ဖက်ဆစ်ဝါဒ

ဖက်ဆစ်ဝါဒ ဆိုသည်မှာ အရင်းရှင်ကြီးများက ပြည်သူလူထုကို‌ ခြောက်လှန့်၍ အုပ်စိုးသော အာဏာရှင်စနစ်ကို ဆိုလိုသည်။ ၂၀ ရာစုအတွင်း အရင်းရှင်စနစ် ပိုမိုကြီးထွားလာသည်နှင့်အမျှ ကြီးမားသော ပြဿနာများကို ရင်ဆိုင်လာရသည်။ ကုန်ထုတ်လုပ်မှု ပရမ်းပတာဖြစ်သောကြောင့် စီးပွားပျက်ကပ်များ မကြာခဏဖြစ်ပေါ်သည်။ ခေါင်းပုံဖြတ်ခံရသော အလုပ်သမားများသည် နိုင်ငံရေးအသိ တိုးတက်လာသောကြောင့် အရင်းရှင်စနစ်ကို ဆန့်ကျင်တိုက်ခိုက်ကြသည်။ ကြီးမားသော ပြဿနာများကြားတွင် အရင်းရှင်စနစ်ကို ဆက်လက်ထိန်းသိမ်းနိုင်ရန် အရင်းရှင်ကြီးများသည် ဒီမိုကရေစီနည်းလမ်းကို စွန့်ပယ်ပြီး အဓမ္မနည်းလမ်းများကို အသုံးပြုကြသည်။ ပြည်သူလူထုကို အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်သည်။ ဤသို့ဖြင့် ဖက်စစ်စနစ်သည် ခေတ်နောက်ပြန်ဆွဲ၍ ဖောက်ပြန်သောစနစ်ဖြစ်သည်။ ၂၀ရာစု အတွင်း ဖက်ဆစ်ဝါဒသည် အီတလီ၊ဂျာမနီ နှင့်ဂျပန်တို့တွင် ထင်ရှားစွာ ထွန်းကားခဲ့သည်။

ကိုးကား

[1]

  1. အဋ္ဌမတန်း -ကမ္ဘာ့သမိုင်း
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.