဲ့သို့ပင် တစ်နေ့ တစ်နေ့ တရွေ့ရွေ့ပါပဲ။ တွေးတော ကြံဆရင်း၊ စိတ်ကူးရင်း၊ ဖန်တီး ရင်းမှ အသိပညာ နက်ရှိုင်းလာသည့် သဘောရှိပါသည်။ Plastic Art Reality ဖြစ်ဖို့ ဘယ်လိုတင်ပြမလဲဆို သောသဘောပါ။ ထုသွင်နှင့် အရောင် အထားအသိုမှာ အင်အားပါသော၊ ဆွဲဆောင်နိုင်သော လှုပ်ရှားမှုသဘော ရှိရပါမည်။ သည်လှုပ်ရှားမှုများသည် လည်း ညီညီညွတ်ညွတ် မျှမျှတတ ဖြစ်ရမည့်သဘော ပါဝင်ပါသည်။ The Equilibrium of Dynamic Movements of Form and Color. သွားရမည့် နည်းလမ်းကတော့ Pure ဖြစ်ဖို့လိုသည်။ ထောင့်မှန် Right Angle, အခြေခံအရောင် -Primary Color, အဖြူနှင့် အမည်း။ ၁၉၁၄ ခုနှစ်ကာလများမှ စတင် သည်ဟု ဆိုနိုင်သည်။ မျဉ်းကွေး၊ မျဉ်းကောက် -Curve Lines များကို ဖယ်ရှားပြီး မျဉ်းဖြောင့် -Straight Lines များဖြင့်ရေးဆွဲတော့သည်။ ဒေါင်လိုက်နှင့် အလျားလိုက် -Vertical &Horizontal. ၁၉၁၇ ခုနှစ် ကာလများမှာတေ့ စတုဂံရောင်ပြင်များ - Rectangles of Flat Color ပေါင်းဖွဲ လာပြန်သည်။ အနားစွန်းတွေမှာ အတိအကျ ဖြစ်သည်။ ထိုမှ Rectangular Arrangement မျိုးဖြစ်လာ သည်။ စတုဂံလေးတွေက အချို့ အရောင်တူပြီး အချို့ အရောင် မတူ။ အချို့သီးသန့်၊ အချို့ တစ်ခုနှင့် တစ် ခု ထပ်လျက်။ Overlap နောက်ခံ ကားချပ်ကတော့ အရောင်နုနုကလေး တွေချည်းဖြစ်သည်။ စတုဂံ၊ စတုရန်း အရောင်ပြင် ငယ်များကို ဖန်တီးရင်း၊ ဖန်တီး ရင်းမှ အရောင်ပြင်များ၏ အနီး၊ အဝေး၊ အတိမ်၊ အနက်များကို ပိုမိုသဘော ပေါက်လာဟန်ရှိပါသည်။ ဤသို့ပင် ရှာဖွေစူးစမ်းရင်း၊ ဖန်တီးရေးဆွဲရင်း မှ ၁၉၁၈ ခုနှစ်မှ ၁၉၁၉ ခုနှစ် စတု ဂံကွက်-Rectangular Grid စီးရီး ရေးဆွဲဖို့ စိတ်ကူးရလာဟန်ရှိပါသည်။ ထိုကာလများမှာပဲ အရောင်အထား အသို၊ ဂျီဩမေတြီ အထားအသို၊ Composition များ စီးရီးလိုက် ရေးဆွဲ ဖြစ်လာပါသည်။ (၄) မွန်ဒရီယွန်အကြောင်းကို ပြော လျှင်ချန်ထား၍မရနိုင်သော အကြောင်း တစ်ခုမှာ Neoplasticism ပဲဖြစ်ပါ သည်။ ၁၉၁၄ ခုနှစ် နောက်ပိုင်း နှစ်ကာလများမှာ မွန်ဒရီယွန်တို့အုပ် စုလှုပ်ရှားခဲ့သော၊ စည်းကမ်းတင်း ကျပ်သော အက်ပ်စထရပ်ရှင်း Austere Abstraction မျိုးဖြစ်ပါသည်။ယင်း အက်ပ်စထရပ်ရှင်းသည် သဘာဝတရားဘက်သို့ တိမ်းညွှတ်မှု များမှလွတ်မြောက်အောင် ဆောင် ရွက်ခြင်းဖြစ်သည်။ Freed from any Naturalistic Tendercies ဖြစ်သည်။ တစ်နည်းဆိုရသော် သဘာဝကျစရာ မလို။ သဘာဝကို တုပရန်မဟုတ်။ သူတို့ရဲ့ ဒီဇိုင်းတွေမှာ ရိုးရှင်းသည်။ ဒေါင်လိုက်နှင့် ရေပြင်ညီမျဉ်းဖြောင့် များ၊ ထောင့်မှန်များပဲဖြစ်သည်။ အရောင်ကိုလည်း ထွေထွေထူးထူး ရောစပ်စရာမလို။ အခြေခံအရောင် များနှင့် အဖြူ၊ အနက်၊ မီးခိုးရောင်၊ သုံးဘက်မြင် ထုထည် Three Dimensional Form တွေကိုလည်း ရိုး အောင်၊ ရှင်းအောင်လုပ်ဖို့ Simplified ကြိုးစားသည်။ အခြေခံကျကျ ပန္နက်ပုံ Elemental Plan ဖွဲ့စည်းဖို့ စိတ်ကူးသည်။ တကယ်တော့ Neo -plasticism သည် De Stijl ၏ အလှဗေဒ Aesthetic ပင်ဖြစ်သည်။ ၁၉၂ဝ ခုနှစ် ကာလများ၏ ဗိသုကာ ပန္နက်ဖွဲ့စည်းပုံ Architectural Plans စဉ်းစားရာမှာ နက်နက်ရှိုင်းရှိုင်း အကျိုးသက်ရောက်မှု ရှိသည်ဟု ဆိုသည်။ အာခီတက်များ အမြဲတစေ အသုံးပြုနေရသော အခြေခံစကား လုံးတွေရှိပါသည်။ မျဉ်းဖြောင့်တွေ ဖြစ်ပါသည်။ ပြင်ညီတွေဖြစ်ပါသည်။ အရောင်တွေဖြစ်ပါသည်။ ၉ဝ ဒီဂရီ ဖြစ်ပါသည်။ မွန်ဒရီယွန်ကို ဦးခင်မောင်ရင် (ပန်းချီ၊ အာခီတက် ဆရာကြီး) အလွန်ကြိုက်ပါသည်။ ဆရာ ကို တာနှင့် အင်တာဗျူးတစ်ခုတွင် မွန် ဒရီယွန်ဟာ ကျွန်တော့်အသည်း၊ ကျွန်တော့်အချစ်၊ ကျွန်တော်ဗိသုကာ ပညာကို လေ့လာရင်းနဲ့ ပန်းချီပုံများ ကိုလဲလေ့လာခဲ့ပါတယ်။ အဲဒီထဲက အကြိုက်ဆုံးပုံဟာ မွန်ဒရီယွန် ဖြစ် ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မွန်ဒရီယွန်ရဲ့ပုံတွေဟာ ၉ဝ ဒီဂရီ လေးထောင့်နဲ့ နီ၊ ဝါ၊ပြာ အဓိက အရောင်နဲ့ ဖြူ၊ မီးခိုး၊ အနက် စသည်တို့နှင့်သာလျှင် ဆွဲထားပြီး ဗိသု ကာပညာကို အလွန်အထောက်အကူ ပြုခဲ့တဲ့ ပုံစံများဖြစ်ပါတယ် ဆရာကြီးခင်မောင်ရင်က အာခီ တက်များနှင့် ဆိုင်သော စကားတချို့ ကို ရဲရဲဝံ့ဝံ့ ပြောဆိုခဲ့ပါသေးသည်။ မြန်မာပြည်ရှိ ဗိသုကာများ တွင်သာမက ကမ္ဘာရှိဗိသုကာများပင် လျှင် မွန်ဒရီယွန်ရဲ့လွှမ်းမိုးမှုကို မခံရ သူဟူ၍မရှိ။ ဒါကို ရဲရဲကြီးပြောချင် တယ် [1]

ကိုးကား

  1. (ညွန့်ဝင်းလေး)ဈေးကွက်ဂျာနယ်
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.