ပဒုမ္မာကြာ

ပဒုမ္မာကြာပန်းသည် နှစ်ရှည်ပင်မျိုး ဖြစ်သည်။ ပတ်ဝန်းကျင် အခြေအနေကောင်းပါက ၎င်း၏ အစေ့ကို နှစ်ပေါင်းများစွာ တိုင်အောင် သုံးစွဲနိုင်သည်။ နှစ်အကြာဆုံး မှတ်တမ်းအဖြစ် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ခြောက်သွေ့နေသော ကန်မျက်နှာပြင်မှ နှစ်ပေါင်း ၁၃၀၀ သက်တမ်းရှိသော အစေ့များကို တွေ့ခဲ့ရသည်။[1]

ပဒုမ္မာကြာ
မျိုးရိုးခွဲခြားခြင်း
မျိုးစု:
Nelumbo
မျိုးစိတ်:
nucifera
Synonyms
  • Nelumbium speciosum Willd.
  • Nymphaea nelumbo
  • Nymphaea stellata

အာရှ အပူပိုင်းဒေသ၊ ဩစတြေးလျနိုင်ငံ ကွင်းစလန်ပြည်နယ်[2][3]တို့တွင် စတင်ပေါက်ရောက်သည်။ ရေရှိရာ ဥယျာဉ်များတွင် စိုက်ပျိုးလေ့ ရှိသည်။ အိန္ဒိယနိုင်ငံ နှင့် ဗီယက်နမ်နိုင်ငံ တို့၏ နိုင်ငံတော် အထိမ်းအမှတ် ပန်းဖြစ်သည်။

ကိုးကား

  1. "Long-living lotus: Germination and soil -irradiation of centuries-old fruits, and cultivation, growth, and phenotypic abnormalities of offspring" (2002). American Journal of Botany 89 (2): 236–47. doi:10.3732/ajb.89.2.236. PMID 21669732.
  2. Perry, F. (1972) Flowers of the World. Bonanza Books, pp. 192–193. ISBN 060001634X.
  3. Serventy, V; Raymond, R. (1980) Lakes & Rivers of Australia. Summit Books, pp. 102–103
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.