ပထမ မောင်းထောင်ဆရာတော်
ပထမ မောင်းထောင်းဆရာတော် (မြန်မာ ၁၁၁၅-၁၁၉၄) သည် အလုံမြို့ကျေး၊ မောင်းထောင်ရွာ၌ အဖ နတ်ရှင်ရိက္ခာ ဘွဲ့ခံ ဦးစံအူး၊ အမိ ရှင်ခွေးတို့မှ သက္ကရာဇ် ၁၁၁၅ ခုနှစ်တွင် ဖွားမြင်သည်။ နံအင်္ဂါသား၊ ငယ်မည် ဦးမြတ်နေ ဖြစ်သည်။ ၁ဝ နှစ်သားအရွယ် ကျောင်းနေ၍ ၁၃ နှစ်သားအရွယ်တွင် သာမဏေ ပြုသည်။ သာမဏေဘွဲ့ ရှင်ဉာဏ ဖြစ်သည်။ သာမဏေ ၇ ဝါရ၊ သက် တော်ပြည့်တွင် ရဟန်းပြုသည်။ ရဟန်းဘွဲ့ ရှင်ဉာဏဘိဝံသ ဖြစ်သည်။ ရဟန်းဝါ ၆ ဝါအလွန် ၇ ဝါအဝင် သက္ကရာဇ် ၁၁၄၃ ခုနှစ် တန်ခူးလပြည့်ကျော် ၈ ရက်နေ့တွင် ဘိုးတော် မင်းတရားကြီး ပင့်ချက်အရ နောက်ပါစာသင်ရဟန်း ရှစ်ဆယ့်ငါးပါးနှင့်တကွ မောင်းထောင်ရွာမှ ရတနာပူရအင်းဝမြို့သို့ ကြွရောက်တော်မူသည်။ ဉာဏာဘိဝံသ သာသနဓဇ မဟာဓမ္မ ရာဇာဂုရုဟူသောတံဆိပ်တော်ကိုလည်း အလှူခံရသည်။ သက္ကရာဇ် ၁၁၄၈ ခုနှစ်တွင် ဘိုးတော်မင်းတရားကြီးက သာသနာပြု ဆရာတော်ကြီး လေးပါးအပြင် သာသနာပြု ဆရာတော်ငယ် ရှစ်ပါး ထပ်မံခန့်ထားတော်မူရာတွင် တစ်ပါးအပါအဝင်ဖြစ်၍ သာသနာတော်ကို သုတ်သင် ပြုစုတော်မူရသည်။
သက်တော် ၃၅၊ ဝါတော် ၁၅ ဝါ အရ သက္ကရာဇ် ၁၁၅ဝ ပြည့်နှစ်တွင် သာသနာပိုင်ဖြစ်တော်မူသည်။ ဉာဏာ ဘိဝံသဓမ္မသေနာပတိ မဟာဓမ္မ ရာဇာဓိရာဇဂုရု ဟူသော တံဆိပ်တော်ကို အလှူခံတော်မူရသည်။ မောင်းထောင်ဆရာတော်ဘုရားသည် သာသနာပိုင်ဖြစ်သောနေ့၌ပင် သံဃာတော်များ အလယ်တွင် ကျောင်းဦးဘုရားရှေ့၌ အောက်ပါအတိုင်း အဓိဋ္ဌာန် ပြုတော်မူသည်။
သာသနာရေး၊ သာသနာမှုနှင့် စပ်သမျှကို ဆန္ဒာ ဒေါသာ ဘယာမောဟာ အဂတိလေးပါးမလားဘဲ တရားရှိရာ ရွက်ဆောင်မည်။ အသက်ကိုသော်လည်း စွန့်မည်။ တရားကို မစွန့်ပြီ။ သာသနာ့ဒါယကာ တရားမင်းမြတ်က အမိန့်တော် အထူးပြန်သော်လည်း မှန်ရာကိုသာ လိုက်မည်။ တရားကိုစွန့်၍ မလိုက်ပြီ။ မနာခံသော် ခပ်မဆိတ်သာ နေမည်။
သာသနာပိုင် ဖြစ်ပြီးနောက် မဟာမုနိ ဘုရားကြီး၏ တောင်ဘက်ရှိ အသောကာရာမတိုက် ရတနာဘုံကျော် ကျောင်းတော်ကို ဘိုးတော်မင်းတရားကြီးကိုယ်တိုင် ရေစက်သွန်းချ၍ မောင်းထောင်ဆရာတော်အား တင်လှူတော်မူသည်။ သာသနာပိုင် မောင်းထောင်ဆရာတော်သည် သက်တော် ၅၉ နှစ်အရွယ် သက္ကရာဇ် ၁၁၇၄ ခုနှစ်တွင် လူထွက်သည်။ လူဖြစ်သောအခါ မဟာဓမ္မသင်္ကြံ ဟူသောဘွဲ့ဖြင့် မင်းတိုင်ပင်အမတ်ကြီး ခန့်ခြင်းကို ခံရသည်။ ချည်ပါ တောင်ရွာ၊ မြောက်ရွာကိုလည်း စားရသည်။ ဘကြီးတော်မင်းတရားကြီးလက်ထက် သက္ကရာဇ် ၁၁၉၄ ခုနှစ် ပြာသိုလပြည့်ကျော် ၄ ရက်နေ့ အသက် ၇၉ နှစ် အရွယ်တွင် အနိစ္စရောက်သည်။
မောင်းထောင်သာသနာပိုင်ဆရာတော်ကား ပဉ္စင်းငယ် အရွယ်ကပင် စာပေကျမ်းဂန်တတ်ကျွမ်းတော်မူသည်။ ဂန္ထန္တရနှံ့ စပ်လှသည်။ သက္ကတဘာသာလည်း တတ်ကျွမ်းတော်မူသည်။
ပြုစုတော်မူခဲ့သော ကျမ်းများ
- ကာမရတနဆေးကျမ်း၊
- ဆဒ္ဒန်ဆင်မင်းဝတ္ထု၊
- ဇောတိသုဇာတကနိသျ၊
- တိဂုမ္ဘထောမနာ၊
- တေသကုဏဇာတ်ဝတ္ထု၊
- ဒြဗျဂုဏပြ ကာသဆေးကျမ်း၊
- ဓာတုကထာဂဏ္ဌိ၊
- ဓာတုပြသံသ နိသျ၊
- ဓမ္မောပဒေသဝတ္ထု၊
- နာနတ္ထဓွနီနိသျ၊
- ပကိဏ္ဏကနိပါတ်ဇာတ်အဋ္ဌကထာနိသျ၊
- ပေဋကာလင်္ကာရ မည်သောနေတ္တိမဟာဋီကာ၊
- ဗာလပ္ပဗောဓနနိသျ၊
- ဗြို့ဟဇ်နိသျ၊
- ဘာသုတိကိန်းဆန်၊
- ဘာသုတိ စကားပြေ၊
- ဘာသုတိ ဗေဒင်ကျမ်းနိသျ၊
- မဟာသကျသီဟ သမိုင်းပါဌ်အနက်၊
- မာတိကာ ဂဏ္ဌိ၊
- ရာဇာဘိသေကကျမ်းနိသျ၊
- ရာဇမတ္တဏ် ဗေဒင်ကျမ်း၊
- ရာဇောဝါဒဝဏ္ဏနာ၊
- ရာဇိန္ဒရာဇ သုဓမ္မစာရဒီပနိ၊
- လဃုသံဂြဟနိသျ၊
- လက္ခဏာကျမ်းနိသျ၊
- ဝုတ္တောဒယစာကိုယ်နိသျ၊
- သရဒွေဗေဒင်ကျမ်း၊
- သရ ရတုကထနနိသျ၊
- သရသွတိဗျာကရုဏ်းနိသျ၊
- သာမဏေကျော် လေးပါးဝတ္ထု၊
- သာသနဝံသစာတမ်း၊
- သာသနာလင်္ကာရစာတမ်း၊
- သာရကောမုဒိဆေး ကျမ်းနိသျ၊
- သာရကောမုဒိ ဆေးကျမ်းအဖွင့်ဋီကာ၊
- သီလက္ခန်ဋီကာသစ်၊
- သုပိနာဓျာယ ဗေဒင်ကျမ်းနိသျ၊
- သူရိယသိဒ္ဓန္တစာကိုယ်ဗေဒင်၊
- အမရကောသအဘိဓာန် စာကိုယ်နိသျ၊
- အမေးတော်အဖြေ၊
- အရိယဝံသာ လင်္ကာရကျမ်း၊
- ဧကက္ခရကောသစာကိုယ်နိသျ
- ဩသဓရတနာကရဆေးကျမ်း[1]
- ပုစ္ဆာဝိသဇ္ဇနာကျမ်း၊
- ပဉှက္ကမဒီပနီကျမ်း၊
- မင်္ဂလာလူးတား[2]တို့ဖြစ်သည်။
ဘင်္ဂလီနာဂရီဘာသာမှ ဓဂဓဘာသာပြန်ကျမ်းများ
၁ − ၁၉။ ကလာပ်သန္ဓိမူလ၊ ကလာပ်နာမ်မူလ၊ ကလာပ်ကာရကမူလ၊ ကလာပ်သမာသ်မူလ၊ ကလာပ်တဒ္ဓိမူလ၊ ကလာပ်အာချာတ်မူလ၊ ကလာပ်ကိတ်မူလ၊ ကလာပ်ဥဏာဒ်မူလ၊ ကလာပ်အာချာတ်မူလ (မူကွဲ)၊ ကလာပ်ကိတ်မူလ (မူကွဲ)၊ ကလာပ်သန္ဓိပဉ္စိကာ၊ ကလာပ်ကိတ်ပဉ္စိကာ၊ ကလာပ်ဂေါပိနာတ်သန္ဓိ၊ ကလာပ်တ်ဂေါပိနာတ်နာမ်၊ ကလာပ်ဂေါပိနာတ်ကာရက၊ ကလပ်ဂေါပိနာတ်ကာရက (မူကွဲ)၊ ကလာပ်ဂေါပိနာတ်သမာသ် (မူကွဲ)၊ ကလာပ် ပရေကေဋ်နာမ်။
၂၀ − ၃၉။ ကလာပ်ပရေကေဋ်သမာသ်၊ ကလာပ်ပရေကေဋ်သန္ဓိ (မူကွဲ)၊ ကလပ်ပရေကေဋ်နာမ် (မူကွဲ)၊ ကလာပ်ပရေကေဋ်ကာရက (မူကွဲ)၊ ကလာပ်ပရေကေဋ်ကာရက၊ ကလာပ်ပရေကေဋ်သမာသ် (မူကွဲ)၊ ကလာပ်ဒီပနီသန္ဓိ၊ ကလာပ်ဒီပနီနာမ်၊ ကလာပ်ဒီပနီကာရက၊ ကလာပ်ဒီပနီသမာသ်၊ ကလာပ်ဒီပနီတဒ္ဓိတ်၊ သွရသတိဗျာကရိုဏ်းသန္ဓိ၊ သွရသတိဗျာကရိုဏ်းနာမ်၊ သွရသတိဗျာကရိုဏ်းကာရက၊ သွရသတိဗျာကရိုဏ်းသမာသ်၊ သွရသတိကဗျာရိုဏ်းတဒ္ဓိတ်၊ သွရသတိဗျာကရိုဏ်းဥဏာဒ်၊ သွရသတိ ဒီပနီသမာသ်။
၄၀ − ၅၉။ စန်းသန္ဓိ၊ စန်းနာမ်၊ စန်းကာရက၊ စန်းသမာသ်၊ မုဒ္ဓဗောဓမူလ၊ မုဒ္ဓဗောဓမူလ (မူကွဲ)၊ မုဒ္ဓဗောဓဒီပနီ၊ ဓာတုမာလာ၊ ဓာတုမာလာတမူ၊ သုတ္တမာလာ၊ ဗာလဗုဒ္ဓိ၊ အက္ခရဗေဒ၊ ဓာတုလက္ခဏ၊ နညမသာသ်၊ ပါဏိန်ဗျာကရုဏ်းအချာတ်၊ ဒသဓါတု၊ မုဒ္ဓါမိကာရ၊ နညသမာသ်၊ ပါဏိန်ဗျာကရုဏ်းအချာတ်၊ ဒသဓါတု၊ မုဒ္ဓါဓိကာရ၊ ပေါဒါန္တပရိဘာသာ၊ ဒဗျာဘာသာ၊ ဂုဏာသိရောမဏိ။
၆၀ − ၇၉။ ဂဋဟတ္ထ၊ စူဠာမဏိ၊ သင်္ကရမိဿ၊ သူရိယသိဒ္ဓန္တငယ်၊ သူရိယသိဒ္ဓံန္တငယ် (မူကွဲ)၊ တိထိသရူပ၊ တိတိတတ္ထ၊ သင်္ကေတကောမုဒိ၊ အာယုဒါယ၊ အာယုဗေဒ၊ သရဒွေမူလ၊ သရဒွေဋ၊ သရဒွေဋီကာ၊ ဒိဗျစူဠမဏိ၊ ဒိဗျတတ္ထ၊ မလမာသတတ္ထ၊ သမိတိတတ္ထ၊ မလိမ္လုစုတတ္ထ၊သုပိနာဓျာယ၊ ဇောတိကတ္တ၊ ဇောတိကတတ္ထ (မူကွဲ)၊ ဇောတိဒီပိကာ၊ ဇောတိသာရသံဂြဟ၊ ဇောတိနိဏ္ဏယ၊ ဇောတိရတနာ၊ ဇောတကစန္ဒြိမာ၊ ဇာတကစန္ဒြိကာ၊ ဇာတကဏ္ဏဝ၊ ဇာတကယမတိ၊ ဒိနသံဂြဟ။
၈၀ − ၉၉။ ပြတျန္တရဒသပုံ၊ အန္တရဒသာဗလ၊ အန္တရယောဂ၊ သူရိယသိဒ္ဓိန္တကြီး၊ ဓဒျပုဇာ၊ ဆဋ္ဌပဉ္စာသိက၊ ဘာသုတိ၊ ဗြိသ္တိနိရူပ၊ ဒီပကဓင်္ဂြာ၊ သမယပြဒီပ၊ သိပါဇူ၊ ဂြဟ်သန္ဓိ၊ တန္တရသာရ၊ တန္တရသာရပုံ၊ ကေသယသဂ္ဂ၊ ဘာပြကရဏ၊ ပဉ္စပက္ခိ၊ တက္ကိကသိရောမဏိ၊ တတ္တစိန္တာမဏိ၊ ဇာကဒိသီရိတတ္ထစိန္တာမဏိ။
၁၀၀ − ၁၁၉။ ဇာဂဒိသိဒီပနီ၊ ဝါဒတဒီပနီ၊ တိထိဒီပနီ၊ ဗျာတိရေကဒီပနီ၊ ကေဝလဇဒီပနီ၊ ပရာမာဒိဒီပနီ၊ တိထိဒီပနီ၊ ဗျာတိရေကဒီပနီ၊ ကေဝလဇဒီပနီ၊ ပရာမာဒိဒီပနီ၊ ပက္ခာဇာတိဒီပနီ၊ ဥပါဒိဝါဒဒီပနီ၊ သာပဒျာဒီပနီ၊ ဗျတ္တိဂြဟောပါယဒီပနီ၊ ဗျတ္တိဒီပနီ၊ သိဒ္ဓန္တရဿ၊ ဇာဒိသဒီပနီ၊ ကပုရမဉ္စရီ၊ အနုမတိ၊ လိလာဝတီ၊ ဒဗျောပါယ၊ ဗျ − ဟရတတ္ထ၊ ဂြဒတတ္ထ၊ ဧကက္ခရကောသ။
၁၂၀ − ၁၃၉။ ရတနကောသ၊ နာနတ္ထမ္ပနီမဉ္စရီ၊ သိဝပုရာဏ်၊ ရာဇသံသဂ္ဂ၊ ဗြိသံသဂ္ဂ၊ ဗြဟ္မဝေဝတ္ထ၊ ပဉ္စကသတောတ္ထရ၊ ကုလဏ္ဏဝ၊ ဝါဒစန္ဒြိကာ၊ ကာလီဒါသမဟာကာဗျမူလ၊ ကာလီဒါသမဟာကဗျာဋီကာ၊ မမဂုယှမူလ၊ အမဂုယှဋီကာ၊ ကာဗျစန္ဒြိကာ၊ ကာဗျာပြဏဂြိကာ၊ ကာဗျာလင်္ကာရ၊ ကာဗျာလင်္ကာရ (မူကွဲ)၊ ဆန္ဒမဉ္စရီ၊ အဘိဓာန်မူလ၊ အဘိဓာန်မူလတမူ၊ အဘိဓာန်ဋီကာ။
၁၄၀ − ၁၅၉။ ရာဇနီတိ၊ ဒါယဘာဂဏ္ဏိယ၊ ဥဒဗာဟတတ္ထမူလ၊ ဥဒဗာဟတ၊ ဒါယတတ္ထ၊ ဒါယတတ္ထဋီကာ၊ ဒါယဘာဂတတ္ထ၊ ဒါယဓိကာရ၊ ဒါယဘာဂသိန္ဓန္တ၊ ဒြဗျဂုဏ်မူလ၊ ဒြဗျဂုဏ်ဒီပနီ၊ နာဂစုပရိစ္ဆေဒ၊ သရိရတုကထန၊ မဓုကောသ၊ အတိသာရ၊ အလင်္ကာဒီပနီ၊ ဆန္ဒာလင်္ကာရ၊ နာဍိပမိုချာ၊ ကုက္ကုစိန္တာမဏိ၊ မဓုကောရှမူလ။ ၁၆၀ − ၁၇၆။ မဓုကောရှဒီပနီ၊ ပဉ္စတတ္ထဒီပနီ၊ ဩသဓရတနာကရမူလ၊ သာရကောမုဒိမူလအကျဉ်း၊ သာရကောမုဒိမူလအကျယ်၊ သာရကောမုဒိဒီပနီအကျဉ်း၊ ဗြို့ဟဇ်မူလ၊ ရာဇမတ္တဏ်မူလ၊ မဉ္စတတ္ထဒီပနီ၊ အဘိဓာန်ဒီပနီ၊ အဘိဓာန်ဒီပနီ (မူကွဲ)၊ အလင်္ကာဒီပနီ၊ အလင်္ကာဒီပနီ (မူကွဲ)၊ ဘာသွတိမူလ၊ ဘာသွတိဒီပနီ ၊ဇောတိဒီပနီ၊ ကလာပ်သဒ္ဓိပြဒီပ။[3]
လူဝတ်လဲပြီးနောက် ရေးသားသည်မျာ
ဆရာတော်သည် လူဝတ်လဲပြီးနောက် “မဟာဓမ္မသင်္ကြန်” ဘွဲ့ဖြင့် ပြုစုရေးသားခဲ့သည့် စာပေများ ရှိ၏။ ယင်းတို့တွင် အောက်ပါတို့ ပါဝင်သည် −
၁။ ရတုများ၊
၂။ မှန်နန်းရာဇဝင်၊
၃။ ဓမ္မောပဒေသဝတ္ထု၊
၄။ ပရမတ္ထရတနာဝဠိ၊
၅။ ပုစ္ဆာဝိသဇ္ဇာနာကျမ်း။[3]
ကိုးကား
- မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)
- မြန်မာစာညွန့်ပေါင်းကျမ်း ဒုတိယတွဲ၊ ၁၉၉၂ ခု၊ နှာ-၄၀၁
- လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၄၄၊ ၄၅၊ ၄၆၊ ၄၇၊ ၄၈။