ပလ္လင်
မြင့်မြတ်သော အခင်းနေရာ ဖြစ်သည်။ ကျမ်းဂန်များတွင် ပလ္လင် (၆) ပါးရှိကြောင်း ပြဆိုကြသည်။
၎င်းတို့မှာ
- မြတ်စွာဘုရား ပွင့်တော်မူရာ အပရာဇိတ ပလ္လင်
- ဗြဟ္မာမင်းတို့ ထိုင်သော ကမ္မလာသနခေါ် ကြာပလ္လင်
- နတ်မင်းတို့ ထိုင်သော ဒိဗ္ဗာသန ပလ္လင်
- လူမင်းတို့ထိုင်သော ရာဇပလ္လင်
- တရားသူကြီးတို့ ထိုင်သော အင်္တကရန ပလ္လင်
- ဓမ္မကထိကတို့ ထိုင်သော ဓမ္မာသန ပလ္လင် တို့ ဖြစ်ကြသည်။
ဆွမ်းတော်တင်တို့ စွန့်ပစ်ရာ သင်ပုတ်ပလ္လင် ဟုလည်း ရှိသေးသည်။ သင်ပုတ်စင် ဟုလည်း ခေါ်သည်။
ကျမ်းကိုး
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.