ပဒုမ ပြဇာတ်

ပဒုမ ပြဇာတ် သည် မင်းတုန်းမင်းလက်ထက်၌ ဦးပုည ရေးခဲ့သည့် ပြဇာတ်တစ်ပုဒ် ဖြစ်သည်။

ရေးသားဖြစ်ပုံ

နန်းတွင်းသူ မိဖုရားအချို့ လော်လည်ရာ အိမ်ရှေ့စံ ကနောင်မင်းသားက မင်းတုန်းမင်းအား သတိပေးလို၍ ဦးပုညအား ရေးသားစေခြင်း ဖြစ်သည်။ [1]

ဇာတ်လမ်းအကိုးအဖြစ် ငါးရာ့ငါးဆယ်ဇာတ်တော်လာ ဒုကနိပါတ်၊ ရုဟကဝဂ်ရှိ စူဠပဒုမဇာတ်ကို မှီးသည်။

ဇာတ်လမ်းအကျဉ်း

တစ်ညတာအကိုက်ကနိုင်သည့် ပြဇာတ်ဖြစ်လေရာ အောက်ပါအတိုင်း အခန်းခွဲထားသည် -

  • ညီတော်နောင်တော်ခုနှစ်ပါးကို တိုင်းပြည်က နှင်ခန်း
  • မင်းသားများ မိမိတို့မယားများကို သတ်စားခန်း
  • ပဒုမမင်းသား ထွက်ပြေးခန်း
  • မင်းသမီးက ပေါင်တိုကို ချစ်ကြိုက်ကြောင်း ပြောခန်း
  • ပဒုမမင်းသားကို မင်းသမီးက ဖြားယောင်း၍ တောင်ထိပ်မှ တွန်းချခန်း
  • ပဒုမမင်းသားကို ဗာရာဏသီပြည်သို့ ဖွတ်မင်းက ပြန်ပို့ခန်း
  • တိုင်းပြည်ရှိ မှူးမတ်များနှင့် မင်းသားတွေ့ခန်း
  • ပေါင်တိုလင်မယား လှည့်လည်ခန်း
  • ပဒုမမင်းကြီးနှင့် ပေါင်တိုလင်မယားတို့ တွေ့၍ ဇာတ်ကြောင်းပြန်ခန်း


ကိုးကား

  1. တင်ထွေး။ "ဦးပုည၏ စာပန်းကုံးများ"၊ ပထမတွဲ။ ကြေးမုံသတင်းစာတိုက်၊ ရန်ကုန်။ ၁၉၉၁၊ စက်တင်ဘာ။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.