ပစိဖိတ် သမုဒ္ဒရာ

ပစိဖိတ်သမုဒ္ဒရာသည် ကမ္ဘာပေါ်တွင် အကြီးမားဆုံး သမုဒ္ဒရာဖြစ်သည်။ ၎င်း၏အမည်မှာ လက်တင်ဘာသာ Mare Pacificum မှဆင်းသက်လာပြီး "ဆိတ်ငြိမ်သောပင်လယ်"ဟု အဓိပ္ပာယ်ရသည်။ ပစိဖိတ်သမုဒ္ဒရာသည် မြောက်ဖက် အာတိတ်စက်ဝိုင်းမှ တောင်ဖက် အန္တာတိကတိုက်အထိ ကျယ်ဝန်းသည်။ အနောက်ဖက်တွင် အာရှတိုက်နှင့် ဩစတြေးလျတိုက်၊ အရှေ့ဖက်တွင် အမေရိကတိုက်တို့ တည်ရှိသည်။

ပစိဖိတ်သမုဒ္ဒရာ

ပစိဖိတ်သမုဒ္ဒရာသည် စတုရန်း ကီလိုမီတာ ၁၆၉.၂ သန်း (စတုရန်းမိုင် ၆၅.၃ သန်း) ကျယ်ဝန်းပြီး ကမ္ဘာ့သမုဒ္ဒရာကြီးများအနက် အကြီးမားဆုံး ဖြစ်သည်။ ကမ္ဘာ့ရေမျက်နှာပြင်၏ ၄၆ % ရှိကာ ကမ္ဘာ့မျက်နှာပြင် တခုလုံး၏ ၃၂ % ရှိသည်။ ကမ္ဘာပေါ်ရှိ ကုန်းမြေအားလုံး စုစုပေါင်းထက် ပိုမိုကျယ်ဝန်းသည်။ [1]

အီကွေတာသည် ၎င်းအား မြောက်ပစိဖိတ်သမုဒ္ဒရာ နှင့် တောင်ပစိဖိတ်သမုဒ္ဒရာ အဖြစ် နှစ်ပိုင်းခွဲထားသည်။ [2] မြောက်ပစိဖိတ်သမုဒ္ဒရာ၏ အနောက်ပိုင်းတွင် တည်ရှိသည့် မာရီယာနာချောက် (Mariana Trench) သည် ၁၀၉၁၁ မီတာ (၃၅၇၉၈ ပေ) နက်ရှိုင်းပြီး ပစိဖိတ်သမုဒ္ဒရာတွင် လည်းကောင်း ကမ္ဘာပေါ်တွင် လည်းကောင်း အနက်ရှိုင်းဆုံး ချောက်တခုဖြစ်သည်။ [3]

ပစိဖိတ်သမုဒ္ဒရာ ပတ်လည်ရှိ နိုင်ငံနှင့် ဒေသများ

ကျမ်းကိုး

  1. "Pacific Ocean". Encyclopædia Britannica 2006. Chicago: Encyclopædia Britannica, Inc.
  2. International Hydrographic Organization (IHO) Special Publication 23, Limits of Oceans and Seas Archived 7 October 2009 at the Wayback Machine., 3rd edition (1953)
  3. Japan Atlas: Japan Marine Science and Technology Center 2007-07-04 တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.