ပစ္စတို

ပစ္စတို သည် လက်ဖြင့်ထိန်း၍ ပစ်ခတ်နိုင်သည့် ပြောင်းတိုသေနတ်တစ်မျိုး ဖြစ်သည်။ ကိုယ်ထည်နှင့် ပြောင်းကို ပေါင်းစည်းထားပြီး အခြားပြောင်းတိုသေနတ်တစ်မျိုးဖြစ်သည့် ခြောက်လုံးပြူးမှာမူ ကိုယ်ထည်နှင့် ပြောင်းအကြားတွင် ကျည်ဆလင်ဒါဖြင့် ခြားထားသည်။

M1911A1 ပစ္စတို

နောက်ခံသမိုင်း

ပစ္စတိုများကို (၁၆) ရာစုတွင် ဥရောပ၌ စတင်ထုတ်လုပ်သည်။ ပစ္စတိုဟူသည့် အင်္ဂလိပ်စကားလုံးကို (၁၅၇၀) ဝန်းကျင်၌ ပြင်သစ်စကား ပစ္စတိုလက် မှ မွေးစားယူသည်။

အမျိုးအစားများ

ပစ္စတိုအား တစ်တောင့်ချင်း ပစ်ခတ်နိုင်သည့် ပစ္စတိုနှင့် အတွဲလိုက်ပစ်ခတ်နိုင်သည့် ပစ္စတိုဟူ၍ နှစ်မျိုး ခွဲခြားနိုင်သည်။

တစ်တောင့်ချင်း ပစ်ခတ်နိုင်သည့် ပစ္စတို

ဤသို့ပစ်ခတ်နိုင်သည့် သေနတ်မျိုးကို ပြောင်းချိုးသေနတ်နှင့် ပြောင်းချောသေနတ်များ အသုံးများသည့် ကာလတို့တွင် တွေ့ရသည်။ ပြောင်းအတွင်းသို့ ခဲသီးထည့်ကာ မီးခွက်ကိုရိုက်ပြီး ပစ်ခတ်ရခြင်း ဖြစ်သည်။ အမဲလိုက်တမ်း ကစားရာ၌ ဤသေနတ်မျိုးကို ယနေ့တိုင် အသုံးပြုနေသေးသည်။

ဆီမီးအော်တို ပစ်ခတ်နိုင်သည့် ပစ္စတို

ဤသေနတ်မျိုးတွင် ပြောင်းဝသို့ မောင်းရိုက်ချိန်၌ မောင်းပြန်စပရင် ခံထားကာ စပရင်၏နောက်ကန်အားဖြင့် မောင်းပြန်တင်စေသည်။ ထို့ကြောင့် ကျည်ကတ်မှ တက်လာသောကျည်ဆံကို နောက်တကြိမ် မောင်းတင်ရန်မလိုဘဲ မောင်းခလုတ်ဆွဲ၍ ပစ်ခတ်ရန်သာ လိုတော့သည်။

အော်တို ပစ်ခတ်နိုင်သည့် ပစ္စတို

လုပ်ဆောင်ပုံမှာ ဆီမီးအော်တိုပစ်ခတ်နိုင်သည့် ပစ္စတိုနှင့် ပုံစံတူပင် ဖြစ်သည်။ ကွဲပြားချက်မှာ မောင်းတင်သည့်မက္ကနစ်ဇင် ဖြစ်ပြီး မောင်းခလုတ်အား လက်လွှတ်မချင်း ပစ်ခတ်နိုင်ရန် စီမံထားသည်။ ကျည်ကုန်မြန်သည့်အတွက် အတောင့်ရေ အများအပြားဆန့်သည့် ကျည်ကတ်များ၊ ကျည်ဒရမ်များဖြင့် တွဲဖက်အသုံးပြုရသည်။

မှီငြမ်း

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.