ပြင်ဦးလွင် ငှက်ဘေးမဲ့တော

ပြင်ဦးလွင် ငှက်ဘေးမဲ့တောသည် မန္တလေးတိုင်းဒေသကြီးပြင်ဦးလွင်မြို့နယ်တွင် တည်ရှိသည်။ ၁၂၇.၂၅ စတုရန်းကီလိုမီတာကျယ်ဝန်းပြီး စတင် တည်ထောင်ခဲ့သည် ခုနှစ်မှာ ၁၉၂၇-ခုနှစ်ဖြစ်သည်။ ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် သုတေသနပညာရေးအတွက် ရည်ရွယ်၍ တည်ထောင်ခဲ့ခြင်းဖြစ်သည်။

တည်နေရာ

မြောက်လတ္တီတွဒ်၂၂°၀၀'၊ အရှေ့လောင်ဂျီတွဒ် ၉၆°၃၀'၊မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်မြို့နယ်တွင်တည်ရှိသည်။

သဘာဝအရင်းအမြစ်များ

သစ်တောအမျိုးအစားမှာ အမြဲစိမ်းတော၊ Hill Forest အမျိုးအစားဖြစ်ပြီး ဒေါင်းချေ(ဂျီ)၊ Burmese peacock-pheasant ဟုလူသိများသော Grey Peacock Pheasant နှင့် အခြားငှက်မျိုးစိတ်များကျတ်စားနေထိုင်ကြသည်။

ကိုးကား

  1. မြန်မာနိုင်ငံရှိ ဇီဝမျိုးစုံမျိုးကွဲများကြွယ်ဝမှု၊ သစ်တောဦးစီးဌာန Archived 23 October 2014 at the Wayback Machine.
  2. Report: Myanmar Protected Area (2011)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.