ပိုက်သာဂိုရ သီအိုရမ်

ပိုက်သာဂိုရ သီအိုရမ် သည် သင်္ချာ ပညာ၏ဘာသာရပ်ခွဲတစ်ခုဖြစ်သော ဂျီဩမေတြီ နည်းဖြင့် ထောင့်မှန်တြိဂံ တစ်ခု၏ အနားများနှင့် သက်ဆိုင်သော မှန်ကန်ချက်ကိုဖေါ်ထုတ်ပြသည့်သီအိုရမ် တစ်ခုဖြစ်သည်။ ထိုသီအိုရမ် ကို ဂရိ သင်္ချာပညာရှင် ပိုက်သာဂိုးရပ်စ် တည်ထောင်သော ဂိုဏ်းသားများက ဖေါ်ထုတ်သက်သေပြခဲ့ခြင်းကြောင့် ပိုက်သာဂိုရအမည်ဖြင့် ကိုယ်စားပြု၍ မှည့်ခေါ်ခဲ့ခြင်းဖြစ်သည်။

ပိုက်သာဂိုရ သီအိုရမ်၊ ဒေါင့်မှန်အနား (c) ၏ ဧရီယာ သည် အခြားအနားနှစ်ခု (a + b) ၏ ဧရီယာ ပေါင်းလပ်နှင့် တူညီသည်။

ထိုသီအိုရမ်မှာ ထောင့်မှန်တြိဂံတစ်ခုတွင် ထောင့်မှန်ခံအနားရှိ စတုရန်းသည် ကျန်အနားနှစ်ခုရှိ စတုရန်းများပေါင်းကိန်းနှင့် တူသည်။ အကယ်၍ သည် ထောင့်မှန်တြိဂံတစ်ခု၏ ထောင့်မှန်ခံအနားဖြစ်ပြီး၊ နှင့် သည် ကျန်အနားများဖြစ်ခဲ့သော် -- ပိုက်သာဂိုးရပ်စ်၏ သီအိုရမ်အရ ဖြစ်သည်။

သက်သေပြခြင်း

ပိုက်သာဂိုးရပ်စ်၏ သီအိုရမ် မှန်ကန်ကြောင်း သက်သေပြရသော်

ထောင့်မှန်တြိဂံ တွင် ထောင့် မှ မျက်နှာချင်းဆိုင်အနားပေါ်သို့ ထောင့်မှန်မျဉ်းကြောင်းကို တည်ဆောက်ရာ အနား ပေါ် အမှတ်တွင် တွေ့ဆုံစေသည်။ ထိုအခါ အသစ်ဖြစ်ပေါ်လာသော ထောင့်မှန်တြိဂံ သည်လည်း မူလထောင့်မှန်တြိဂံ နှင့် ပုံသဏ္ဌာန်တူလေသည်။ အကြောင်းမှာ တြိဂံနှစ်ခုစလုံးတွင် ထောင့်မှန်ထောင့်တစ်ခုစီရှိသည့်အပြင် ဘုံထောင့် ဖြင့် ဖွဲ့ စည်းထားသောကြောင့် ဖြစ်သည်။ ထို့အတူ ထောင့်မှန်တြိဂံ နှင့် တို့ ပုံသဏ္ဌာန်တူလေသည်။ ပုံသဏ္ဌာန်တူသော တြိဂံများ၏ သက်ဆိုင်ရာအနားတို့၏ အချိုးလည်းတူညီကြသည်။ ထိုအခါ ထောင့်မှန်တြိဂံ , နှင့် တို့တွင်

ထို့ကြောင့်

၎င်းကို ဤသို့ ရေးနိုင်သည်

၎င်းနှစ်ခု ပေါင်းလိုက်သော အခါ -

တနည်းအားဖြင့် ပိုက်သာဂိုရ သီအိုရမ်သည် -

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.