ပြတင်းပေါက်နား စာဖတ်တဲ့ မိန်းကလေး (ပန်းချီ)

ပြတင်းပေါက်နား စာဖတ်တဲ့ မိန်းကလေး (အင်္ဂလိပ်: Girl Reading a Letter at an Open Window) သည် ဒပ်ချ်လူမျိုး ဂျိုဟန်နက် ဗာမီယာရေးသည့် ဆီဆေးပန်းချီ ဖြစ်သည်။ ၁၆၅၇-၅၉ ဝန်းကျင်တွင် ဆွဲပြီးသည်။ ရမ်းဘရန် (Rembrandt) ဆွဲသည်ထင်ကာ ပိုလန်၏ ဩဂတ်စတပ်(၃) က ဝယ်ယူသွားသည်။ ၁၈၂၆ ရောက်သော် ပဲတာဒီဟု (Peiter de Hooch) ရေးသည် ထင်ကြပြန်သည်။ ၁၈၆၀ ပြည့် ရောက်မှသာ ဗာမီယာရေးကြောင်း ထင်ရှားသိကြသည်။ ဒုတိယကမ္ဘာစစ်တွင် ဆိုဗီယက်တို့က ယူသွားသည်။ စတာလင်သေပြီးနောက် မိတ်ဆွေဖြစ်မှု ခိုင်မာစေရန် ဂျာမနီအား ဆိုဗီယက်တို့က ၁၉၅၅ ခုတွင် ပြန်ပေးသည်။ ဒရက်စဒန် (Dresden) ရှိ ဂမဲဒဂါလာရီ (Gemäldegalerie) တွင် ပြသထားသည်။

ပြတင်းပေါက်နား စာဖတ်တဲ့ မိန်းကလေး
အနုပညာရှင်ဂျိုဟန်နက် ဗာမီယာ
ခုနစ်၁၆၅၇-၅၉
ဒိုင်မင်းရှင်း83 cm × 64.5 cm (၃၃ လက်မ × ၂၅.၄ လက်မ)
တည်နေရာဂမဲဒဂါလာရီ, ဒရက်စဒန်

ကိုးကား

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.