ပေါဋ္ဌပါဒသုတ်

ဤသုတ်ကို ဟောပြောရခြင်း ကား ပေါဋ္ဌပါဒအမည်ရှိသော ပရိဗိုဇ်ကို အကြောင်းပြု၍ ဖြစ်သည်။ ဘုရားမြတ်စွာသည် အနာထပိဏ်သူဋ္ဌေး လှူဒါန်းအပ်သော ဇေတဝန် ကျောင်းတိုက်၌ နေတော်မူစဉ် ပေါဋ္ဌပါဒသည် ပရိဗိုဇ်ရဟန်းတို့နှင့် အတူ မလ္လိကာရုံသို့ သွားရောက်၏။ ထိုအခါ ဘုရားမြတ်စွာသည် ပေါဋ္ဌပါဒထံ ကြွလာတော်မူရာ ပေါဋ္ဌပါဒက အရိုအသေပေးသည်။ ဤသုတ်ကား သမာဓိဆောက်တည်ခြင်းနှင့် အတ္တပြဿနာတို့နှင့် ပတ်သက်သောသုတ် ဖြစ်သည်။[1]

အကိုးအကား

  1. ပါဠိစာပေသမိုင်း။ ဒေါ်အုန်း မဟာဝိဇ္ဇာ။ ဒုကြိမ်၊ ဇန်နဝါရီလ ၁၉၈၁။ သာသနာရေးဦးစီးဌာန။ ရန်ကုန်။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.