ပါထိကသုတ်

ဤသုတ်ကို ဟောပြောရခြင်း အကြောင်းမှာ လိစ္ဆဝီတိုင်းသား သုနက္ခတ္တကြောင့်ဖြစ်သည်။ သုနက္ခတ္တသည် အစဦးက ဘုရားမြတ်စွာ၏ တပည့်ရဟန်း ဖြစ်သည်။ သို့သော် နောက်ပိုင်းတွင် ဘုရားမြတ်စွာ၏ သာသနာဘောင်မှ ထွက်ခွါကာ ဘုရားမြတ်စွာ၏ တရားဒေသနာတော်များကို အလွဲသုံးစားပြုသောကြောင့် ဘုရားမြတ်စွာက သုနက္ခတ္တ၏ စောဒနာတက်ချက်များကို ကိုယ်တော်တိုင် ချေပကာ တရားဒေသနာတော်များကို ကိုယ်တော်တိုင် ရှင်းလင်း ဖော်ပြတော်မူခဲ့ရသည်။[1]

ကိုးကား

  1. ပါဠိစာပေသမိုင်း။ ဒေါ်အုန်း မဟာဝိဇ္ဇာ။ ဒုကြိမ်၊ ဇန်နဝါရီလ ၁၉၈၁။ သာသနာရေးဦးစီးဌာန။ ရန်ကုန်။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.