ပန်းဘဲတန်းမြို့နယ်

ပန်းဘဲတန်းမြို့နယ်သည် ရန်ကုန်မြို့လယ်၏အလယ်ပိုင်းတွင် တည်ရှိသည်။ ရန်ကုန်မြို့၏အကြီးဆုံးဈေးများဖြစ်သောဗိုလ်ချုပ်အောင်ဆန်းဈေးနှင့် သိမ်ကြီးဈေးတို့သည် ပန်းဘဲတန်းမြို့နယ်တွင် တည်ရှိသည်။ ရပ်ကွက်ပေါင်း (၁၁)ခုရှိသည်။ ပန်းဘဲတန်းမြို့နယ်၏အရှေ့ဘက်တွင် ကျောက်တံတားမြို့နယ်၊ တောင်ဘက်တွင် ဆိပ်ကမ်းမြို့နယ်နှင့် ရန်ကုန်မြစ်၊ အနောက်ဘက်တွင် လသာမြို့နယ်နှင့် မြောက်ဘက်တွင် ဒဂုံမြို့နယ်တို့ တည်ရှိသည်။ ပန်းဘဲတန်းမြို့နယ်တွင် မူလတန်းကျောင်း (၃)ကျောင်း၊ အလယ်တန်းကျောင်း (၂)ကျောင်းနှင့် အထက်တန်းကျောင်း (၃)ကျောင်းတို့ တည်ရှိသည်။

ပန်းဘဲတန်းမြို့နယ်
ပန်းဘဲတန်းမြို့နယ်
ပန်းဘဲတန်းမြို့နယ် တည်နေရာ၊ မြန်မာ။
ကိုဩဒိနိတ်: MM 16°46′49″N 96°9′20″E
Country မြန်မာ
တိုင်းရန်ကုန်
မြို့ရန်ကုန်
မြို့နယ်ပန်းဘဲတန်း
စာပို့သင်္ကေတ၁၁၁၄၃

ထင်ရှားသော အဆောက်အဦးများ

ပန်းဘဲတန်းမြို့နယ်သည် ဗြိတိသျှလက်ထက်ထဲက မူလပထမ မြို့စီမံကိန်းတွင် ပါဝင်ခဲ့သောကြောင့် ကိုလိုနီခေတ် အဆောက်အအုံများစွာ တည်ရှိသည်။ အောက်ဖော်ပြပါအဆောက်အဦးများကို ရန်ကုန်မြို့ရှိ ရှေးဟောင်းအမွေအနှစ်အဖြစ် ထိန်းသိမ်းထားသည်။

အမည်အမျိုးအစားလိပ်စာမှတ်ချက်
အ.ထ.က(၂)ပန်းဘဲတန်းကျောင်း၁၂၄-၁၄၂၊ (ရွှေတိဂုံဘုရားလမ်း)
ဗိုလ်ချုပ်အောင်ဆန်းဈေးဈေးဗိုလ်ချုပ်အောင်ဆန်းလမ်း
ဂုလမ်အာလစ် မာစ်ဂျစ်ဝါဖ် ဗလီဗလီ၆၂-၆၄၊ လမ်းမတော်လမ်း
ယခင် အိန္ဒိယအသက်အာမခံလုပ်ငန်း အဆောက်အအုံရုံး၆၅၄၊ ကုန်သည်လမ်းနှင့် ရွှေဘုံသာလမ်းထောင့်
နအူဆာရီပူရီ ဗလီဗလီ၂၈၁၊ ရွှေဘုံသာလမ်း
ဆာတီဆန်နီဂျမာ ဗလီဗလီ၁၄၉၊ ရွှေဘုံသာလမ်း

ကိုးကား

    ပြင်ပလင့်ခ်များ




    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.